ၾကားသိသမွ်

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးကို လုံးဝသောက်ဖတ်မလုပ်တဲ့ ထိုင်ဝမ်သမ္မတရဲ့ အမျိုးသားနေ့ မိန့်ခွန်း

“တရုတ်နိုင်ငံရဲ့ ဖိအားတွေအောက်မှာ အညံ့ခံမှာမဟုတ်ကြောင်း” လို့ထည့်သွင်းပြောကြားခဲ့တဲ့ ထိုင်ဝမ်သမ္မတရဲ့ အမျိုးသားရေးနေ့ မိန့်ခွန်း

အပေါ် တရုတ်နိုင်ငံဘက် ရှုံ့ချလိုက်ပါတယ်။

ထိုင်ဝမ်သမ္မတဟာ” ဘေကျင်းဘက်မှ မည့်သည်ဖိအားတွေကိုမဆို အညံ့ခံမှာမဟုတ်ကြောင်းနဲ့ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီလမ်းကြောင်းကို

အပြည့်အဝကာကွယ်ဖို့ အတွက် ကျွန်းကိုလုံခြုံရေးကိုဆက်လက်တိုးမြင့်မှာဖြစ်တယ်” လို့ မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့တာပဲဖြစ်

ပါတယ်။

တရုတ်ထိုင်ဝမ်ရေးရာ ဌာနကတော့ ထိုင်ဝမ်သမ္မတရဲ့ မိန့်ခွန်းထဲတွင် ထိပ်တိုက်ရင်ဆိုင်ရန် လှုံဆော်မှုများနဲ့ထင်ယောင်ထင်မှား ဖြစ်စေတဲ့

အချက်များစွာ ပါဝင်ကြောင်းနဲ့ ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးဟာ တွေ့ဆုံဆွေးနွေးရေး တံခါးတွေကိုပိတ်သွားစေတယ်လို့ ဆိုပါတယ်။ ဘေကျင်း

ဘက်မှ ထိုင်ဝမ်ဘက်ကို ခွဲထွက်ထားသော ပြည်နယ်တစ်ခုလို့သာ မြင်ကြောင်းလည်း ဆိုထားပါတယ်။

သူတို့ရဲ့ ပိုင်နက်ပါလို့ အခိုင်အမာဆိုနေတဲ့ တရုတ်အစိုးရဘက်က ပြောကြားနေတဲ့အချိန် ထိုင်ဝမ်ဟာ ပေ ကျင်းရဲ့ အုပ်ချုပ်မှုကို လက်ခံဖို့

စစ်ရေးနဲ့ နိုင်ငံရေးဖိအားတွေမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။


Getty Images


Getty Images

တရုတ်နိုင် ငံဘက်ကနေ စစ်ရေးလှုပ်ရှားမှုတွေ ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန်ထဲအထိ စစ်လေယာဉ် ရာနဲ့ ချီ ပျံသန်းမှုတွေ

လုပ်ဆောင်ခဲ့တာတွေက ထိုင်ဝမ်ကျွန်းရော၊ နိုင်ငံတကာအတွက်ပါ စိုးရိမ်မှုတွေဖြစ်ခဲ့ပါ တယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းကဆိုရင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာပြန်လည်ပြောင်းစည်းရေး တွေအကောင်အထည်ဖော်

လုပ်ဆောင်သွားမယ်လို့ ကတိပြုပြောကြားခဲ့ပြီး အင်အားသုံးသွားမလားဆိုတာ တွေကိုတော့ ရည်ညွှန်းဖော်ပြခဲ့ခြင်းမရှိပါဘူး။

ထိုင်ဝမ်အစိုးရကတော့ သူတို့တွေရဲ့လွတ်လပ်တဲ့ အနာဂတ်အတွက်ဆုံးဖြတ်ချက်ကို ထိုင်ဝမ်ပြည်သူတွေက သာ ဆုံးဖြတ်နိုင်တယ်ဆိုတဲ့

