ၾကားသိသမွ်

အဖြူရောင် အနုပညာရှင်ဟုဆိုသူ ဒေါ်နွဲ့နွဲ့စန်း၏ ကြော်ငြာရုပ်ပုံ ဖယ်ရှားခံရ

စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီးဌာနက ပြုလုပ်ပေးသည့် မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို တက်ရောက်ခဲ့သည့် သက်ကြီး

သရုပ်ဆောင် ဒေါ်နွဲ့နွဲ့စန်း ပါဝင်ထားသည့် ကြော်ငြာရုပ်ပုံ ဖယ်ရှားခံလိုက်ရကြောင်း သိရသည်။


သရုပ်ဆောင် ဒေါ်နွဲ့နွဲ့စန်း

အဆိုပါ ကြော်ငြာမှာ Strategy First ကျောင်း၏ Waso Learn Mobile Application ကြော်ငြာဖြစ်ပြီး ယမန်နေ့က စစ်ကောင်စီ

လက်အောက်ခံ သတင်းစာတွင် ဖြေကြားထားသည့် ဒေါ်နွဲ့နွဲ့စန်း၏ အင်တာဗျူးအပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့ပြီးနောက် တခြားသော

အနုပညာရှင်များနှင့်အတူ ရိုက်ကူးထားသည့် ဓာတ်ပုံထဲမှ ၎င်း၏ပုံအား ဖယ်ရှားခံလိုက်ရခြင်း ဖြစ်သည်။

Waso Learn Mobile Application ကို ဆက်သွယ်မေးမြန်းခဲ့ရာ “ကျနော်တို့ ပြောခွင့် မရှိပါဘူး။ အသေးစိတ်ကို Page ကနေပဲ ကြေညာ

ပေးပါမယ်” ဟု ပြောကြောင်း ဧရာဝတီ သတင်းမှာ ဖော်ပြထားပါတယ်။


Waso Learn

ဒေါ်နွဲ့နွဲ့စန်းက ၎င်းမှာ အဖြူရောင် အနုပညာရှင်တဦး ဖြစ်ကြောင်း၊ အနုပညာရှင်သည် အနုပညာရှင် နေရာတွင် နေရမည် ဖြစ်ကြောင်း၊

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဖြစ်သူအား မမကြူဟု ခေါ်ဝေါ်ကာ ကျေးဇူးတင်စကား ပြောခဲ့ခြင်း

များ စသည်ဖြင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

ရုပ်ရှင်သရုပ်ဆောင် ဒေါ်နွဲ့နွဲ့စန်းကလည်း” ဒီနေ့မှာ ဝန်ကြီးချုပ်ကြီးနဲ့ မမကြူ တို့က ငွေကျပ်သိန်း ၁၀၀ လှူတဲ့အတွက် အထူးကို ကျေးဇူး

လည်းတင်တယ်။ ကြည်နူးတယ်။ ကျေနပ်ပါတယ်။ ကျွန်မ ဝမ်းသာခြင်းသုံးမျိုးကို ခံစားထားရတာကို ဝန်ကြီးချုပ်ကြီးနဲ့ တွေ့တဲ့အခါမှာ

ပြောပါမယ်။ အခုလို အနုပညာရှင်သက်ကြီးပူဇော်ပွဲကို ထောက်ပံ့မှုပေးတဲ့အပေါ် အတိုင်းမသိ ကျေးဇူးတင်ရပါတယ်ကွယ်။”လို့ ပြောပါတယ်။


Photo: MOI

အဆိုပါ ပြောစကားများအပေါ် ပြည်သူလူထုနှင့် အနုပညာအသိုင်းအဝိုင်းက ဝေဖန်ပြောဆိုခဲ့ကြသလို မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲသို့

တက်ရောက်ခဲ့ကြသည့် အနုပညာရှင်များလည်း ဝေဖန်ခံခဲ့ရသည်။

ဒါ့အပြင် စစ်ကောင်စီထံက ထောက်ပံကြေးလက်ခံရရှိခဲ့တဲ့ သက်ကြီး ရုပ်ရှင်သရုပ်ဆောင် ဒေါ်ပုလဲက “နိုင်ငံတော်ဝန်ကြီးချုပ်က ဒီလိုမျိုး

ပံ့ပိုးပေးမယ်ဆိုတာ လုံးဝမထင်ထားဘူး။ မျှော်လည်း မျှော်လင့်မထားဘူး ပေါ့နော်။ အိမ်ကို တပ်မတော်အရာရှိနဲ့အဖွဲ့ ရောက်လာပြီး

ထောက်ပံ့ကြေး ကျပ်ငွေ ၁၀ သိန်း၊ ဆန်တစ်အိတ်၊ ဆီနဲ့ ကြက်ဥအလုံး ၅၀ လာပြီး ထောက်ပံ့တော့ အံ့ဩဝမ်းသာ ဝမ်းနည်းကြီးဖြစ်သွား

တယ်။”လို့ ပြောတဲ့ အကြောင်း စစ်ကောင်စီအာဘော် သတင်းစာတွေမှာ‌ ဖော်ပြပါတယ်။


Photo: MOI

ဒေါ်နွဲ့နွဲ့စန်း ကဲ့သို့ပင် စစ်အာဏာရှင်ကို ဆန့်ကျင်နေသည့် ပြည်သူများနှင့်အတူ ရပ်တည်မှု မရှိသော ဖြူဖြူထွေး၊ စိုင်းစိုင်းခမ်းလှိုင်၊ နေခြည်

ဦး စသည့် နာမည်ကြီး သရုပ်ဆောင်များကိုလည်း သပိတ်မှောက်ရန် တိုက်တွန်းမှုများကြောင့် ကုမ္ပဏီများက ၎င်းတို့၏ ကုန်ပစ္စည်း

ကြော်ငြာများတွင် ထည့်သွင်းကြော်ငြာတော့မည် မဟုတ်ကြောင်း၊ ပြည်သူများ မကြိုက်နှစ်သက်သည့် အနုပညာရှင်များနှင့် လက်တွဲ

အလုပ်လုပ်သွားမည် မဟုတ်ကြောင်း စသည်ဖြင့် ကြေညာချက်များ ထုတ်ပြန်ခဲ့ကြရသည်။