သမ္မတဦးဝင်းမြင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က တရားရုံးမှာ ပြောကြားခဲ့တဲ့ထွက်ဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီသတင်း
ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်တိုဘာလ ၁၄ ရက်နေ့မှာ မြန်မာ့ရုပ်သံက တစ်ဆင့် ပြန်လည်ရှင်းလင်းခဲ့ပါတယ်။
သမ္မတဦးဝင်းမြင့်ကို နုတ်ထွက်ခိုင်းခဲ့တယ်ဆိုတဲ့ ပြောဆိုချက် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မဝေဖန်လိုကြောင်း သူရဲ့တရားရုံးမှာ ရှိ
တဲ့ အခွင့်အရေးဖြစ်တယ်လို့လည်း သူကပြောပါတယ်။
သမ္မတဦးဝင်းမြင့်က သူကို့ အာဏာသိမ်းတဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၅ နာရီက သမ္မတရုံးကို ခေါ်သွားခဲ့ပြီး အဲ့ဒီနောက်စစ်တပ်
အရာရှိကြီး နှစ်ဦးရောက်လာကာ ကျန်းမာရေး အကြောင်းပြ နုတ်ထွက်ခိုင်းခဲ့တယ်လို့ ပြီးခဲ့တဲ့အောက်တိုဘာလ ၁၂ ရက်နေ့ ရုံးချိန်းမှာ
ထွက်ဆိုခဲ့ပါတယ်။
ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ မှတ်တမ်းမှတ်ရာတွေရှိကြောင်းလည်း စစ်ကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
ဒါအပြင် သမ္မတဦးဝင်းမြင့်ဟာ အဲ့ဒီအချိန်မှာ ရွေးကောက်ပွဲဝင်ပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတဲ့ အနေအထားရှိနေပြီး
အခြေခံဥပဒေ ပုဒ်မ ၆၂ ၊ ၆၃ အရ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတသည် မည်သည့်လွှတ်တော်ကိုယ်စားလှယ်မှ မဖြစ်စေရဆိုတဲ့
အချက်ကိုလည်း ထည့်ပြောသွားပါတယ်။
၂၀၀၈ အခြေခံဥပဒေအရ သူက အဲ့ဒီလိုပြောပေမယ့် အခြေခံဥပဒေ ပုဒ်မ ၆၁ (ခ) မှာတော့ နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်း
ကုန်ဆုံးသည့်အခါ နိုင်ငံတော်သမ္မတသစ် ရွေးချယ်တင်မြှောက်ပြီးသည့်အချိန်အထိ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတများသည် မိမိတို့
လုပ်ငန်းတာဝန်တွေကို ဆက်လက်ထမ်းဆောင်ရမယ်လို့ဖော်ပြထားပါတယ်။
သမ္မတကြီးသည် ဖြစ်ပျက်ခဲ့သည်များကို လူသိရှင်ကြား ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ရှေ့မှောက်မှာပင် ရဲဝံ့စွာ ထုတ်ဖေါ်
ပြောဆိုသွားခဲ့ခြင်းကြောင့် ၎င်းတို့ တသမတ်တည်း ပြောဆိုလာသော အာဏာသိမ်းခြင်း မဟုတ်၊ ဖွဲ့စည်းပုံ နှင့် အညီ အာဏာလွှဲပြောင်းယူ
ခြင်း ဆိုသည် ကလည်း ပြိုလဲသွား ခဲ့ရရပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့ ကိုယ်တိုင် ရေးဆွဲထားခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ၏ ပုဒ်မ ၇၃ (က) အရ သမ္မတ သည် ရာထူးမှ နှုတ်ထွက်
ခြင်း၊ သေဆုံးသွားခြင်း၊ သို့မဟုတ် တာဝန် မထမ်းဆောင် နိုင်လောက်အောင် ကျန်းမာ ရေး ချို့ယွင်းသွားခဲ့ခြင်း၊ အစရှိသည့် အကြောင်းများ
ဖြင့်သာ ဒုတိယ သမ္မတ နှစ်ဦး အနက် မဲ အများဆုံးဖြင့် ရွေးချယ်ခံခဲ့ရသူကို ယာယီ သမ္မတ အဖြစ် အပ်နှင်းရမည်ဟု ပါရှိခဲ့ခြင်းကြောင့် ဖြစ်