ပြောကြားချက်က တရုတ်သမ္မတရှီအတွက် ဒေါသတကြီးတုန့်ပြန်မှုကိုသာ ရရှိနေဆဲပဲဖြစ်ပါတယ်။


Getty Images

အမျိုးသား နေ့အခမ်းအနား မိန့်ခွန်းပြောကြားတဲ့နေရာမှာ ထိုင်ဝမ်ရေလက်ကြား ကတင်းမာမှုတွေ၊ မပြေလည်မှုတွေကို ငြိမ်းချမ်းအောင်

လုပ်ဆောင်ဖို့ မျှော်လင့်ထားတယ်လို့ သမ္မတ Tsai က ပြောကြားခဲ့ပါတယ်။

“ ကျွန်မတို့ ဆက်ပြီးတော့ အမျိုးသား ကာကွယ်ရေးကော၊ အမိတိုင်းပြည်ကို ကာကွယ်မယ့် စစ်ရေးမြင့် တင်လုပ်ဆောင်မှုတွေကို

ဆက်လက်လုပ်ဆောင်သွားမယ်။ တရုတ်က လိုချင်တဲ့ လမ်းကြောင်းပေါ် ထိုင်ဝမ်ကို ဘယ်သူကမှ တွန်းအားပေးတာကို လက်ခံသွားမှာ

မဟုတ်ပါဘူး” လို့ ဆိုပါတယ်။

ထိုင်ဝမ်သမ္မတရဲ့ ခုလို ပြင်းထန်တဲ့ ပြောကြားချက်တွေဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးဆိုတဲ့ မိန့်ခွန်း

ပြောကြားပြီး နောက်တစ်ရက်မှာပဲ ပြောကြားခဲ့တာဖြစ်ပါတယ်။

Zawgyi

“တ႐ုတ္နိုင္ငံရဲ့ ဖိအားေတြေအာက္မွာ အညံ့ခံမွာမဟုတ္ေၾကာင္း” လို႔ထည့္သြင္းေျပာၾကားခဲ့တဲ့ ထိုင္ဝမ္သမၼတရဲ့ အမ်ိဳးသားေရးေန႔ မိန႔္ခြန္းအေပၚ တ႐ုတ္နိုင္ငံဘက္ ရႈံ႔ခ်လိုက္ပါတယ္။

ထိုင္ဝမ္သမၼတဟာ” ေဘက်င္းဘက္မွ မည့္သည္ဖိအားေတြကိုမဆို အညံ့ခံမွာမဟုတ္ေၾကာင္းနဲ႔ ထိုင္ဝမ္ရဲ့ ဒီမိုကေရစီလမ္းေၾကာင္းကို အျပည့္အဝကာကြယ္ဖို႔ အတြက္ ကၽြန္းကိုလုံျခဳံေရးကိုဆက္လက္တိုးျမင့္မွာျဖစ္တယ္” လို႔ မိန႔္ခြန္းထဲတြင္ ထည့္သြင္းေျပာၾကားခဲ့တာပဲျဖစ္ပါတယ္။

တ႐ုတ္ထိုင္ဝမ္ေရးရာ ဌာနကေတာ့ ထိုင္ဝမ္သမၼတရဲ့ မိန႔္ခြန္းထဲတြင္ ထိပ္တိုက္ရင္ဆိုင္ရန္ လႈံေဆာ္မႈမ်ားနဲ႔ထင္ေယာင္ထင္မွား ျဖစ္ေစတဲ့ အခ်က္မ်ားစြာ ပါဝင္ေၾကာင္းနဲ႔ ထိုင္ဝမ္ရဲ့ လြတ္လပ္ေရးဟာ ေတြ႕ဆုံေဆြးေႏြးေရး တံခါးေတြကိုပိတ္သြားေစတယ္လို႔ ဆိုပါတယ္။ ေဘက်င္းဘက္မွ ထိုင္ဝမ္ဘက္ကို ခြဲထြက္ထားေသာ ျပည္နယ္တစ္ခုလို႔သာ ျမင္ေၾကာင္းလည္း ဆိုထားပါတယ္။

