ၾကားသိသမွ်

“အာဆီယံအထူးကိုယ်စားလှယ် နှင့် တွေ့ဆုံမည့် နိုင်ငံရေးပါတီများ မကျေနပ်စွာနဲ့ နေရပ်ပြန်”

“အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံခရီးပျက်သွားသည့်အတွက် တွေ့ဆုံမည့် နိုင်ငံရေးပါတီများ နေရပ်ပြန်”

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ Mr. Erywan Yusof နှင့် နိုင်ငံရေးပါတီ ကြားတွေ့ဆုံမှုပွဲအား မူလက ၁၃ ရက်နေ့

တွင် တွေ့ဆုံရန် ယာယီသတ်မှတ်ထားခဲ့သော်လည်း ယခုတွင် Mr. Erywan Yusof မှ မြန်မာနိုင်ငံခရီးစဥ်အား ဖျက်သိမ်းလိုက်သည့်

အတွက်တွေ့ဆုံမည့် နိုင်ငံရေးပါတီများ နေရပ်သို့ ပြန်နေကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ Mr. Erywan Yusofအား နေပြည်တော်ရှိပြည် ထောင်စုရွေးကောက်ပွဲ

ကော်မရှင်ရုံးတွင် တွေ့ဆုံရန် ကြိုတင်ဖိတ်ကြားထားသည့် အတွက် Mr. Erywan Yusof လာရောက်ခြင်းမရှိမီ တစ်ရက်အလိုတွင်

နေပြည်တော်သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

“တွေ့ဆုံပွဲက မရှိတော့ပါဘူး။ ကျွန်တော်တို့လည်း ပြန်နေပါပြီ” ဟု Mr. Erywan Yusof နှင့် တွေ့ဆုံမည့်အထဲတွင်ပါဝင်သည့် နိုင်ငံရေး

ပါတီ တစ်ခုက ပြောသည်။“ဘာကြောင့် ဖျက်သိမ်းတာလည်းဆိုတာကို မသိပေမယ့်။ ခရီးစဉ်ဖျက်တဲ့ကိစ္စကတော့ သူတို့ဘက်ကပိုပြီးတော့

သိပါလိမ့်မယ်”ဟု အမျိုးသားတိုးတက်ရေးပါတီမှ အတွင်းရေးမှူးဦးအောင်ဖြိုးကျော်က ပြောပါတယ်။

၎င်းနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမည်ဖြစ်တဲ့အတွက် နိုင်ငံရေးပါတီများအနေဖြင့် ကြိုတင်စောင့်ဆိုင်းခဲ့သော်လည်း ယခုကဲ့ တွေ့ဆုံမှု

ခရီးစဉ်အား ဖျက်သိမ်းခြင်းသည် နိုင်ငံခြားသံတမန်တစ်ဦးအနေဖြင့် မဆောင် ရွက်သင့်သည့် ကိစ္စဖြစ်တယ်လို့လည်း ဆိုပါတယ်။

“နိုင်ငံတကာရဲ့ကတိကဝတ်အရဆိုရင် လာမယ်ဆိုရင် လာရမယ်။ မလာဘူးဆိုတဲ့ဖြစ်စဉ်က နိုင်ငံအပေါ်မှာ ထားတဲ့သဘောသဘာဝက စစ်

မှန်မှုမရှိဘူးလို့ ယူဆတယ်။ ဘာလို့လည်းဆိုတော့ လာမယ်ဆိုပြီးတော့ အပွိုင်မန့်လည်းရပြီးသား ပြောရမယ်ဆိုရင်လည်း ခက်တယ်” ဟု

အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီမှ ဥက္ကဋ္ဌ ဦးသိန်းကြည်က ပြောပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ Mr. Erywan Yusof နှင့် နိုင်ငံရေးပါတီ ကြားတွေ့ဆုံမှုပွဲကို မူလက ၁၂ ရက်နေ့

မှ ၁၃ ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့ပြီး ၁၃ ရက်နေ့တွင် တွေ့ဆုံပွဲအား ဖျက်သိမ်းလိုက်ခြင်းကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲကို ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ရခိုင်ဦးဆောင်ပါတီ၊

အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသား

နိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ နိုင်ငံ ရေးပါတီ ၈ ပါတီဖြင့် တွေ့ဆုံရန် စီစဥ်ခဲ့ခြင်းလည်းဖြစ်သည်။

Zawgyi

“အာဆီယံအထူးကိုယ္စားလွယ္ ျမန္မာနိုင္ငံခရီးပ်က္သြားသည့္အတြက္ ေတြ႕ဆုံမည့္ နိုင္ငံေရးပါတီမ်ား ေနရပ္ျပန္”

ျမန္မာနိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ျဖစ္သူ Mr. Erywan Yusof ႏွင့္ နိုင္ငံေရးပါတီ ၾကားေတြ႕ဆုံမႈပြဲအား မူလက

