အာဏာသိမ်းစဉ်ကတည်းက ဖမ်းဆီးခံထားရသည့် သမ္မတ ဦးဝင်းမြင့်ကို CRPH၊ NUG နှင့် PDF ကို သိလားဟု စစ်ကောင်စီမေးမြန်း
အောက်တိုဘာ ၁၂
စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ရက်ကတည်းက ဖမ်းဆီးခံထားရသည့် သမ္မတ ဦးဝင်းမြင့်ကို CRPH၊ NUG နှင့် PDF တို့ကို သိ
လားဟု စစ်ကောင်စီရှေ့နေများက ယနေ့တရားခွင်တွင် မေးမြန်းခဲ့ကြောင်း သိရသည်။
စစ်တပ်၏ ဖမ်းဆီးခြင်းခံထားရသည့် သမ္မတဦးဝင်းမြင့်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၅၀၅(ခ) အမှုနှင့်
သဘာဝဘေးပုဒ်မ ၂၅ တို့အတွက် အောက်တိုဘာလ ၁၂ရက်က သက်သေအဖြစ် ထွက်ဆိုရာတွင် စစ်ကောင်စီဘက်က ရှေ့နေများက
မေးမြန်းခြင်းဖြစ်သည်။
တရားခွင်တွင် အပြန်အလှန်မေးခွန်းထုတ်ရာ၌ စစ်ကောင်စီရှေ့နေများက CRPH၊ NUG နှင့် PDF တို့ကို သိသလား
ဟု သမ္မတဦးဝင်းမြင့်ကို မေးမြန်းကြောင်း၊ သမ္မတဘက်မှ ရှေ့နေများက အဆိုပါ အဖွဲ့အစည်းများမှာ သမ္မတဦးဝင်းမြင့်ထိန်းသိမ်းခံရပြီးမှ
သာ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ ထိန်းသိမ်းခံထားရစဉ်အတွင်း သမ္မတ ဦးဝင်းမြင့်မှာ မည်သည့်သတင်းအချက်အလက်မျှ သိနိုင်ခွင့်မရှိ
ခဲ့ကြောင်း၊ ထို့ကြောင့် မေးခွန်းမှာ လျော်ညီမှု မရှိကြောင်း ပြန်လည်ကန့်ကွက်ခဲ့သည်။
ဆက်လက်ပြီး စစ်ကောင်စီရှေ့နေများက NLD လူငယ်များက ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF ၏ လုပ်ရပ်များကို သိ
ပါသလားဟု ထပ်မေးမြန်းခဲ့ရာ အဆိုပါမေးခွန်းမှာလည်း အလားတူပင်လျော်ညီမှု မရှိကြောင်း သမ္မတဘက်မှ ရှေ့နေများက ထပ်မံ
ကန့်ကွက်ခဲ့ကြောင်း စုံစမ်းသိရသည်။ယနေ့တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားသည့် ၅၀၅(ခ)နှင့် သဘာဝ
ဘေးပုဒ်မ ၂၅တို့ကို စစ်ဆေးခဲ့ပြီး အပြန်အလှန်လျောက်လှဲချက်ပေးခဲ့ကြသည်။
နောက်တပတ်ရုံးချိန်း သတ်မှတ်ရက်ဖြစ်သည့် အောက်တိုဘာလ ၁၉ရက်မှာ သီတင်းကျွတ်ရုံးပိတ်ရက်ဖြစ်သည့်အတွက် အောက်တိုဘာလ
၂၆ရက်ကို ပြောင်းလဲချိန်းဆိုခဲ့ကြောင်း သိရသည်။ Source; Me Kong News
Zawgyi
