ၾကားသိသမွ်

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို စိတ်ကူးယဉ်မဆန်ကြရန် အာဏာသိမ်းခေါင်းဆောင်ဆို

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို စိတ်ကူးယဉ်မဆန်ကြရန် အာဏာသိမ်းခေါင်းဆောင်ဆို

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးသည့် (၆) နှစ်ပြည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့

တွင် စစ်အာဏာသိမ်းအဖွဲ့ခေါင်းဆောင်က ရွေးကောက်ခံ အစိုးရမဟုတ်သည့် ၎င်းတို့အာဏာသိမ်းအဖွဲ့နှင့် ဆွေးနွေးရန်မလို၊ အယုံအကြည်

မရှိဆိုသည့် အယူအဆများဖြင့် စိတ်ကူးယဉ် မဆန်ကြရန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို ပြောထားသည်ကို တွေ့ရ

သည်။

၎င်းတို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ မထိခိုက်စေရန် သဘောထားကြီးစွာဖြင့် တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်နေရာ တိုင်းရင်းသား

လက်နက်ကိုင်အဖွဲ့များအနေဖြင့် NCA ငြိမ်းချမ်းရေး လမ်းကြောင်းမှ သွေဖည်မသွားစေရန် အထူးသတိပြုကြစေလိုသည်ဟုလည်း စစ်

အာဏာသိမ်းခေါင်းဆောင်က ဆိုထားသည်။

စစ်အာဏာသိမ်းအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ

စာချုပ်(NCA)ချုပ်ဆိုခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ သဝဏ်လွှာတွင် ယင်းကဲ့သို့ ဖေါ်ပြထားခြင်းဖြစ်သည်။

ဖေဖေါ်ဝါရီလ (၁) ရက်နေ့၌ စစ်တပ်က ပြည်သူရွေးကောက်ထားသည့်အစိုးရအဖွဲ့ကို ဖမ်းဆီးပြီး နိုင်ငံ့အာဏာသိမ်းထားသည့်အတွက်

NCA စာချုပ်အရ နိုင်ငံရေးဆွေးနွေးမှုတွင် ပါဝင်ရမည့် ရွေးကောက်ခံအစိုးရ၊ လွှတ်တော်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ လက်ရှိ

တွင် ပါဝင်နိုင်ခြင်းမရှိသော်လည်း ရွေးကောက်ပွဲထပ်မံကျင်းပပြီးပါက ပါဝင်လာမည်ဟု အာဏာသိမ်းခေါင်းဆောင်က ဆိုသည်။

ယင်းအပြင် ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးတည်ဆောက်မှုအောင်မြင်ပြီး တိုင်းရင်းသားနယ်မြေဖွံ့ဖြိုးရေး

လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်သည်ဟု ဆိုထားသည်ကို တွေ့ရသည်။

NCA စာချုပ် (၆) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကလည်း စာချုပ် (၆) နှစ်ပြည့်

အဖြစ် ထုတ်ပြန်ရာတွင် စစ်အာဏာသိမ်းမှုကြောင့် လုံးဝရပ်တန့်သွားရသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပါအဝင် ပဋိပက္ခများကို ဖြေရှင်းရန်

စစ်အာဏာသိမ်းအဖွဲ့ဖမ်းထားသည့် နိုင်ငံရေးခေါင်းဆောင်များအပါအဝင် ဖမ်းဆီးခံအားလုံး လွှတ်ပေးပြီး တိုင်းပြည်အာဏာကို အရပ်သား

ကိုယ်စားလှယ်အုပ်ချုပ်မှုနှင့် ဒီမိုကရေစီမူဘောင်အတွင်း အမြန်ပြန်လွှဲပြောင်းရန်စသည့် နိုင်ငံရေးရည်မှန်းချက် (၇) ချက်ကို လက်တွေ့

အကောင်အထည်ဖေါ်မည်ဟု ထုတ်ပြန်ထားသည်။

Zawgyi

တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕မ်ားကို စိတ္ကူးယဥ္မဆန္ၾကရန္ အာဏာသိမ္းေခါင္းေဆာင္ဆို

တစ္နိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးစာခ်ဳပ္ (NCA) လက္မွတ္ထိုးသည့္ (၆) ႏွစ္ျပည့္ ၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ (၁၅) ရက္ေန႔တြင္

