အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာကိုချန်လှပ်ထားရေး မနက်ဖြန်ဆွေးနွေးတော့မယ်
အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကိုချန်လှပ်ထားရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ နိုင်ငံခြားရေး၀န်ကြီးတွေဟာ မနက်ဖြန်
အောက်တိုဘာ ၁၅ ရက်မှာဆွေးနွေးကြမယ်လို့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး သိရှိတဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။
အဲဒီအစည်းအဝေးကို အာဆီယံအလှည့်ကျဥက္ကဌ ဘရူနိုင်းနိုင်ငံက ဦးဆောင်ပြီး အွန်လိုင်းကနေ ပြုလုပ်သွားမှာဖြစ်တယ်လို့ အာဆီယံနိုင်ငံ
တွေက သံတမန်နဲ့အစိုးရသတင်းရင်းမြစ်တွေက ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ကို ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မပေးဘူးလို့ မြန်မာအာဏာပိုင်
တွေက အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ နိုင်ငံတကာက ဖိအားပေးတွေပေးနေစဉ်မှာ
မြန်မာဘက်က အခုလိုက်ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။
အဲဒီဘုံသဘောတူညီချက်တွေကို အကောင်အထည်မဖော်ဘဲနေတာဟာ နောက်ကြောင်းပြန်လှည့်တာနဲ့ အတူတူဘဲလို့ မြန်မာနိုင်ငံဆိုင်ရာ
အာဆီယံအထူးသံတမန် Erywan Yusof ကပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။Source;မျိုးဆက်(VOM)
Zawgyi
အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကိုချန်လှပ်ထားရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ မနက်ြ
ဖန်အောက်တိုဘာ ၁၅ ရက်မှာဆွေးနွေးကြမယ်လို့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး သိရှိတဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။