ၾကားသိသမွ်

စစ်မှုထမ်းဟောင်းများ အစည်းအဝေး ပြုလုပ်နေစဉ် နောင်ချို PDF က ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲ

နောင်ချိုမြို့တွင် စစ်မှုထမ်းဟောင်းများ အစည်းအဝေး ပြုလုပ်နေစဉ် နောင်ချို PDF က ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့်ရဲတို့မှ စစ်တပ်အားဆန့်ကျင်သူများကို လိုက်လံဖမ်းဆီးရာတွင်

စစ်မှုထမ်းဟောင်းများမှ ပါဝင် ဖမ်းဆီးမှုများ လုပ်ဆောင်နေသည့်အတွက် နောင်ချိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်မှုထမ်းဟောင်း

များ အစည်းအဝေးပြုလုပ်စဉ် ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အောက်တိုဘာလ(၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

photo; PDF(NH)

နောင်ချိုမြို့ အုမ္မခါးကျေးရွာ၊ လွယ်ပူလ စစ်မှုထမ်းဟောင်း ဗဟိုစိုက်ခင်းရုံးအတွင်းသို့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၁)ရက်နေ့

ည(၇)နာရီကျော်အချိန်က စစ်မှုထမ်းဟောင်းများ အစည်းအဝေးပြုလုပ်နေစဉ်တွင် ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲခြင်း ပြုလုပ်သည်မှာ

PDF(NH)ဖြစ်ကြောင်း သတင်းထုတ်ပြန်လာခြင်း ဖြစ်သည်။

နောင်ချိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် အာဏာသိမ်းစစ်တပ်နှင့် စစ်ကောင်စီအားပေး ဒေါက်တိုက်များကို အမြစ်ပြတ်သည်အထိ

တိုက်ခိုက်ချေမှုန်းမည်ဟု အသိပေးထားရှိသည်။

Source; TachileikNewsAgency

Zawgyi

ေနာင္ခ်ိဳၿမိဳ႕တြင္ စစ္မႈထမ္းေဟာင္းမ်ား အစည္းအေဝး ျပဳလုပ္ေနစဥ္ ေနာင္ခ်ိဳ PDF က ခ်ိန္ကိုက္မိုင္းျဖင့္ ေဖာက္ခြဲ

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္း အာဏာသိမ္းစစ္တပ္ႏွင့္ရဲတို႔မွ စစ္တပ္အားဆန႔္က်င္သူမ်ားကို လိုက္လံဖမ္းဆီးရာတြင္ စ

စ္မႈထမ္းေဟာင္းမ်ားမွ ပါဝင္ ဖမ္းဆီးမႈမ်ား လုပ္ေဆာင္ေနသည့္အတြက္ ေနာင္ခ်ိဳၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးအဖြဲ႕က စစ္မႈ

ထမ္းေဟာင္းမ်ား အစည္းအေဝးျပဳလုပ္စဥ္ ခ်ိန္ကိုက္မိုင္းျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ေၾကာင္း ေအာက္တိုဘာလ(၁၄)ရက္ေန႔တြ

င္ သတင္းထုတ္ျပန္လာသည္။

ေနာင္ခ်ိဳၿမိဳ႕ အုမၼခါးေက်းရြာ၊ လြယ္ပူလ စစ္မႈထမ္းေဟာင္း ဗဟိုစိုက္ခင္း႐ုံးအတြင္းသို႔ ၂၀၂၁ခုႏွစ္ ေအာက္တိုဘာလ(၁၁)ရ

က္ေန႔ ည(၇)နာရီေက်ာ္အခ်ိန္က စစ္မႈထမ္းေဟာင္းမ်ား အစည္းအေဝးျပဳလုပ္ေနစဥ္တြင္ ခ်ိန္ကိုက္မိုင္းျဖင့္ ေဖာက္ခြဲျခင္း ျပဳလု

ပ္သည္မွာ PDF(NH)ျဖစ္ေၾကာင္း သတင္းထုတ္ျပန္လာျခင္း ျဖစ္သည္။

ေနာင္ခ်ိဳၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးအဖြဲ႕သည္ အာဏာသိမ္းစစ္တပ္ႏွင့္ စစ္ေကာင္စီအားေပး ေဒါက္တိုက္မ်ားကို အျမစ္ျပတ္သည္

အထိ တိုက္ခိုက္ေခ်မႈန္းမည္ဟု အသိေပးထားရွိသည္။

Source; TachileikNewsAgency