ၾကားသိသမွ်

တာချီလိတ်မြို့တွင် ပြည်နယ် စကစ ဝန်ကြီးချုပ် တစ်ညအိပ်လာမည်ဖြစ်၍ လမ်းဘေး ဈေးသည်များကို ရှင်းလင်း ဖယ်ရှားထား

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ ရှမ်းပြည်နယ်ဝန်ကြီးချုပ် တစ်ညလာအိပ်မည်ဖြစ်၍ တာချီ

လိတ်မြို့ပေါ် လမ်းမကြီးဘေးတစ်လျှောက်ရှိ ဈေးသည်များအားလုံးကို တစ်ရက်ကြိုတင်၍ ရှင်းလင်း ဖယ်ရှားထားပြီး ယာဉ်ထိန်းယာဉ်များ

မှာလည်း သေနတ်များကိုင်စောင့်ထားပြီး မီးပွိုင့်တွင် စောင့်ဆိုင်းနေရသည်ဟု သိရသည်။

“မော်တော်ပီကယ်တွေကတော့ မီးပွိုင့်တွေမှာ သေနတ်ကိုင်ပြီး စောင့်နေကြတယ်။ ခါတိုင်း မော်တော်ပီကယ် တစ်ယောက်ပဲရှိတဲ့ ရုံးလေး

က ခုတော့ (၃)ယောက်တောင် စောင့်တယ်။ ဈေးသည်တွေလည်း ခါတိုင်းဆိုရင် ရှမ်းရိုးမကွင်းရှေ့မှာ အပြည့်ပဲ၊ ခုက လူကြီးလမ်းကြောင်းရှိ

လို့ဆိုပြီး လမ်းပေါ်မှာ မဖွင့်ရဘူး”ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၁၃)ရက်နေ့တွင် ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့်အဖွဲ့သည် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့တွင်

ကျိုင်းတုံမြို့ရှိ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲရုံးတွင် အစည်းအဝေးပြုလုပ်ခြင်း၊ ကျိုင်းတုံ – မိုင်းမ – မိုင်းလားရှိ ဝမ်တာပင်း ဂိတ်၌

(၆)ခန်းတွဲ ပူးပေါင်းရုံး တည်ဆောက်မည့် နေရာအား သွားရောက်ကွင်းဆင်းကြည့်ရှုခြင်း၊ မဟာမြတ်မုနိဘုရား နှစ်(၁၀၀)ပြည့် ရွှေထီးတော်

သစ်တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်နှင့်တွေ့ဆုံကာ

ဆွေးနွေးခြင်းနှင့် ကျပ်သိန်း(၅၀)လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယနေ့ အောက်တိုဘာလ(၁၃)ရက်နေ့တွင် ကျိုင်းတုံခရိုင်အတွင်း လှည့်လည်နေပြီးနောက် အောက်တိုဘာလ(၁၄)ရက်နေ့တွင် တာချီလိတ်

ခရိုင်အတွင်း မိုင်းယောင်းအထိသွားရောက်ပြီး ညမိုးချုပ်းတွင် တာချီလိတ်မြို့ ရောက်ရှိကာ တစ်ညအိပ်မည်ဟု သိရသည်။

Source;Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ အာဏာသိမ္းစစ္ေကာင္စီ၏ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ တစ္ညလာအိပ္မည္ျဖစ္၍

တာခ်ီလိတ္ၿမိဳ႕ေပၚ လမ္းမႀကီးေဘးတစ္ေလၽွာက္ရွိ ေဈးသည္မ်ားအားလုံးကို တစ္ရက္ႀကိဳတင္၍ ရွင္းလင္း ဖယ္ရွားထားၿပီး

ယာဥ္ထိန္းယာဥ္မ်ားမွာလည္း ေသနတ္မ်ားကိုင္ေစာင့္ထားၿပီး မီးပြိဳင့္တြင္ ေစာင့္ဆိုင္းေနရသည္ဟု သိရသည္။

“ေမာ္ေတာ္ပီကယ္ေတြကေတာ့ မီးပြိဳင့္ေတြမွာ ေသနတ္ကိုင္ၿပီး ေစာင့္ေနၾကတယ္။ ခါတိုင္း ေမာ္ေတာ္ပီကယ္ တ

စ္ေယာက္ပဲရွိတဲ့ ႐ုံးေလးက ခုေတာ့ (၃)ေယာက္ေတာင္ ေစာင့္တယ္။ ေဈးသည္ေတြလည္း ခါတိုင္းဆိုရင္ ရွမ္းရိုးမကြင္းေ

ရွ႕မွာ အျပည့္ပဲ၊ ခုက လူႀကီးလမ္းေၾကာင္းရွိလို႔ဆိုၿပီး လမ္းေပၚမွာ မဖြင့္ရဘူး”ဟု ေဒသခံ တစ္ဦးက Tachileik News

Agency သို႔ ေအာက္တိုဘာလ(၁၃)ရက္ေန႔တြင္ ေျပာသည္။

အာဏာသိမ္းစစ္ေကာင္စီ၏ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေက်ာ္ထြန္းႏွင့္အဖြဲ႕သည္ ၂၀၂၁ခုႏွစ္ ေအာက္တိုဘာလ(၁၂)ရ

က္ေန႔တြင္ က်ိဳင္းတုံၿမိဳ႕ရွိ ျပည္နယ္အစိုးရအုပ္ခ်ဳပ္ေရးအဖြဲ႕ခြဲ႐ုံးတြင္ အစည္းအေဝးျပဳလုပ္ျခင္း၊ က်ိဳင္းတုံ – မိုင္းမ – မိုင္းလား

ရွိ ဝမ္တာပင္း ဂိတ္၌ (၆)ခန္းတြဲ ပူးေပါင္း႐ုံး တည္ေဆာက္မည့္ ေနရာအား သြားေရာက္ကြင္းဆင္းၾကည့္ရႈျခင္း၊ မဟာျမတ္

မုနိဘုရား ႏွစ္(၁၀၀)ျပည့္ ေရႊထီးေတာ္သစ္တင္လႉပူေဇာ္ပြဲ မဟာမဂၤလာအခမ္းအနား ေအာင္ျမင္စြာက်င္းပနိုင္ေရးအတြက္

က်ိဳင္းတုံၿမိဳ႕ ဝစီပိတ္ဆရာေတာ္ႏွင့္ေတြ႕ဆုံကာ ေဆြးေႏြးျခင္းႏွင့္ က်ပ္သိန္း(၅၀)လႉဒါန္းျခင္းမ်ား ျပဳလုပ္ခဲ့သည္ဟု သိရသည္။

ယေန႔ ေအာက္တိုဘာလ(၁၃)ရက္ေန႔တြင္ က်ိဳင္းတုံခရိုင္အတြင္း လွည့္လည္ေနၿပီးေနာက္ ေအာက္တိုဘာလ(၁၄)ရက္ေန႔တြင္

တာခ်ီလိတ္ခရိုင္အတြင္း မိုင္းေယာင္းအထိသြားေရာက္ၿပီး ညမိုးခ်ဳပ္းတြင္ တာခ်ီလိတ္ၿမိဳ႕ ေရာက္ရွိကာ တစ္ညအိပ္မည္ဟု သိရသည္။

Source;Tachileik News Agency