ၾကားသိသမွ်
အညာဒေသကို ထိုးစစ်ဆင်တာဟာ မအလကိုယ့်သေတွင်းကိုယ်တူးတာလို့ CDM ဗိုလ်ကြီးပြော
အညာဒေသကို ထိုးစစ်ဆင်တာဟာ မအလကိုယ့်သေတွင်းကိုယ်တူးတာလို့ CDM ဗိုလ်ကြီးကပြောပြတယ်။
ပြောရမယ်ဆို ဟိုးအရင်က ဗမာစစ်တပ်ဆိုတာ အညာသားတွေများတယ်။ ဧရာဝတီမြစ်ရိုးတလျှောက်ရွာတွေက ဒေါင်းပြည့်၊ မောင်းပြည့်
ရွာသားတွေဟာ သေရဲတယ်၊ သတ်ရဲတယ်၊ မဟုတ်မခံတဲ့ လူမျိုးတွေ။ တိုင်းရင်းသားတွေဘက် ထိုးစစ်ဆင်လို့ စစ်သားအယောက် (၁၀၀၀)
ကျရင် နောက်ထပ် စစ်ထဲဝင် အသေခံမယ့် အယောက် (၁၀၀၀) ကအသင့်။
ဟ်ိုးအရင်ကတော့ စစ်တပ်မှိုင်းမှာ မိတာရော အညာ​ဒေသ အလုပ်အကိုင်မရှိတာရောကြောင့် စစ်ထဲဝင်ကြတဲ့သူများတယ်။ အခုတော့ ပွင့်
လင်းလွန်းတဲ့ခေတ်ကြီးမှာ မအလတွေဟာ အယုတ်အကန်းတွေမှန်း သိပြီးနောက် ဘယ်အညာသားမှ စစ်ထဲမဝင်တော့ဘူး။ စစ်ထဲမဝင်တဲ့
အပြင် အညာဒေသတလျှောက် တော်လှန်ရေးတပ်ပေါင်းစု မျိုးစုံနဲ့ ရရာလက်နက်ဆွဲပြီး မအလ စစ်ကောင်စီကို တွယ်တယ်။
အညာဟာ ဆင်းရဲပါတယ်။ ဒါပေမယ့် သင်လွယ်တတ်လွယ်တယ်၊ အမှတ်သညာကြီးတယ်။ စည်းလုံးတယ်။ သူတို့မှန်တယ်လို့ထင်တဲ့
အလုပ်မှာ အသက်ပေးဖို့လည်း ဝန်မလေးဘူး၊ သတ်ပစ်ဖို့လဲ ဝန်မလေးဘူး။ ငွေကြေးမပြည့်စုံလို့ လက်နက်ကောင်းတွေ မဆင်နိုင်ပေမယ့် ရ
တဲ့နည်းပညာယူတယ်။ တနယ်နဲ့ တနယ် နည်းပညာတွေ မျှဝေကြတယ်။ လက်လုပ်ပစ္စည်းတွေနဲ့ စကစကို အပြုတ်ဆော်တယ်။
ပြောခဲ့ဖူးသလို အညာဟာ ဧရိယာကျယ်ပါတယ်။ ဧရိယာကျယ်သလို တပ်ပေါင်းစုတွေလည်း များတယ်။ စစ်ထဲမှာတောင် (၁၀၀၀) ကျရင်
(၁၀၀၀) ဝင်မယ့်သူအသင့်ရှိတာ အခုလိုပြည်သူ့စစ်ပွဲဆို တွေးသာကြည့်တော့ပေါ။ သူတို့အသက်တွေကို အလကားအသေခံခိုင်းတာတော့
မဟုတ်ပါဘူး။ အညာသားတွေရဲ့ သွေး ဘယ်လောက်ရဲသလဲ ဆိုတာပြောပြတာ။ ဒီလိုအနေအထားမှာ လက်နက်ဆင်နိုင်ရင်တော့ မြန်မြန်ပွဲ
ပြီးမှာပဲ။ မဆင်နိုင်ရင်လည်း အညာသားတွေက သူတို့နည်းသူတို့ဟန်နဲ့ အရှုံးမပေးဘဲ တိုက်နေကြဦးမှာပဲ။
တော်လှန်ရေးပြီးသွားတဲ့အခါကျရင်လည်း အညာသူ၊ အညာသားတွေနဲ့ အညာဒေသလေးတွေကို ဂုဏ်ပြုရဦးမှာပါပဲ။
တော်လှန်ရေးဟာ အရှိန်ကောင်းလာနေပါပြီ။ တတ်နိုင်တဲ့ဘက်ကနေ ဆက်ပြီး တောင့်ခံကြဦးစို့။
ရုန်းကြဦးစို့။
အရေးတော်ပုံ အောင်ရမည် …. 🔥🔥🔥
ခရက်ဒစ်
Zawgyi
ယာက် (၁၀၀၀) ကျရင် နောက်ထပ် စစ်ထဲဝင် အသေခံမယ့် အယောက် (၁၀၀၀) ကအသင့်။
ဟိုးအရင်ကတော့ စစ်တပ်မှိုင်းမှာ မိတာရော အညာ​ဒေသ အလုပ်အကိုင်မရှိတာရောကြောင့် စစ်ထဲဝင်ကြတဲ့သူများတယ်။ အခုတော့ ပွ
ရုန်းကြဦးစို့။