ၾကားသိသမွ်

ရန်ကုန်မြို့ပေါ် စစ်လေယာဉ် ပျံသန်းပြီးနောက် တိမ်ပုံစံအငွေ့တွေ ဖြစ်ပေါ်ခဲ့တဲ့ကိစ္စ ကုလအစည်းအဝေးမှာသံအမတ်ကြီးဖွင့်ချ

ရန်ကုန်မြို့ပေါ် စစ်လေယာဉ် ပျံသန်းပြီးနောက် တိမ်ပုံစံအငွေ့တွေ ဖြစ်ပေါ်ခဲ့တဲ့ကိစ္စ ကုလအစည်းအဝေးမှာသံအမတ်ကြီးဖွင့်ချ

ပြီးခဲ့တဲ့ဇူလိုင်လက ရန်ကုန်မြို့ပေါ် စစ်လေယာဉ်တွေ ပျံသန်းပြီးနောက် ပုံမှန်မဟုတ်တဲ့ တိမ်ပုံစံအငွေ့ တွေဖြစ်ပေါ်လာခြင်းကို စစ်အုပ်စုက

အန္တရာယ်ရှိအဆိပ်အတောက်တွေထုတ်လွှတ်နေတယ်လို့ ဒေသခံ ပြည်သူတွေယူဆကြကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးတစ်ခုမှ ပြောကြားခဲ့ပါတယ်။

မနေ့က နယူးယောက်မှာကျင်းပတဲ့ (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီရဲ့ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းက

“နျူကလီးယားလက်နက်များ၊ အဖျက်စွမ်းအားပြင်းလက်နက်များနဲ့ သမားရိုးကျလက်နက်များ” နဲ့ပတ်သက်ပြီး မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

အဲဒီတိမ်ပုံစံအငွေ့ဟာ သာမန်အခိုးအငွေ့ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ စစ်တပ်အကြီးအကဲအနေနဲ့ သူမလုပ်ရဲတာမရှိ ဘူးလို့ ပြောကြားခဲ့ဖူးတယ်လို့လည်း သံအမတ်ကြီးကထည့်သွင်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုအခြေအနေမှာမဆို ဓာတုလက်နက်အသုံးပြုတာတွေကို ရှုတ်ချတဲ့အကြောင်း ဓာတု လက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ်မှာ

မြန်မာနိုင်ငံအနေနဲ့ လက်မှတ်ရေးထိုးခဲ့ပေမဲ့ စာချုပ်ပါ အချက်အ လက်တွေကို အပြည့်အဝ လိုက်နာဆောင်ရွက်ခြင်းရှိ,မရှိ အငြင်းပွားဖွယ် ဖြစ်နေတဲ့အကြောင်း

လုံလောက်တဲ့ သက်သေအထောက်အထားတွေအရ ၁၉၈၀ပြည့်နှစ်တွေက မြန်မာစစ်တပ်ဟာ ပဲခူးတိုင်း၊ ထုံးဘိုကျေးရွာအနီးရှိ ဓာတုလက်နက် ထုတ်လုပ်တဲ့စက်ရုံကနေ ဆာလဖာဓာတုအဆိပ်တွေ (sulphur mustard) ထုတ်လုပ်ခဲ့တယ်လို့ သိရှိရတဲ့အကြောင်း

အဲဒီဓာတု စက်ရုံကို စစ်တပ်ဘက်က ထိန်းချုပ်ထားပြီး မြန်မာစစ်တပ်အနေနဲ့ အရပ်သားအစိုးရသို့ အစီရင်ခံတင်ပြခဲ့ခြင်းမရှိတဲ့အကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးသံအမတ်ကြီးက မြန်မာစစ်တပ်ဟာပြည်ပကနေတင်သွင်းတဲ့သေစေနိုင်တဲ့စစ်လက်နက်တွေကို အသုံးပြုပြီး မြန်မာပြည်သူ

တွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေတဲ့အတွက် မြန်မာစစ်တပ်ကို လက်နက် ရောင်းချနေတဲ့ နိုင်ငံတွေအနေနဲ့ ရောင်းချနေမှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့ မြန်မာပြည်သူတွေကိုယ်စား မေတ္တာရပ်ခံပြောကြားခဲ့ပါတယ်။

နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ရပ်တန့်တာဟာ စစ်တပ်ရဲ့ ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်မှုတွေကို တားဆီးနိုင်မှာမဟုတ်ပေမဲ့ အပြစ်မဲ့ပြည်သူပေါင်း များစွာရဲ့ အသက်တွေကို ကယ်တင်နိုင်မယ်လို့လည်းဆိုပါတယ်။ Source;DNA

Zawgyi

ရန္ကုန္ၿမိဳ႕ေပၚ စစ္ေလယာဥ္ ပ်ံသန္းၿပီးေနာက္ တိမ္ပုံစံအေငြ႕ေတြ ျဖစ္ေပၚခဲ့တဲ့ကိစၥ ကုလအစည္းအေဝးမွာသံအမတ္ႀကီးဖြင့္ခ်

