အာဆီယံအထူးသံနဲ့ နိုင်ငံရေးပါတီတချို့တွေ့ဆုံပွဲ ပျက်
အာဆီယံအထူးသံတမန် မစ္စတာ ဧရာဝဏ် ယူဆော့ဖ် နဲ့ နိုင်ငံရေးပါတီတချို့ရဲ့ တွေ့ဆုံပွဲ ပျက်သွားပြီ လို့ သိရပါတယ်။ဒီနေ့ မွန်းလွဲပိုင်းမှာ
နေပြည်တော်၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာတွေ့ဆုံဖို့ စီစဉ်ထားတာ ပျက်သွားကြောင်းတော်သတင်းရင်းမြစ်ကဆိုပေမဲ့ ဘာ့
ကြောင့်ပျက်သွားသလဲဆိုတာမသိရသေးပါ ဘူး။
အာဆီယံအထူးသံနဲ့ တွေ့ဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ၈ခုကိုဖိတ်ထား တယ်လို့ သိရပါတယ်။
‘အခုတွေ့ဖို့ပျက်တယ်လို့သိရတာ ဘယ်ပါတီတွေကို ဖိတ်ထားသလဲဆိုတာ ကြံ့ဖွံ့နဲ့ ကျားဖြူ(ရှမ်းတိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီ)ပါ
တယ်လို့ပဲသိရတာ။ကျန်တာမသိဘူး။ခန့်မှန်းပြောရရင်တော့ စစ်ကောင်စီက သူတို့ပါတနာပါတီတွေကို ပေးတွေ့ဖို့လုပ်တာလို့ထင်တယ်။
၂၀၂၀ရွေးကောက် ပွဲတုန်းက အကြီးအကျယ်ရှုံးခဲ့တဲ့ပါတီတွေနဲ့’လို့ သူကပြောပါတယ်။
အောက်တိုဘာ၄ရက်နေ့၊အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာ မြန်မာစစ်အုပ်စုအ နေနဲ့ အာဆီယံအထူးသံနဲ့ ပူးပေါင်း
ဆောင်ရွက်မှုမရှိဘူးဆိုရင် ဒီလကုန်ပိုင်းမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင်ကိုတက်ရောက်ခွင့်ပြုဖို့ခက်ခဲ
လိမ့်မယ်လို့ မလေးရှားနိုင်ငံ ခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
အဲဒီနောက် အကြမ်းဖက်စစ်အုပ်စုပြောခွင့်ရ ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းနဲ့ တွေ့ဆုံပြီးမြန်မာနိုင်ငံရဲ့
လက်ရှိပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ရင် အဲဒီယုံကြည်မှုဟာ မျက်ကန်းယုံကြည်မှုလို့ တုံ့ပြန်ခဲ့ပါတယ်။
အာဆီယံအထူးသံဟာ မြန်မာနိုင်ငံသို့ရောက်ရှိနေပေမဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်နဲ့ တွေ့ဆုံခွင့်ရ၊မရ ထုတ်မ
ပြောသေးပါဘူး။
Zawgyi
အာဆီယံအထူးသံနဲ႔ နိုင္ငံေရးပါတီတခ်ိဳ႕ေတြ႕ဆုံပြဲ ပ်က္
အာဆီယံအထူးသံတမန္ မစၥတာ ဧရာဝဏ္ ယူေဆာ့ဖ္ နဲ႔ နိုင္ငံေရးပါတီတခ်ိဳ႕ရဲ့ ေတြ႕ဆုံပြဲ ပ်က္သြားၿပီ လို႔ သိရပါတယ္။ဒီေန႔ မြ
န္းလြဲပိုင္းမွာေနျပည္ေတာ္၊ ျပည္ ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္႐ုံးမွာေတြ႕ဆုံဖို႔ စီစဥ္ထားတာ ပ်က္သြားေၾကာင္းေ
တာ္သတင္းရင္းျမစ္ကဆိုေပမဲ့ ဘာ့ေၾကာင့္ပ်က္သြားသလဲဆိုတာမသိရေသးပါ ဘူး။
အာဆီယံအထူးသံနဲ႔ ေတြ႕ဖို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ အပါအဝင္ ပါတီ၈ခုကိုဖိတ္ထား တယ္လို႔ သိရပါတယ္။
‘အခုေတြ႕ဖို႔ပ်က္တယ္လို႔သိရတာ ဘယ္ပါတီေတြကို ဖိတ္ထားသလဲဆိုတာ ႀကံ့ဖြံ့နဲ႔ က်ားျဖဴ(ရွမ္းတိုင္း ရင္းသားမ်ားဒီမိုကရက္တစ္
ပါတီ)ပါတယ္လို႔ပဲသိရတာ။က်န္တာမသိဘူး။ခန႔္မွန္းေျပာရရင္ေတာ့ စစ္ေကာင္စီက သူတို႔ပါတနာပါတီေတြကို ေပးေတြ႕ဖို႔လုပ္
တာလို႔ထင္တယ္။၂၀၂၀ေရြးေကာက္ ပြဲတုန္းက အႀကီးအက်ယ္ရႈံးခဲ့တဲ့ပါတီေတြနဲ႔’လို႔ သူကေျပာပါတယ္။
ေအာက္တိုဘာ၄ရက္ေန႔၊အာဆီယံနိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးအၿပီးမွာ ျမန္မာစစ္အုပ္စုအ ေနနဲ႔ အာဆီယံအထူးသံနဲ႔
ပူးေပါင္းေဆာင္ရြက္မႈမရွိဘူးဆိုရင္ ဒီလကုန္ပိုင္းမွာ က်င္းပမယ့္ အာဆီယံ ထိပ္သီးအစည္းအေဝးသို႔ မင္းေအာင္လွိုင္ကိုတက္ေရာက္ခြ
င့္ျပဳဖို႔ခက္ခဲလိမ့္မယ္လို႔ မေလးရွားနိုင္ငံ ျခားေရးဝန္ႀကီးက ေျပာၾကားခဲ့ပါတယ္။
အဲဒီေနာက္ အၾကမ္းဖက္စစ္အုပ္စုေျပာခြင့္ရ ေဇာ္မင္းထြန္းက ေဒၚေအာင္ဆန္းစုၾကည္ တစ္ေယာက္တည္းနဲ႔ ေတြ႕ဆုံၿ
ပီးျမန္မာနိုင္ငံရဲ့ လက္ရွိျပႆနာေတြကို ေျဖရွင္းနိုင္မယ္လို႔ ယုံၾကည္ရင္ အဲဒီယုံၾကည္မႈဟာ မ်က္ကန္းယုံၾကည္မႈလို႔ တုံ႔ျပန္ခဲ့ပါတယ္။
အာဆီယံအထူးသံဟာ ျမန္မာနိုင္ငံသို႔ေရာက္ရွိေနေပမဲ့ ျမန္မာ့နိုင္ငံေရးေခါင္းေဆာင္ေဒၚေအာင္ဆန္းစု ၾကည္နဲ႔ ေတြ႕ဆုံခြင့္ရ၊
မရ ထုတ္မေျပာေသးပါဘူး။