ယခုလအတွင်း ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ကို ဖိတ်ခေါ်မည်ဆိုသည့် သတင်း
များ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေကြောင်း သတင်းရရှိသည်။
အထူးသဖြင့် အာဆီယံ၏ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် ဘရုနိုင်းနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အီရာဝမ် ယူဆွတ်ဘက်မှ
တောင်းဆိုထားသည့် စစ်ကောင်စီက တရားစွဲဆိုထားသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်
တို့ကို တွေ့ဆုံခွင့်မပေးသည့်အတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးကို စစ်ကောင်စီမှ မလိုက်လျောနိုင်မှု့အပေါ် အာဆီယံအဖွဲ့
ဝင်နိုင်ငံများက စိတ်ပျက်နေသည်ဟု သံတမန်အသိုင်းအဝိုင်းထံမှ သိရသည်။
ထိုကိစ္စနှင့် ပက်သက်ပြီး “ကျနော်တို့ကို အာဆီယံက တရားဝင် ဖိတ်ကြားတာမျိုးတော့ မရှိသေးပါဘူး။ မကြာမီ အဲ့ဒီလိုဖြစလာနိုင်မယ့်
အလားအလာတွေတော့ ရှိပါတယ်“ဟု NUG အစိုးရ၏ နိုင်ငံတကာ ဆက်ဆံရေး တာဝန်ရှိသူ ချက်သမ္မတ နိုင်ငံမှ NUG အစိုးရ
ကိုယ်စားလှယ် ဦးလင်းသန့်က ပြောဆိုကြောင်း ဧရာဝတီတိုင်းမ်သတင်းမှာ ဖော်ပြထားပါတယ်။
NUG အစိုးရကိုယ်စားလှယ် ဦးလင်းသန့်
ဒါ့အပြင် အာဆီယံကတော့ လာမယ့်ထိပ်သီးအစည်းအဝေးမှာ မြန်မာကို တက်ခွင့်မပြုဖို့ ကိစ္စကို မနက်ဖန်မှာ အစည်းအဝေး လုပ် မယ်လို့သိ
ရတယ်။
အာဆီယံ သံတမန်အသိုင်းအဝိုင်းဆီက ကြားရတာကတော့ မနက်ဖန် မြန်မာအချိန် ညနေ ၄:၃၀ မှာ အာဆီယံ နိုင်ငံခြား ရေးဝန်ကြီးတွေ အွ
န်လိုင်းအစည်းအဝေးလုပ်ပါမယ်။
ရိုက်တာသတင်းအရဆိုရင်တော့ လာမယ့် ထိပ်သီးအစည်း အဝေးမှာ စကစ ခေါင်းဆောင်တွေကို မဖိတ်ဖို့ အဓိကထား ဆွေးနွေးပါမယ်။
အင်ဒို၊ မလေး၊ စင်ကာပူက မြန်မာကို ချန်လှပ်ထားဖို့ တွန်း နေတယ်လို့ သိရတယ်။ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်းကြီးက လည်း သဘောတူတဲ့
အကြောင်းပြောထားတယ်။
ယခင်ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေး
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက “ဒီကိစ္စလေးလောက်ကိုမှ ကျနော်တို့ အလျှော့ပေးလိုက်ရင် အာဆီယံရဲ့ ဒေသတွင်းအ ဖွဲ့အစည်းဆိုတဲ့
ဂုဏ်သိက္ခာထိခိုက်မှာပဲ“လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်ကို လာဖို့ စီစဉ်ထားပေမယ့် သဘောတူညီမှုတွေ မရတဲ့အတွက်
ခရီးစဉ်မဖြစ်ပါဘူး။
အဓိကကတော့ စကစဘက်က သူတို့တွေ့စေချင်တဲ့ သူတွေနဲ့တွေ့ဖို့စီစဉ်ထားပေမယ့် အာဆီယံ အထူးကိုယ်စားလှယ်အ နေနဲ့ ဒေါ်အောင်
ဆန်းစုကြည်နဲ့တွေ့ခွင့်မရတဲ့အတွက်ခရီးစဉ် မဖြစ်ခဲ့တာလို့သိရတယ်။