ၿပီးခဲ့တဲ့ဇူလိုင္လက ရန္ကုန္ၿမိဳ႕ေပၚ စစ္ေလယာဥ္ေတြ ပ်ံသန္းၿပီးေနာက္ ပုံမွန္မဟုတ္တဲ့ တိမ္ပုံစံအေငြ႕ ေတြျဖစ္ေပၚလာျခင္းကို စစ္အုပ္စုက အႏၲရာယ္ရွိအဆိပ္အေတာက္ေတြထုတ္လႊတ္ေနတယ္လို႔ ေဒသခံ ျပည္သူေတြယူဆၾကေၾကာင္း သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းက ကုလသမဂၢအစည္းအေဝးတစ္ခုမွ ေျပာၾကားခဲ့ပါတယ္။

မေန႔က နယူးေယာက္မွာက်င္းပတဲ့ (၇၆) ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံ၊ ပထမေကာ္မတီရဲ့ ဘာသာရပ္ဆိုင္ရာေဆြးေႏြးမႈအစီအစဥ္မွာ ကုလသမဂၢဆိုင္ရာ ျမန္မာအျမဲတမ္းကိုယ္စားလွယ္ဦးေက်ာ္မိုးထြန္းက “န်ဴကလီးယားလက္နက္မ်ား၊ အဖ်က္စြမ္း

အားျပင္းလက္နက္မ်ားနဲ႔ သမားရိုးက်လက္နက္မ်ား” နဲ႔ပတ္သက္ၿပီး မိန္႔ခြန္းေျပာၾကားရာမွာ ထည့္သြင္းေျပာၾကားခဲ့တာပါ။
အဲဒီတိမ္ပုံစံအေငြ႕ဟာ သာမန္အခိုးအေငြ႕ျဖစ္ေကာင္းျဖစ္နိုင္ေပမဲ့ စစ္တပ္အႀကီးအကဲအေနနဲ႔ သူမလုပ္ရဲတာမရွိ ဘူးလို႔ ေျပာၾကားခဲ့ဖူးတယ္လို႔လည္း သံအမတ္ႀကီးကထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ျမန္မာနိုင္ငံအေနနဲ႔ ဘယ္လိုအေျခအေနမွာမဆို ဓာတုလက္နက္အသုံးျပဳတာေတြကို ရႈတ္ခ်တဲ့အေၾကာင္း ဓာတု လက္နက္တားဆီးပိတ္ပင္ေရးဆိုင္ရာစာခ်ဳပ္မွာ ျမန္မာနိုင္ငံအေနနဲ႔ လက္မွတ္ေရးထိုးခဲ့ေပမဲ့ စာခ်ဳပ္ပါ အခ်က္အ လက္ေတြကို အျပည့္အဝ လိုက္နာေဆာင္ရြက္ျခင္းရွိ,မရွိ

အျငင္းပြားဖြယ္ ျဖစ္ေနတဲ့အေၾကာင္း လုံေလာက္တဲ့ သက္ေသအေထာက္အထားေတြအရ ၁၉၈၀ျပည့္ႏွစ္ေတြက ျမန္မာစစ္တပ္ဟာ ပဲခူးတိုင္း၊ ထုံးဘိုေက်းရြာအနီးရွိ ဓာတုလက္နက္ ထုတ္လုပ္တဲ့စက္႐ုံကေန ဆာလဖာဓာတုအဆိပ္ေတြ (sulphur mustard) ထုတ္လုပ္ခဲ့တ

ယ္လို႔ သိရွိရတဲ့အေၾကာင္းအဲဒီဓာတု စက္႐ုံကို စစ္တပ္ဘက္က ထိန္းခ်ဳပ္ထားၿပီး ျမန္မာစစ္တပ္အေနနဲ႔ အရပ္သားအစိုးရသို႔ အစီရင္ခံတင္ျပခဲ့ျခင္းမရွိတဲ့အေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ဆက္လက္ၿပီးသံအမတ္ႀကီးက ျမန္မာစစ္တပ္ဟာျပည္ပကေနတင္သြင္းတဲ့ေသေစနိုင္တဲ့စစ္လက္နက္ေတြကို အသုံးျပဳၿပီး ျမန္မာျပည္သူေတြ

အေပၚ အၾကမ္းဖက္သတ္ျဖတ္ေနတဲ့အတြက္ ျမန္မာစစ္တပ္ကို လက္နက္ ေရာင္းခ်ေနတဲ့ နိုင္ငံေတြအေနနဲ႔ ေရာင္းခ်ေနမႈေတြကို ခ်က္ခ်င္းရပ္တန္႔ေပးဖို႔ ျမန္မာျပည္သူေတြကိုယ္စား ေမတၱာရပ္ခံေျပာၾကားခဲ့ပါတယ္။

နိုင္ငံေတြအေနနဲ႔ ျမန္မာစစ္တပ္ကို လက္နက္ေရာင္းခ်မႈ ရပ္တန္႔တာဟာ စစ္တပ္ရဲ့ ရက္ရက္စက္စက္ အၾကမ္းဖက္သတ္ျဖတ္မႈေတြကို တားဆီးနိုင္မွာမဟုတ္ေပမဲ့ အျပစ္မဲ့ျပည္သူေပါင္း မ်ားစြာရဲ့ အသက္ေတြကို ကယ္တင္နိုင္မယ္လို႔လည္းဆိုပါတယ္။ Source;DNA