ၾကားသိသမွ်

ရန်ကုန်မြို့ ဒဂုံမြို့သစ်(အရှေ့)ပိုင်းတွင် ဆောက်လုပ်ဆဲ အဆောက်အအုံ ပြိုကျ၊ ကယ်ဆယ်ရေးအဖွဲ့များဆက်လက်ရှာဖွေနေ(ရုပ်သံ)

ရန်ကုန်မြို့ ဒဂုံမြို့သစ်(အရှေ့)ပိုင်းတွင် ဆောက်လုပ်ဆဲ အဆောက်အအုံ ပြိုကျ၊ (၃)ဦးကို ကယ်ဆယ်ထားနိုင်ပြီး ဆက်လက်ရှာဖွေနေ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့)ပိုင်းမြို့နယ်အတွင်းရှိ ဆောက်လုပ်ဆဲ အဆောက်အအုံ ပြိုကျမှု ဖြစ်ပွား၍ မြန်မာနိုင်ငံမီးသတ်

တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးအထူးတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေပြီး လတ်တလောတွင်

အမျိုးသား(၃)ဦးကို အသက်ရှင်လျက်ဖြင့် ကယ်ထုတ်နိုင်ထားကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့)ပိုင်းမြို့နယ်အတွင်း၊ (၆)ရပ်ကွက်၊ မေယုလမ်းထိပ်၊ ကျန်စစ်သားလမ်းနှင့် မေယုလမ်းထောင့်ရှိ ဆောက်လုပ်ဆဲ

အဆောက်အအုံသည် ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၅)ရက်နေ့ နံနက်(၉)နာရီခွဲဝန်းကျင်အချိန်က ပြိုကျမှုဖြစ်ပွားခြင်း ဖြစ်သည်။

ပြိုကျမှုဖြစ်ပွားရာနေရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးအထူးတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်နေရာ

အမျိုးသား(၃)ဦးကို အသက်ရှင်လျက်ဖြစ် ကယ်ဆယ်ထားနိုင်ပြီး ဆက်လက်၍ နံနက်(၁၀)နာရီ (၄၅)မိနစ်အချိန်အထိ ရှာဖွေကယ်ဆယ်နေ

ကြောင်း သိရသည်။ Source;တာချီလိတ် News

Zawgyi









ည်။ Source;တာချီလိတ် News