တရုတ်ဘက်က နယ်ခြားစည်း ၁၀ ပေကျော်ကာ လမ်းဖောက်နေတာကို ဒေသခံတွေမလိုလား
အောက်တိုဘာ ၁၂၊ ၂၀၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲ၊ ရပ်ကွက် ၁၊ မန့်မိုင်ရပ်မှာ တရုတ်ဘက်ကနေ
မြန်မာ-တရုတ် နှစ်နိုင်ငံ သဘောတူ သတ်မှတ်ထားတဲ့ နယ်ခြားစည်းမျဉ်းထက် ၁၀ပေကျော်ကာ ရေလယ်မှာ ကျောက်ချ လမ်းဖောက် နေ
တာကို ဒေသခံတွေက မလိုလားကြောင်းနဲ့ လယ်မြေ ထိခိုက်လာမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ တရားဝင်သတ်မှတ်ထားတဲ့ နေရာထက် ချောင်းထဲကို ၁၅ ပေခန့်ကျွံကာ ရေလယ် ကျောက်ချပြီး တရုတ်ဘက်
က လမ်းဖောက်လုပ်နေတာ၊ အရင် ချောင်းက ပေ ၂၀ လောက်ရှိတယ်။ ကြူကုန် (ပန်ဆိုင်း)မြို့၊ ရပ်ကွက် ၁၊ မန့်မိုင်ရပ်မှာ။
ဒီ ချောင်းအလယ်ထိ ရောက်နေတယ် သူတို့ကျောက်တွေ။ အစကတော့ ချောင်းက အုတ်တံတိုင်းထိ ကျယ်တယ်။ ပတ် ကင်းလမ်းဖောက်တာ။
မြန်မာဘက်ခြမ်းက လယ်ပိုင်ရှင်တွေ ရေကြီးလာပြီး လယ်တွေမှာ ရေတိုက်စားလာလို့ နယ်ခြားစည်းနားကို ရေကာတဲ့ စည်းရိုးလာလုပ်
ရင်တောင်မှ တရုတ်ဘက်က သေနတ်နဲ့ ရောက်လာတယ်”လို့ ဒေသခံ ၁ ဦးက အောက်တိုဘာ ၁၁ ရက်နေ့ ညနေပိုင်းက ပြောပါတယ်။
နှစ်နိုင်ငံ နယ်ခြားစည်းမျဉ်းနဲ့ ၁၀ မီတာအတွင်း ဘာမှ မလုပ်ရဘူးလို့ သတ်မှတ်ချက်ရှိထားပေမယ့် တရုတ်ဘက်က သတ်မှတ်ချက်ချိုး
ဖောက်ပြီး ၁၀ မီတာ အတွင်း မြန်မာဘက်ခြမ်း ချောင်းအလယ်ထိ ကျောက်ဖို့ကာ နယ်ခြားစည်းမျဉ်းတလျောက် တံတိုင်းကာတဲ့အပြင်
ကင်းပတ်လမ်းပါ နယ်ကျွံဖောက်လုပ်နေတာကြောင့် ဒေသခံတွေပိုင်ဆိုင်တဲ့ လယ်ယာမြေတွေထဲ ရေလျှံလာမှာကို စိုးရိမ်နေကြတာ ဖြစ်ပါ
တယ်။”ဒီချောင်းမှာ အဲ့ဒီလိုလုပ်လာလို့ ပန်ဆိုင်းဘက်ခြမ်းက လယ်တွေထဲ ရေတွေ ရောက်ကုန်တယ်။ မိုးရွာရင် ပိုဆိုးမှာ။ ချောင်းက ဒီ
မြန်မာဘက်ခြမ်းရောက်သွားမှာ။ လယ်တော အလယ်လောက် ရောက်သွားလိမ့်မယ်။
အခုတောင် ချောင်းက မြန်မာနိုင်ငံဘက်ခြမ်းလှည့်လာပြီ။ သူတို့လုပ်တဲ့ ပုံစံက။” လို့ လယ်ပိုင်ရှင် ၁ ဦးက ပြောပါတယ်။
တရုတ်ဘက်က နေ့ရော ညပါ မနားမနေ အလျင်စလို လုပ်နေပြီး မကြာသေးမီအချိန်က ဒေသခံတွေဟာ မြန်မာဘက်က ဌာနဆိုင်ရာကို
အကြောင်းကြားတင်ပြတာကြောင့် ဌာနဆိုင်ရာတွေ လာကြည့်ပေမယ့် ခေတ္တရပ်ဆိုင်းထားပြီး လက်ရှိမှာတော့ ပြန်လည် ဖောက်လုပ်နေ
တာဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတွေအနေနဲ့ မြေစာရင်း၊ ထွေအုပ်၊ ရဲ၊ သတင်းအဖွဲ့တွေအားလုံးကို တရုတ်ဘက် သက်ဆိုင်ရာကို အကြောင်းကြားပေးဖို့နဲ့ တားဆီး