၁၃ ရက္ေန႔တြင္ ေတြ႕ဆုံရန္ ယာယီသတ္မွတ္ထားခဲ့ေသာ္လည္း ယခုတြင္ Mr. Erywan Yusof မွ ျမန္မာနိုင္ငံခရီးစဥ္အား ဖ်က္သိမ္းလိုက္သည့္အတြက္ေတြ႕ဆုံမည့္ နိုင္ငံေရးပါတီမ်ား ေနရပ္သို႔ ျပန္ေနေၾကာင္း သိရသည္။

ျမန္မာနိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ျဖစ္သူ Mr. Erywan Yusofအား ေနျပည္ေတာ္ရွိျပည္ ေထာင္စုေရြးေကာက္ပြဲ ေ

ကာ္မရွင္႐ုံးတြင္ ေတြ႕ဆုံရန္ ႀကိဳတင္ဖိတ္ၾကားထားသည့္ အတြက္ Mr. Erywan Yusof လာေရာက္ျခင္းမရွိမီ တစ္ရက္အလိုတြင္ ေနျပည္ေတာ္သို႔ ေရာက္ရွိေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ေတြ႕ဆုံပြဲက မရွိေတာ့ပါဘူး။ ကၽြန္ေတာ္တို႔လည္း ျပန္ေနပါၿပီ” ဟု Mr. Erywan Yusof ႏွင့္ ေတြ႕ဆုံမည့္အထဲတြင္ပါဝင္သည့္ နိုင္ငံေရးပါတီ တစ္ခုက ေျပာသည္။

“ဘာေၾကာင့္ ဖ်က္သိမ္းတာလည္းဆိုတာကို မသိေပမယ့္။ ခရီးစဥ္ဖ်က္တဲ့ကိစၥကေတာ့ သူတို႔ဘက္ကပိုၿပီးေတာ့ သိပါလိမ့္မယ္”ဟု အမ်ိဳးသားတိုးတက္ေရးပါတီမွ အတြင္းေရးမႉးဦးေအာင္ၿဖိဳးေက်ာ္က ေျပာပါတယ္။

၎ႏွင့္ နိုင္ငံေရးပါတီမ်ား ေတြ႕ဆုံမည္ျဖစ္တဲ့အတြက္ နိုင္ငံေရးပါတီမ်ားအေနျဖင့္ ႀကိဳတင္ေစာင့္ဆိုင္းခဲ့ေသာ္လည္း ယခုကဲ့ ေတြ႕ဆုံမႈခရီးစဥ္အား ဖ်က္သိမ္းျခင္းသည္ နိုင္ငံျခားသံတမန္တစ္ဦးအေနျဖင့္ မေဆာင္ ရြက္သင့္သည့္ ကိစၥျဖစ္တယ္လို႔လည္း ဆိုပါတယ္။

“နိုင္ငံတကာရဲ့ကတိကဝတ္အရဆိုရင္ လာမယ္ဆိုရင္ လာရမယ္။ မလာဘူးဆိုတဲ့ျဖစ္စဥ္က နိုင္ငံအေပၚမွာ ထားတဲ့သေဘာသဘာဝက စစ္မွန္မႈမရွိဘူးလို႔ ယူဆတယ္။

ဘာလို႔လည္းဆိုေတာ့ လာမယ္ဆိုၿပီးေတာ့ အပြိဳင္မန္႔လည္းရၿပီးသား ေျပာရမယ္ဆိုရင္လည္း ခက္တယ္” ဟု အမ်ိဳးသားနိုင္ငံေရး မဟာမိတ္မ်ားအဖြဲ႕ခ်ဳပ္ပါတီမွ ဥကၠ႒ ဦးသိန္းၾကည္က ေျပာပါတယ္။

ျမန္မာနိုင္ငံ ဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ျဖစ္သူ Mr. Erywan Yusof ႏွင့္ နိုင္ငံေရးပါတီ ၾကားေတြ႕ဆုံမႈပြဲကို မူလက ၁၂ ရက္ေန႔မွ ၁၃ ရက္ေန႔သို႔ ေရႊ႕ဆိုင္းခဲ့ၿပီး ၁၃ ရက္ေန႔တြင္ ေတြ႕ဆုံပြဲအား ဖ်က္သိမ္းလိုက္ျခင္းကို အေၾကာင္းၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါေတြ႕ဆုံပြဲကို ျပည္ခိုင္ၿဖိဳးပါတီ၊ အမ်ိဳးသားတိုးတက္ေရးပါတီ၊ အမ်ိဳးသားနိုင္ငံေရး မဟာမိတ္မ်ားအဖြဲ႕ခ်ဳပ္ပါတီ၊ ရခိုင္ဦးေဆာင္ပါတီ၊ အမ်ိဳးသားညီညႊတ္ေသာ ဒီမိုကရက္တစ္ပါတီ၊ ရွမ္းတိုင္းရင္းသားဒီမိုကရက္တစ္ပါတီ၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၊ အမ်ိဳးသားနိုင္ငံေရး ဒီမိုကရက္တစ္ပါတီ၊ နိုင္ငံ ေရးပါတီ ၈ ပါတီျဖင့္ ေတြ႕ဆုံရန္ စီစဥ္ခဲ့ျခင္းလည္းျဖစ္သည္။