ၾကားသိသမွ်

ဖရူဆိုမြို့နယ် ထားလဲကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ဖရူဆိုမြို့နယ် ထားလဲကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များ ၃ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာအနီး အောက်တိုဘာလ ၉၊ ၁၀၊ ၁၁ ရက် ၃ ရက်ဆက်တိုက် အကြမ်းဖက်စစ်

ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ၃ ဦး ဒဏ်ရာရကာ စစ်ကောင်စီဘက်မှ ၃ဦး

ထက်မနည်းကျဆုံးကြောင်း ကရင်နီ GZ တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

၉ ရက်နေ့ ညနေ၄ နာရီ ၂၀ကနေ ၆ခွဲအထိ တိုက်ပွဲဖြစ်ပြီး ကျနော်တို့ဘက်က ၃ ဦး ဒဏ်ရာရတယ်၊ စစ်ကောင်စီဘက် အကျအဆုံးတော့ မ

သိရဘူး၊ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီကနေ ညနေ ၃ နာရီထိ တိုက်ပွဲမှာ စစ်ခွေး ၃ ကောင်သေတယ်ဟုကရင်နီ GZတပ်ဖွဲ့ဝင်တစ်ဦးမှ ရန်

ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ၁၁ရက်နံနက်၁၀နာရီဝန်းကျင်တွင်လည် ထားလဲရွာအနီးစစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲ

ဖြစ်ပွားကြောင်း သိရပြီး နှစ်ဖက်ကျဆုံးစာရင်းအား လတ်တလော မရှိရသေးပေ။

ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး ကရင်နီတပ်မတော် KA၊ KNDF၊ KGZ၊ ပြည်

သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ခုခံတိုက်ခိုက်လျှက်ရှိသည်။

Zawgyi


ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာအနီး အောက်တိုဘာလ ၉၊ ၁၀၊ ၁၁ ရက် ၃ ရက်ဆက်တိုက် အကြမ်းဖက်စစ်ေ

ကာင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ၃ ဦး ဒဏ်ရာရကာ စစ်ကောင်စီဘက်မှ







