ၾကားသိသမွ်

မြန်မာအတွက် ရန်ပုံငွေ မလုံလောက်လို့ နိုင်ငံတကာအနေနဲ့ အလှူငွေပိုထည့်ဝင်ကြဖို့ ကုလတိုက်တွန်း

မြန်မာအတွက် ရန်ပုံငွေ မလုံလောက်လို့ နိုင်ငံတကာအနေနဲ့ အလှူငွေပိုထည့်ဝင်ကြဖို့ ကုလတိုက်တွန်း

စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသားတွေကို ကူညီဖို့ ရန်ပုံငွေဟာ တောင်းခံထားတဲ့ အတိုင်းအတာကို မရရှိသေးတာ

ကြောင့် နိုင်ငံတကာအနေနဲ့ မြန်မာအတွက် ပိုမိုထည့်ဝင်လှူဒါန်းကြဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ကူမှု အစီအစဉ်နဲ့ ယာယီအရေး‌ပေါ် တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်အတွက် ဒေါ်လာ ၃၈၅

သန်း တောင်းခံထားရမှာ လက်ရှိအချိန်ထိ ရန်ပုံငွေဟာ တဝက်လောက်တောင် မရရှိသေးပါဘူး။

ဒီအတွက် ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖာနီ ဒူဂျာရစ်က မနေ့က နယူးယောက်မှာကျင်းပတဲ့‌ ကုလသတင်းစာရှင်းလင်းပွဲမှာ လက်ရှိ

အခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအတွက် ထည့်သွင်းရှင်းလင်းပြောကြားခဲ့တာပါ။

ဒါကြောင့် ကုလအဖွဲ့ဝင်နိုင်ငံတွေအားလုံးက မြန်မာနိုင်ငံကို ကူညီနိုင်ဖို့ ရန်ပုံငွေတွေအတွက် အရင်ကထက် ပိုမိုပြီး အလှူငွေ ထည့်ဝင်ကြဖို့

တိုက်တွန်းခဲ့တာပဲဖြစ်ပါတယ်။

ဒါအပြင် ကုလအနေနဲ့လည်း မြန်မာနိုင်ငံမှာ အကူအညီလိုအပ်နေတဲ့ လူပေါင်း ၃ သန်းကျော်ကို ကူညီနိုင်ဖို့အခြေအနေဟာ ရန်ပုံငွေ

အင်အားအလွန်နည်းနေတာကြောင့် စိုးရိမ်စရာကောင်းတဲ့ အခြေအနေတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။Source;DNA

Zawgyi

ျမန္မာအတြက္ ရန္ပုံေငြ မလုံေလာက္လို႔ နိုင္ငံတကာအေနနဲ႔ အလႉေငြပိုထည့္ဝင္ၾကဖို႔ ကုလတိုက္တြန္း

စစ္အုပ္စုက အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာနိုင္ငံသားေတြကို ကူညီဖို႔ ရန္ပုံေငြဟာ ေတာင္းခံထားတဲ့ အတိုင္းအတာကို မရ

ရွိေသးတာေၾကာင့္ နိုင္ငံတကာအေနနဲ႔ ျမန္မာအတြက္ ပိုမိုထည့္ဝင္လႉဒါန္းၾကဖို႔ ကုလသမဂၢက တိုက္တြန္းလိုက္ပါတယ္။

ျမန္မာနိုင္ငံအတြက္ လူသားခ်င္းစာနာေထာက္ကူမႈ အစီအစဥ္နဲ႔ ယာယီအေရး‌ေပၚ တုံ႔ျပန္ေဆာင္ရြက္ေရး အစီအစဥ္အတြက္ ေဒၚ

လာ ၃၈၅ သန္း ေတာင္းခံထားရမွာ လက္ရွိအခ်ိန္ထိ ရန္ပုံေငြဟာ တဝက္ေလာက္ေတာင္ မရရွိေသးပါဘူး။

ဒီအတြက္ ကုလသမဂၢ ေျပာေရးဆိုခြင့္ရွိသူ စတီဖာနီ ဒူဂ်ာရစ္က မေန႔က နယူးေယာက္မွာက်င္းပတဲ့‌ ကုလသတင္းစာရွင္းလင္းပြဲ

မွာ လက္ရွိအေျခအေနနဲ႔ ပတ္သက္လို႔ ျမန္မာနိုင္ငံအတြက္ ထည့္သြင္းရွင္းလင္းေျပာၾကားခဲ့တာပါ။

ဒါေၾကာင့္ ကုလအဖြဲ႕ဝင္နိုင္ငံေတြအားလုံးက ျမန္မာနိုင္ငံကို ကူညီနိုင္ဖို႔ ရန္ပုံေငြေတြအတြက္ အရင္ကထက္ ပိုမိုၿပီး အလႉေငြ ထ

ည့္ဝင္ၾကဖို႔ တိုက္တြန္းခဲ့တာပဲျဖစ္ပါတယ္။

ဒါအျပင္ ကုလအေနနဲ႔လည္း ျမန္မာနိုင္ငံမွာ အကူအညီလိုအပ္ေနတဲ့ လူေပါင္း ၃ သန္းေက်ာ္ကို ကူညီနိုင္ဖို႔အေျခအေနဟာ ရန္

ပုံေငြ အင္အားအလြန္နည္းေနတာေၾကာင့္ စိုးရိမ္စရာေကာင္းတဲ့ အေျခအေနတစ္ခုအျဖစ္ သတ္မွတ္ခဲ့ပါတယ္။Source;DNA