ၾကားသိသမွ်

သမ္မတဦးဝင်းမြင့်ရဲ့ ပြောစကား နိုင်ငံတကာက သိသွားလို့ စစ်ကောင်စီရှက်ယမ်းရမ်းနေ၊ အမှုလိုက်ရှေ့နေ ဦးခင်မောင်ဇော်ကို ပုဒ်မ ၁၄၄ ထုတ်

သမ္မတဦးဝင်းမြင့်ရဲ့ ပြောစကား နိုင်ငံတကာက သိသွားလို့ စစ်ကောင်စီရှက်ယမ်းရမ်းနေ

ဖေဖေါ်ဝါရီ ၁ ရက် အာဏာမသိမ်းခင်လေးမှာ ကျန်းမာ ရေးအကြောင်းပြချက်နဲ့ သမ္မတဦးဝင်းမြင့်ရာထူးကနုတ်ထွက်ပေးဖို့ စစ်

ခေါင်းဆောင်တွေက ခြိမ်းခြောက်ဖိအားပေးခဲ့တဲ့ဖြစ်ရပ်ကို ကမ္ဘာကသိသွားလို့ ရှေ့နေဦးခင်မောင်ဇော်ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်

က ထပ်မံခြိမ်းခြောက်မှုတွေလုပ်နေတယ်လို့ နိုင်ငံတကာသတင်းတွေက ဖေါ်ပြပါတယ်။

တရားရုံးကအခြေအနေတွေ ထွက်ဆိုချက်တွေကို အပြင်ကို မပေါက်ကြားဖို့နဲ့ တစုံတရာထုတ်ဖေါ်ပြောတာမလုပ်ဖို့ အာဏာသိမ်းစစ်တပ်က

ရှေ့နေ ဦးခင်မောင်ဇော်ဆီကို ထပ်မံသတိပေးစာပေးပို့ထားတာလို့ဆိုပါတယ်။

အာဏာမသိမ်းခင်လေးမှာ စစ်ခေါင်းဆောင်တွေက သမ္မတအိမ်တော်ကို အင်အားအလုံးအရင်းနဲ့ရောက်လာပြီး ကျန်းမာရေးအကြောင်းပြ

ချက်နဲ့ရာထူးကနုတ်ထွက်ဖို့နဲ့ မထွက်ဘူးဆိုရင် ဖမ်းဆီးထောင်ချခံရမယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။

ကျန်းမာရေးကောင်းနေတာမို့ ဖမ်းချင်ဖမ်း သတ်ချင်သတ် ရာထူးကထွက်မပေးနိုင်ဘူးလို့ သမ္မတဦးဝင်းမြင့်က တုန့်ပြန်ပြန်ပြောဆိုခဲ့တာကို

ရှေ့နေဦးခင်မောင်ဇော်က သတင်းမီဒီယာတွေကို ဖွင့်ပြောခဲ့တာဖြစ်ပါတယ်။

သမ္မတဦးဝင်းမြင့်ပြောစကားနဲ့ အာဏာသွားလုတဲ့ဖြစ်ရပ်မှန်ကို ကမ္ဘာကသိသွားတာဟာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေအတွက်

နောက်ထပ် အရှက်ကွဲစရာဖြစ်ရပ်လို့လည်း အာဆီယံလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေနဲ့ နိုင်ငံတကာသတင်းတွေကဖေါ်ပြပါတယ်။

Zawgyi

သမၼတဦးဝင္းျမင့္ရဲ့ ေျပာစကား နိုင္ငံတကာက သိသြားလို႔ စစ္ေကာင္စီရွက္ယမ္းရမ္းေန

ေဖေဖၚဝါရီ ၁ ရက္ အာဏာမသိမ္းခင္ေလးမွာ က်န္းမာ ေရးအေၾကာင္းျပခ်က္နဲ႔ သမၼတဦးဝင္းျမင့္ရာထူးကႏုတ္ထြက္ေ

ပးဖို႔ စစ္ေခါင္းေဆာင္ေတြက ၿခိမ္းေျခာက္ဖိအားေပးခဲ့တဲ့ျဖစ္ရပ္ကို ကမၻာကသိသြားလို႔ ေရွ႕ေနဦးခင္ေမာင္ေဇာ္ကို

အၾကမ္းဖက္အာဏာသိမ္းစစ္တပ္က ထပ္မံၿခိမ္းေျခာက္မႈေတြလုပ္ေနတယ္လို႔ နိုင္ငံတကာသတင္းေတြက ေဖၚျပပါတယ္။

တရား႐ုံးကအေျခအေနေတြ ထြက္ဆိုခ်က္ေတြကို အျပင္ကို မေပါက္ၾကားဖို႔နဲ႔ တစုံတရာထုတ္ေဖၚေျပာတာမလုပ္ဖို႔ အာဏာသိမ္း

စစ္တပ္က ေရွ႕ေန ဦးခင္ေမာင္ေဇာ္ဆီကို ထပ္မံသတိေပးစာေပးပို႔ထားတာလို႔ဆိုပါတယ္။

အာဏာမသိမ္းခင္ေလးမွာ စစ္ေခါင္းေဆာင္ေတြက သမၼတအိမ္ေတာ္ကို အင္အားအလုံးအရင္းနဲ႔ေရာက္လာၿပီး က်န္းမာေရး

အေၾကာင္းျပခ်က္နဲ႔ရာထူးကႏုတ္ထြက္ဖို႔နဲ႔ မထြက္ဘူးဆိုရင္ ဖမ္းဆီးေထာင္ခ်ခံရမယ္လို႔ ၿခိမ္းေျခာက္ခဲ့တာပါ။

က်န္းမာေရးေကာင္းေနတာမို႔ ဖမ္းခ်င္ဖမ္း သတ္ခ်င္သတ္ ရာထူးကထြက္မေပးနိုင္ဘူးလို႔ သမၼတဦးဝင္းျမင့္က တုန႔္ျပန္ျပ

န္ေျပာဆိုခဲ့တာကို ေရွ႕ေနဦးခင္ေမာင္ေဇာ္က သတင္းမီဒီယာေတြကို ဖြင့္ေျပာခဲ့တာျဖစ္ပါတယ္။

သမၼတဦးဝင္းျမင့္ေျပာစကားနဲ႔ အာဏာသြားလုတဲ့ျဖစ္ရပ္မွန္ကို ကမၻာကသိသြားတာဟာ အာဏာသိမ္းစစ္ေခါင္းေဆာ

င္ေတြအတြက္ ေနာက္ထပ္ အရွက္ကြဲစရာျဖစ္ရပ္လို႔လည္း အာဆီယံလူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕ေတြနဲ႔ နိုင္ငံတကာသ

တင္းေတြကေဖၚျပပါတယ္။