ပေးဖို့ အကြောင်းကြားထားပေမယ့် ထူးခြားမှု ရှိမလာဘူးလို့ ဒေသခံတဦးပြောပြချက်အရ သိရပါတယ်။
” ဌာနဆိုင်ရာတွေအနေနဲ့ ဘာမှမလုပ်ဘူးဆိုရင် ဒေသခံတွေက သူတို့ကိုယ်တိုင် အဲ့ဒီ ကျောက်တွေကို သွားဖြိုပစ်ရမလားဆိုပြီး စောင့်ကြည့်
နေကြတယ်”လို့ သူကပြောပါတယ်။ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲအတွင်းက စစ်ဘေးဒုက္ခသည်တွေရှိနေတဲ့ မြန်မာ-တရုတ်နယ်စပ်မှာ
လည်း ဩဂုတ်လလယ်ပိုင်းက တရုတ်ဘက်က နယ်ခြားခြံစည်းရိုး အလျင်အမြန် တည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မန်ဟီးရိုးမြို့နယ်ခွဲ၊ ဟက်ဟင်ရွာမှာ
မြန်မာ-တရုတ် နယ်ခြားစည်းကျော်ပြီး တရုတ်ဘက်က နယ်ကျွံစည်းရိုးကာယူထားတာကြောင့် ဒေသခံတွေဆန္ဒပြကာ ပြန်လည် ဖျက်ဆီး
ပစ်ခဲ့ပါသေးတယ်။တရုတ်နိုင်ငံဘက်က ပြီးခဲ့တဲ့၂၀၂၀ ကတည်းက ကိုဗစ်အကြောင်းပြပြီး မြန်မာ-တရုတ် နယ်စပ်တလျှောက် နယ်ခြား
အုတ်တံတိုင်းကာရာမှာ မြန်မာဘက်ကို စည်းကျော်ဝင်ရောက်လာတာဖြစ်ပါတယ်။ Source;VOM
Zawgyi
တ႐ုတ္ဘက္က နယ္ျခားစည္း ၁၀ ေပေက်ာ္ကာ လမ္းေဖာက္ေနတာကို ေဒသခံေတြမလိုလား
ေအာက္တိုဘာ ၁၂၊ ၂၀၂၁
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ခရိုင္၊ မူဆယ္ၿမိဳ႕နယ္၊ ၾကဴကုတ္ (ပန္ဆိုင္း)ၿမိဳ႕နယ္ခြဲ၊ ရပ္ကြက္ ၁၊ မန႔္မိုင္ရပ္မွာ တ႐ုတ္ဘက္ကေန ျမန္မာ-တ႐ုတ္ ႏွစ္နိုင္ငံ သေဘာတူ သတ္မွတ္ထားတဲ့ နယ္ျခားစည္းမ်ဥ္းထက္ ၁၀ေပေက်ာ္ကာ ေရလယ္မွာ ေက်ာက္ခ် လမ္းေဖာက္ ေနတာကို ေဒသခံေတြက မလိုလားေၾကာင္းနဲ႔ လယ္ေၿမ ထိခိုက္လာမွာကို စိုးရိမ္တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။
” ျမန္မာနိုင္ငံနဲ႔ တ႐ုတ္နိုင္ငံ တရားဝင္သတ္မွတ္ထားတဲ့ ေနရာထက္ ေခ်ာင္းထဲကို ၁၅ ေပခန္႔ကၽြံကာ ေရလယ္ ေက်ာက္ခ်ၿပီး တ႐ုတ္ဘက္က လမ္းေဖာက္လုပ္ေနတာ၊ အရင္ ေခ်ာင္းက ေပ ၂၀ ေလာက္ရွိတယ္။ ၾကဴကုန္ (ပန္ဆိုင္း)ၿမိဳ႕၊ ရပ္ကြက္ ၁၊ မန႔္မိုင္ရပ္မွာ။
ဒီ ေခ်ာင္းအလယ္ထိ ေရာက္ေနတယ္ သူတို႔ေက်ာက္ေတြ။ အစကေတာ့ ေခ်ာင္းက အုတ္တံတိုင္းထိ က်ယ္တယ္။ ပတ္ ကင္းလမ္းေဖာက္တာ
။ျမန္မာဘက္ျခမ္းက လယ္ပိုင္ရွင္ေတြ ေရႀကီးလာၿပီး လယ္ေတြမွာ ေရတိုက္စားလာလို႔ နယ္ျခားစည္းနားကို ေရကာတဲ့ စည္းရိုးလာလုပ္ရင္ေတာင္မွ တ႐ုတ္ဘက္က ေသနတ္နဲ႔ ေရာက္လာတယ္”လို႔ ေဒသခံ ၁ ဦးက ေအာက္တိုဘာ ၁၁ ရက္ေန႔ ညေနပိုင္းက ေျပာပါတယ္။