စကစဘက်က ခရီးစဉ်ကို မျှော်လင့်ထားပေမယ့်လည်း သိရ သလောက်ဆိုရင် အောက်တိုဘာ ၁၄ မှ ခရီးစဉ်မဖြစ်ရင် အာ ဆီယံ ထိပ်သီး
အစည်းအဝေးမတိုင်ခင်လာဖို့ခက်သွားတယ် လို့ နီးစပ်သူတွေက သုံးသပ်ကြပါတယ်။
ပြောရရင် အာဆီယံမှာလည်း ဖိအားတွေရှိနေပါတယ်။ ပြီးခဲ့ တဲ့ အပတ်က ကုလ အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ အာဆီယံ
နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အစည်းအဝေးကို ဖျက် လိုက်ပါတယ်။ အဓိကကတော့ အာဆီယံအတွင်းက စကစ ရဲ့ ပါဝင်နေမှုအနေအထားနဲ့
ပတ်သက်ပြီးတော့ သဘောမကျ တဲ့အတွက် အစည်းအဝေးဖျက်တာလို့ သိရတယ်။
စစ်ခေါင်းဆောင်
တကယ်လို့ စကစကို လာမယ့်အာဆီယံ အစည်းအဝေး ဖိတ် မယ်ဆိုရင်လဲ အမေရိကန်လိုနိုင်ငံအနေနဲ့ကလည်း ထိပ်သီး အဆင့် ပါဝင်တက်
ရောက်ဖို့ ခက်ပါတယ်။
တချိန်က သမ္မတဘုရှ်ဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တစားပွဲထဲထိုင်ဖို့ ငြင်းခဲ့ဖူးပါတယ်။ ၂၀၀၀ ပြည့်နှစ်ကျော်ကာ လတွေမှာ အာဆီယံ
မှာ မြန်မာပါဝင်နေတဲ့အတွက် ယူအက်စ် ဟာ အာဆီယံကို အဆင့်နိမ့်ကိုယ်စားလှယ်တွေပဲ လွှတ်ခဲ့တဲ့ သာဓကတွေလည်းရှိပါတယ်။
လက်ရှိအချိန်မှာတော့ ဒေသတွင်းမှာ တရုတ်ရဲ့ ဩဇာကြီး မားလာတာကို ထိန်းညှိဖို့အတွက် အာဆီယံနိုင်ငံကြီးတွေအ နေနဲ့ အမေရိကနဲ့
နီးစပ်တဲ့ဆက်ဆံရေးကိုမျှော်လင့်နေကြပါ တယ်။ ဒါကြောင့်လဲ မြန်မာကိစ္စနဲ့ပတ်သက်ပြီး ခပ်မာမာတုန့် ပြန်လာတဲ့ သဘောရှိပါတယ်။
ဒါပေမဲ့လည်း အခုကိစ္စမှာ အာဆီယံရဲ့ ခပ်မာမာရပ်တည် ချက်ကတော့ ထူးခြားတယ်လို့ ပြောရမယ်။ တလျှောက်လုံး အားလုံးသဘောတူညီ
ချက်ဆိုတဲ့မူနဲ့ အလုပ်မဖြစ်ခဲ့တဲ့ အာဆီယံဟာ အခုအချိန်မှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင် ကို အစည်းအဝေးကနေ ချန်ထားခဲ့ဖို့ အထိ
ပါ စဉ်းစားလာပါ တယ်။
ယခင်ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေး
စိတ်ဝင်စားစရာပါ။ ဒါပေမဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားတို့ ကတော့ ကန့်ကွက်မယ့် အနေအထား ရှိနေပါတယ်။ အထူးသ ဖြင့် စကစအနေ
နဲ့ ထိုင်းကနေတဆင့် ထိပ်သီးအစည်းအဝေး ဖိတ်ဖို့ တွန်းလာနိုင်တယ်။
အာဆီယံက NUG အစိုးရကိုသာ တရားဝင် ဖိတ်ကြားမည်ဆိုလျှင် စစ်ကောင်စီအနေဖြင့် ၎င်းတို့ကို ဆန့်ကျင်နေသူများအပေါ် အကြမ်းဖက်
ဖိနှိပ် သ တ် ဖြတ် နေပြီး အဓမ္မ အာဏာအုပ်ချုပ်ရန်ကြိုးစားနေသော်လည်း နိုင်ငံတကာတွင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် အာဆီ
ယံ၏ သံတမန်ရေး ဆက်ဆံမှု့များကိုပါ ဆုံးရှုံးရဖွယ်ရှိနေသည်။