ပေသည်။ Source; Living Myanmar
Zawgyi
သမၼတဦးဝင္းျမင့္ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၁၂ ရက္ေန႔က တရား႐ုံးမွာ ေျပာၾကားခဲ့တဲ့ထြက္ဆိုခ်က္နဲ႔ ပတ္သက္ၿပီး စစ္ေကာ
င္စီသတင္းထုတ္ျပန္ေရး အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေအာက္တိုဘာလ ၁၄ ရက္ေန႔မွာ ျမန္မာ့႐ုပ္သံက တစ္ဆင့္ ျပန္လည္ရွင္းလင္းခဲ့ပါတယ္။
သမၼတဦးဝင္းျမင့္ကို ႏုတ္ထြက္ခိုင္းခဲ့တယ္ဆိုတဲ့ ေျပာဆိုခ်က္ အေၾကာင္းအရာေတြနဲ႔ ပတ္သက္ၿပီး မေဝဖန္လိုေၾကာင္း သူရဲ့တရား႐ုံးမွာ ရွိတဲ့ အခြင့္အေရးျဖစ္တယ္လို႔လည္း သူကေျပာပါတယ္။
သမၼတဦးဝင္းျမင့္က သူကို႔ အာဏာသိမ္းတဲ့ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ မနက္ ၅ နာရီက သမၼတ႐ုံးကို ေခၚသြားခဲ့ၿပီး အဲ့
ဒီေနာက္စစ္တပ္အရာရွိႀကီး ႏွစ္ဦးေရာက္လာကာ က်န္းမာေရး အေၾကာင္းၿပ ႏုတ္ထြက္ခိုင္းခဲ့တယ္လို႔ ၿပီးခဲ့တဲ့ေအာက္တိုဘာလ ၁၂ ရက္ေန႔ ႐ုံးခ်ိန္းမွာ ထြက္ဆိုခဲ့ပါတယ္။
ဒီအေၾကာင္းအရာေတြနဲ႔ ပတ္သက္လို႔ မွတ္တမ္းမွတ္ရာေတြရွိေၾကာင္းလည္း စစ္ေကာင္စီသတင္းထုတ္ျပန္ေရး အဖြဲ႕ေခါင္းေဆာင္က ေျပာပါတယ္။
ဒါအျပင္ သမၼတဦးဝင္းျမင့္ဟာ အဲ့ဒီအခ်ိန္မွာ ေရြးေကာက္ပြဲဝင္ၿပီးေတာ့မွ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္ေနတဲ့ အေနအထား
ရွိေနၿပီး အေျခခံဥပေဒ ပုဒ္မ ၆၂ ၊ ၆၃ အရ နိုင္ငံေတာ္သမၼတ သို႔မဟုတ္ ဒုတိယသမၼတသည္ မည္သည့္လႊတ္ေတာ္ကိုယ္စားလွယ္မွ မျဖစ္ေစရဆိုတဲ့ အခ်က္ကိုလည္း ထည့္ေျပာသြားပါတယ္။
၂၀၀၈ အေျခခံဥပေဒအရ သူက အဲ့ဒီလိုေျပာေပမယ့္ အေျခခံဥပေဒ ပုဒ္မ ၆၁ (ခ) မွာေတာ့ နိုင္ငံေတာ္သမၼတသည္ ရာထူးသ
က္တမ္းကုန္ဆုံးသည့္အခါ နိုင္ငံေတာ္သမၼတသစ္ ေရြးခ်ယ္တင္ေျမႇာက္ၿပီးသည့္အခ်ိန္အထိ နိုင္ငံေတာ္သမၼတနဲ႔ ဒုတိယသမၼတမ်ားသည္ မိမိတို႔လုပ္ငန္းတာဝန္ေတြကို ဆက္လက္ထမ္းေဆာင္ရမယ္လို႔ေဖာ္ျပထားပါတယ္။
သမၼတႀကီးသည္ ျဖစ္ပ်က္ခဲ့သည္မ်ားကို လူသိရွင္ၾကား ပထမဆုံးအႀကိမ္အျဖစ္ နိုင္ငံေတာ္ အတိုင္ပင္ခံ ေရွ႕ေမွာက္မွာပင္ ရဲဝံ့စြာ ထု
တ္ေဖၚေျပာဆိုသြားခဲ့ျခင္းေၾကာင့္ ၎တို႔ တသမတ္တည္း ေျပာဆိုလာေသာ အာဏာသိမ္းျခင္း မဟုတ္၊ ဖြဲ႕စည္းပုံ ႏွင့္ အညီ အာဏာလႊဲေျပာင္းယူျခင္း ဆိုသည္ ကလည္း ၿပိဳလဲသြား ခဲ့ရရၿပီ ျဖစ္သည္။
အဘယ္ေၾကာင့္ဆိုေသာ္ ၎တို႔ ကိုယ္တိုင္ ေရးဆြဲထားခဲ့သည့္ ၂၀၀၈ ဖြဲ႕စည္းပုံ၏ ပုဒ္မ ၇၃ (က) အရ သမၼတ သည္ ရာထူးမွ ႏႈ
တ္ထြက္ျခင္း၊ ေသဆုံးသြားျခင္း၊ သို႔မဟုတ္ တာဝန္ မထမ္းေဆာင္ နိုင္ေလာက္ေအာင္ က်န္းမာ ေရး ခ်ိဳ႕ယြင္းသြားခဲ့ျခ
င္း၊ အစရွိသည့္ အေၾကာင္းမ်ားျဖင့္သာ ဒုတိယ သမၼတ ႏွစ္ဦး အနက္ မဲ အမ်ားဆုံးျဖင့္ ေရြးခ်ယ္ခံခဲ့ရသူကို ယာယီ သမၼတ အျဖစ္ အပ္ႏွင္းရမည္ဟု ပါရွိခဲ့ျခင္းေၾကာင့္ ျဖစ္ေပသည္။ Source; Living Myanmar