စစ္အာဏာသိမ္းအဖြဲ႕ေခါင္းေဆာင္က ေရြးေကာက္ခံ အစိုးရမဟုတ္သည့္ ၎တို႔အာဏာသိမ္းအဖြဲ႕ႏွင့္ ေဆြးေႏြးရန္မလို၊ အယုံ

အၾကည္မရွိဆိုသည့္ အယူအဆမ်ားျဖင့္ စိတ္ကူးယဥ္ မဆန္ၾကရန္ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕မ်ားကို ေျပာထားသည္ကို ေတြ႕ရသည္။

၎တို႔က ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား မထိခိုက္ေစရန္ သေဘာထားႀကီးစြာျဖင့္ တတ္နိုင္သမၽွ ထိန္းသိမ္းေဆာင္ရြက္ေနရာ

တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ NCA ၿငိမ္းခ်မ္းေရး လမ္းေၾကာင္းမွ ေသြဖည္မသြားေစရန္ အထူးသတိျပဳၾကေစလိုသည္ဟုလည္း စစ္အာဏာသိမ္းေခါင္းေဆာင္က ဆိုထားသည္။

စစ္အာဏာသိမ္းအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က တစ္နိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA)ခ်ဳပ္ဆိုျခင္း (၆)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ သဝဏ္လႊာတြင္ ယင္းကဲ့သို႔ ေဖၚျပထားျခင္းျဖစ္သည္။

ေဖေဖၚဝါရီလ (၁) ရက္ေန႔၌ စစ္တပ္က ျပည္သူေရြးေကာက္ထားသည့္အစိုးရအဖြဲ႕ကို ဖမ္းဆီးၿပီး နိုင္ငံ့အာဏာသိမ္းထားသည့္အတြက္

NCA စာခ်ဳပ္အရ နိုင္ငံေရးေဆြးေႏြးမႈတြင္ ပါဝင္ရမည့္ ေရြးေကာက္ခံအစိုးရ၊ လႊတ္ေတာ္မ်ားႏွင့္ လႊတ္ေတာ္ ကိုယ္စားလွယ္

မ်ား လက္ရွိတြင္ ပါဝင္နိုင္ျခင္းမရွိေသာ္လည္း ေရြးေကာက္ပြဲထပ္မံက်င္းပၿပီးပါက ပါဝင္လာမည္ဟု အာဏာသိမ္းေခါင္းေဆာင္က ဆိုသည္။

ယင္းအျပင္ ၁၉၈၈ ခုႏွစ္ေနာက္ပိုင္း စစ္အစိုးရလက္ထက္တြင္ ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈေအာင္ျမင္ၿပီး တိုင္းရင္းသားနယ္ေျမဖြံ့ၿဖိဳးေရးလုပ္ငန္းမ်ားကိုလည္း ေဆာင္ရြက္နိုင္သည္ဟု ဆိုထားသည္ကို ေတြ႕ရသည္။

NCA စာခ်ဳပ္ (၆) လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ားကလည္း စာခ်ဳပ္ (၆) ႏွစ္ျပည့္အျဖစ္ ထုတ္ျပန္ရာတြင္ စစ္အာဏာသိမ္းမႈေၾကာင့္ လုံးဝရပ္တန႔္သြားရသည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အပါအဝင္ ပဋိပ

ကၡမ်ားကို ေျဖရွင္းရန္ စစ္အာဏာသိမ္းအဖြဲ႕ဖမ္းထားသည့္ နိုင္ငံေရးေခါင္းေဆာင္မ်ားအပါအဝင္ ဖမ္းဆီးခံအားလုံး လႊ

တ္ေပးၿပီး တိုင္းျပည္အာဏာကို အရပ္သားကိုယ္စားလွယ္အုပ္ခ်ဳပ္မႈႏွင့္ ဒီမိုကေရစီမူေဘာင္အတြင္း အျမန္ျပန္လႊဲေျပာင္းရန္စသည့္ နိုင္ငံေရးရည္မွန္းခ်က္ (၇) ခ်က္ကို လက္ေတြ႕အေကာင္အထည္ေဖၚမည္ဟု ထုတ္ျပန္ထားသည္။