အာဏာသိမ္းစဥ္ကတည္းက ဖမ္းဆီးခံထားရသည့္ သမၼတ ဦးဝင္းျမင့္ကို CRPH၊ NUG ႏွင့္ PDF ကို သိလားဟု စစ္ေကာင္စီေမးျမန္း
အောက်တိုဘာ ၁၂
စစ္တပ္အာဏာသိမ္းသည့္ ေဖေဖာ္ဝါရီလ ၁ရက္ကတည္းက ဖမ္းဆီးခံထားရသည့္ သမၼတ ဦးဝင္းျမင့္ကို CRPH၊ NUG ႏွင့္ PDF တို႔ကို သိလားဟု စစ္ေကာင္စီေရွ႕ေနမ်ားက ယေန႔တရားခြင္တြင္ ေမးျမန္းခဲ့ေၾကာင္း သိရသည္။
စစ္တပ္၏ ဖမ္းဆီးျခင္းခံထားရသည့္ သမၼတဦးဝင္းျမင့္က နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ၅၀၅(ခ) အမႈႏွင့္ သဘာဝေဘးပုဒ္မ ၂၅ တို႔အတြက္ ေအာက္တိုဘာလ ၁၂ရက္က သက္ေသအျဖစ္ ထြက္ဆိုရာတြင္ စစ္ေကာင္စီဘက္က ေရွ႕ေနမ်ားက ေမးျမန္းျခင္းျဖစ္သည္။
တရားခြင္တြင္ အျပန္အလွန္ေမးခြန္းထုတ္ရာ၌ စစ္ေကာင္စီေရွ႕ေနမ်ားက CRPH၊ NUG ႏွင့္ PDF တို႔ကို သိသလားဟု သမၼတဦးဝင္းျမင့္ကို ေမးျမန္းေၾကာင္း၊ သမၼတဘက္မွ ေရွ႕ေနမ်ားက အဆိုပါ အဖြဲ႕အစည္းမ်ားမွာ သမၼတဦးဝင္းျမင့္ထိန္းသိ
မ္းခံရၿပီးမွသာ ေပၚေပါက္လာျခင္းျဖစ္ေၾကာင္း၊ ထိန္းသိမ္းခံထားရစဥ္အတြင္း သမၼတ ဦးဝင္းျမင့္မွာ မည္သည့္သတင္းအခ်က္အလက္မၽွ သိနိုင္ခြင့္မရွိခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ ေမးခြန္းမွာ ေလ်ာ္ညီမႈ မရွိေၾကာင္း ျပန္လည္ကန႔္ကြက္ခဲ့သည္။
ဆက္လက္ၿပီး စစ္ေကာင္စီေရွ႕ေနမ်ားက NLD လူငယ္မ်ားက ဖြဲ႕စည္းထားသည့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ – PDF ၏ လုပ္ရပ္မ်ားကို သိပါသလားဟု ထပ္ေမးျမန္းခဲ့ရာ အဆိုပါေမးခြန္းမွာလည္း အလားတူပင္ေလ်ာ္ညီမႈ မရွိေၾကာင္း သမၼတဘက္မွ ေရွ႕ေနမ်ားက ထပ္မံကန႔္ကြက္ခဲ့ေၾကာင္း စုံစမ္းသိရသည္။
ယေန႔တရားခြင္တြင္ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီက စြဲဆိုထားသည့္ ၅၀၅(ခ)ႏွင့္ သဘာဝေဘးပုဒ္မ ၂၅တို႔ကို စစ္ေဆးခဲ့ၿပီး အျပန္အလွန္ေလ်ာက္လွဲခ်က္ေပးခဲ့ၾကသည္။
ေနာက္တပတ္႐ုံးခ်ိန္း သတ္မွတ္ရက္ျဖစ္သည့္ ေအာက္တိုဘာလ ၁၉ရက္မွာ သီတင္းကၽြတ္႐ုံးပိတ္ရက္ျဖစ္သည့္အတြက္ ေအာက္တိုဘာလ ၂၆ရက္ကို ေျပာင္းလဲခ်ိန္းဆိုခဲ့ေၾကာင္း သိရသည္။Source; Me Kong News