ႏွစ္နိုင္ငံ နယ္ျခားစည္းမ်ဥ္းနဲ႔ ၁၀ မီတာအတြင္း ဘာမွ မလုပ္ရဘူးလို႔ သတ္မွတ္ခ်က္ရွိထားေပမယ့္ တ႐ုတ္ဘက္က သတ္မွတ္ခ်က္ခ်ိဳးေဖာက္ၿပီး ၁၀ မီတာ အတြင္း ျမန္မာဘက္ျခမ္း ေခ်ာင္းအလယ္ထိ ေက်ာက္ဖို႔ကာ နယ္ျခားစည္းမ်ဥ္းတေလ်ာက္ တံတိုင္းကာတဲ့အျပင္
ကင္းပတ္လမ္းပါ နယ္ကၽြံေဖာက္လုပ္ေနတာေၾကာင့္ ေဒသခံေတြပိုင္ဆိုင္တဲ့ လယ္ယာေျမေတြထဲ ေရလၽွံလာမွာကို စိုးရိမ္ေနၾကတာ ျဖစ္ပါတယ္။
“ဒီေခ်ာင္းမွာ အဲ့ဒီလိုလုပ္လာလို႔ ပန္ဆိုင္းဘက္ျခမ္းက လယ္ေတြထဲ ေရေတြ ေရာက္ကုန္တယ္။ မိုးရြာရင္ ပိုဆိုးမွာ။ ေခ်ာင္းက ဒီ ျမန္မာဘက္ျခမ္းေရာက္သြားမွာ။ လယ္ေတာ အလယ္ေလာက္ ေရာက္သြားလိမ့္မယ္။ အခုေတာင္ ေခ်ာင္းက ျမန္မာနိုင္ငံဘက္ျခမ္းလွည့္လာၿပီ။ သူတို႔လုပ္တဲ့ ပုံစံက။” လို႔ လယ္ပိုင္ရွင္ ၁ ဦးက ေျပာပါတယ္။
တ႐ုတ္ဘက္က ေန႔ေရာ ညပါ မနားမေန အလ်င္စလို လုပ္ေနၿပီး မၾကာေသးမီအခ်ိန္က ေဒသခံေတြဟာ ျမန္မာဘက္က ဌာနဆိုင္ရာကို အေၾကာင္းၾကားတင္ျပတာေၾကာင့္ ဌာနဆိုင္ရာေတြ လာၾကည့္ေပမယ့္ ေခတၱရပ္ဆိုင္းထားၿပီး လက္ရွိမွာေတာ့ ျပန္လည္ ေဖာက္လုပ္ေနတာျဖစ္တယ္လို႔ သိရပါတယ္။
ေဒသခံေတြအေနနဲ႔ ေျမစာရင္း၊ ေထြအုပ္၊ ရဲ၊ သတင္းအဖြဲ႕ေတြအားလုံးကို တ႐ုတ္ဘက္ သက္ဆိုင္ရာကို အေၾကာင္းၾကားေပးဖို႔နဲ႔ တားဆီးေပးဖို႔ အေၾကာင္းၾကားထားေပမယ့္ ထူးျခားမႈ ရွိမလာဘူးလို႔ ေဒသခံတဦးေျပာျပခ်က္အရ သိရပါတယ္။
” ဌာနဆိုင္ရာေတြအေနနဲ႔ ဘာမွမလုပ္ဘူးဆိုရင္ ေဒသခံေတြက သူတို႔ကိုယ္တိုင္ အဲ့ဒီ ေက်ာက္ေတြကို သြားၿဖိဳပစ္ရမလားဆိုၿပီး ေစာင့္ၾကည့္ေနၾကတယ္”လို႔ သူကေျပာပါတယ္။
ၾကဴကုတ္ (ပန္ဆိုင္း)ၿမိဳ႕နယ္ခြဲအတြင္းက စစ္ေဘးဒုကၡသည္ေတြရွိေနတဲ့ ျမန္မာ-တ႐ုတ္နယ္စပ္မွာလည္း ဩဂုတ္လလယ္ပိုင္းက တ႐ုတ္ဘက္က နယ္ျခားၿခံစည္းရိုး အလ်င္အျမန္ တည္ေဆာက္ခဲ့တာလည္းျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၂ ရက္ေန႔ကလည္း ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ခရိုင္၊ မူဆယ္ၿမိဳ႕နယ္၊ မန္ဟီးရိုးၿမိဳ႕နယ္ခြဲ၊ ဟက္ဟင္ရြာမွာ ျမန္မာ-တ႐ုတ္ နယ္ျခားစည္းေက်ာ္ၿပီး တ႐ုတ္ဘက္က နယ္ကၽြံစည္းရိုးကာယူထားတာေၾကာင့္ ေဒသခံေတြဆႏၵျပကာ ျပန္လည္ ဖ်က္ဆီးပစ္ခဲ့ပါေသးတယ္။
တ႐ုတ္နိုင္ငံဘက္က ၿပီးခဲ့တဲ့၂၀၂၀ ကတည္းက ကိုဗစ္အေၾကာင္းျပၿပီး ျမန္မာ-တ႐ုတ္ နယ္စပ္တေလၽွာက္ နယ္ျခား အုတ္တံတိုင္းကာရာမွာ ျမန္မာဘက္ကို စည္းေက်ာ္ဝင္ေရာက္လာတာျဖစ္ပါတယ္။ Source;VOM