သူတို႔ရဲ့ ပိုင္နက္ပါလို႔ အခိုင္အမာဆိုေနတဲ့ တ႐ုတ္အစိုးရဘက္က ေျပာၾကားေနတဲ့အခ်ိန္ ထိုင္ဝမ္ဟာ ေပ က်င္းရဲ့ အုပ္ခ်ဳပ္မႈကို လက္ခံဖို႔ စစ္ေရးနဲ႔ နိုင္ငံေရးဖိအားေတြျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။

တ႐ုတ္နိုင္ ငံဘက္ကေန စစ္ေရးလႈပ္ရွားမႈေတြ ထိုင္ဝမ္ေလေၾကာင္းကာကြယ္ေရးဇုန္ထဲအထိ စစ္ေလယာဥ္ ရာနဲ႔ ခ်ီ ပ်ံသန္းမႈေတြ လုပ္ေဆာင္ခဲ့တာေတြက ထိုင္ဝမ္ကၽြန္းေရာ၊ နိုင္ငံတကာအတြက္ပါ စိုးရိမ္မႈေတြျဖစ္ခဲ့ပါ တယ္။

ၿပီးခဲ့တဲ့ စေနေန႔တုန္းကဆိုရင္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က ထိုင္ဝမ္နဲ႔ ၿငိမ္းခ်မ္းစြာျပန္လည္ေျပာင္းစည္းေရး ေတြအေကာင္အထည္ေဖာ္ လုပ္ေဆာင္သြားမယ္လို႔ ကတိျပဳေျပာၾကားခဲ့ၿပီး အင္အားသုံးသြားမလားဆိုတာ ေတြကိုေတာ့ ရည္ညႊန္းေဖာ္ျပခဲ့ျခင္းမရွိပါဘူး။

ထိုင္ဝမ္အစိုးရကေတာ့ သူတို႔ေတြရဲ့လြတ္လပ္တဲ့ အနာဂတ္အတြက္ဆုံးျဖတ္ခ်က္ကို ထိုင္ဝမ္ျပည္သူေတြက သာ ဆုံးျဖတ္နိုင္တယ္ဆိုတဲ့ ေျပာၾကားခ်က္က တ႐ုတ္သမၼတရွီအတြက္ ေဒါသတႀကီးတုန႔္ျပန္မႈကိုသာ ရရွိေနဆဲပဲျဖစ္ပါတယ္။

အမ်ိဳးသား ေန႔အခမ္းအနား မိန႔္ခြန္းေျပာၾကားတဲ့ေနရာမွာ ထိုင္ဝမ္ေရလက္ၾကား ကတင္းမာမႈေတြ၊ မေျပလည္မႈေတြကို ၿငိမ္းခ်မ္းေအာင္ လုပ္ေဆာင္ဖို႔ ေမၽွာ္လင့္ထားတယ္လို႔ သမၼတ Tsai က ေျပာၾကားခဲ့ပါတယ္။

“ ကၽြန္မတို႔ ဆက္ၿပီးေတာ့ အမ်ိဳးသား ကာကြယ္ေရးေကာ၊ အမိတိုင္းျပည္ကို ကာကြယ္မယ့္ စစ္ေရးျမင့္ တင္လုပ္ေဆာင္မႈေတြကို ဆက္လက္လုပ္ေဆာင္သြားမယ္။ တ႐ုတ္က လိုခ်င္တဲ့ လမ္းေၾကာင္းေပၚ ထိုင္ဝမ္ကို ဘယ္သူကမွ တြန္းအားေပးတာကို လက္ခံသြားမွာမဟုတ္ပါဘူး” လို႔ ဆိုပါတယ္။

ထိုင္ဝမ္သမၼတရဲ့ ခုလို ျပင္းထန္တဲ့ ေျပာၾကားခ်က္ေတြဟာ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ရဲ့ ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းေရးဆိုတဲ့ မိန႔္ခြန္းေျပာၾကားၿပီး ေနာက္တစ္ရက္မွာပဲ ေျပာၾကားခဲ့တာျဖစ္ပါတယ္။