ၾကားသိသမွ်

မြန်မာနိုင်ငံမှာ ပုံမှန် အခြေအနေရှိနေကြောင်း ဝဏ္ဏမောင်လွင် ပြော

မြန်မာနိုင်ငံမှာ ပုံမှန်အခြေအနေရှိပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ရောက်ရှိရေး ဆောင်ရွက်နေကြောင်း ဝဏ္ဏမောင်လွင် ပြော

မြန်မာနိုင်ငံမှာ ပုံမှန်အခြေအနေရှိပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တည့်မတ်စွာရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစဉ် ၅ရပ်ကို

အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဦးဝဏ္ဏမောင်လွင်က ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာလ ၁၁ရက်နေ့က ဆားဘီးယားနိုင်ငံရှိ ဘဲလ်ဂရိတ်မြို့မှာ ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ရဲ့ နှစ် ၆၀ပြည့်

အထိမ်းအမှတ် အဆင့်မြင့်အစည်းအဝေးမှာ ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့သည် နိုင်ငံစုံ တစ်စုတစ်စည်းတည်းဖြင့် သီးခြားရပ်တည်နိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်နဲ့

အညီ နိုင်ငံအချင်းချင်းအကြား နားလည်မှုရှိမှုနဲ့ လေးစားမှု၊ ဘက်မလိုက်မှုနဲ့ နိုင်ငံရေးပယောဂကင်းရှင်းစေရန် စသည့်အခြေခံမူများကို

ဆက်လက်ကျင့်သုံးရမယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ဘုံအကျိုးစီးပွားကာကွယ်ရန်နဲ့ ဘုံစိန်ခေါ်မှုအခက်အခဲများကို တုံ့ပြန်ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံအနေနဲ့ ဘက်မလိုက်လှုပ်ရှားမှု

အဖွဲ့ဝင်များနဲ့ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်သွားမယ်လို့ ၎င်းက ထပ်မံပြောဆိုခဲ့ပါတယ်။

ထို့နောက် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရန် ကြိုးပမ်းအားထုတ်နေသည့်အချိန်မှာ ဘက်မ

လိုက်လှုပ်ရှားမှုအဖွဲ့ဝင်များရဲ့ ထောက်ခံမှု၊ နားလည်မှုနဲ့ အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုကို ရရှိရန်မျှော်လင့်ကြောင်း

လည်း ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

Zawgyi

ျမန္မာနိုင္ငံမွာ ပုံမွန္အေျခအေနရွိၿပီး ဒီမိုကေရစီလမ္းေၾကာင္းေပၚသို႔ေရာက္ရွိေရး ေဆာင္ရြက္ေနေၾကာင္း ဝဏၰေမာင္လြင္ ေျပာ

ျမန္မာနိုင္ငံမွာ ပုံမွန္အေျခအေနရွိၿပီး ဒီမိုကေရစီလမ္းေၾကာင္းေပၚသို႔ တည့္မတ္စြာေရာက္ရွိေရးအတြက္ ေရွ႕လုပ္ငန္းစဥ္ ၅ရပ္ကို အေကာင္အထည္ေဖာ္ေဆာင္ရြက္လ်က္ရွိေၾကာင္း ဦးဝဏၰေမာင္လြင္က ေျပာဆိုလိုက္ပါတယ္။

ေအာက္တိုဘာလ ၁၁ရက္ေန႔က ဆားဘီးယားနိုင္ငံရွိ ဘဲလ္ဂရိတ္ၿမိဳ႕မွာ က်င္းပခဲ့သည့္ ဘက္မလိုက္လႈပ္ရွားမႈအဖြဲ႕ရဲ့ ႏွစ္ ၆၀ျပည့္အထိမ္းအမွတ္ အဆင့္ျမင့္အစည္းအေဝးမွာ ဦးဝဏၰေမာင္လြင္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဆက္လက္ၿပီး ဘက္မလိုက္လႈပ္ရွားမႈအဖြဲ႕သည္ နိုင္ငံစုံ တစ္စုတစ္စည္းတည္းျဖင့္ သီးျခားရပ္တည္နိုင္သည့္ အဖြဲ႕အစည္းတစ္ခုျဖစ္သည္နဲ႔အညီ နိုင္ငံအခ်င္းခ်င္းအၾကား နားလည္မႈရွိမႈနဲ႔ ေလးစားမႈ၊ ဘက္မလိုက္မႈနဲ႔ နိုင္ငံေရးပေယာဂကင္းရွင္းေစရန္ စသည့္အေျခခံမူမ်ားကို ဆက္လက္က်င့္သုံးရမယ္လို႔ ဆိုပါတယ္။

ဒါ့ျပင္ ဘုံအက်ိဳးစီးပြားကာကြယ္ရန္နဲ႔ ဘုံစိန္ေခၚမႈအခက္အခဲမ်ားကို တုံ႔ျပန္ေျဖရွင္းရန္အတြက္ ျမန္မာနိုင္ငံအေနနဲ႔ ဘက္မလိုက္လႈပ္ရွားမႈအဖြဲ႕ဝင္မ်ားနဲ႔ စည္းလုံးညီညြတ္စြာ လက္တြဲေဆာင္ရြက္သြားမယ္လို႔ ၎က ထပ္မံေျပာဆိုခဲ့ပါတယ္။

ထို႔ေနာက္ ျမန္မာနိုင္ငံအတြင္း ၿငိမ္းခ်မ္းေရး၊ ဒီမိုကေရစီနဲ႔ ဖြံ့ၿဖိဳးတိုးတက္မႈေဖာ္ေဆာင္ရန္ ႀကိဳးပမ္းအားထုတ္ေနသည့္အ

ခ်ိန္မွာ ဘက္မလိုက္လႈပ္ရွားမႈအဖြဲ႕ဝင္မ်ားရဲ့ ေထာက္ခံမႈ၊ နားလည္မႈနဲ႔ အျပဳသေဘာေဆာင္သည့္ ပူးေပါင္းေဆာင္ရြက္မႈကို ရရွိရန္ေမၽွာ္လင့္ေၾကာင္းလည္း ထည့္သြင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။