ၾကားသိသမွ်

ရန်ကုန်တိုင်းက ၃၁မြို့နယ်ကို ပုဒ်မ-၁၄၄ ထုတ်ပြန်ပြီးနောက် ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေပိုများလာ

ရန်ကုန်တိုင်းက ၃၁မြို့နယ်ကို ပုဒ်မ-၁၄၄ ထုတ်ပြန်ပြီးနောက် ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေပိုများလာ

ရန်ကုန်တိုင်းရှိ မြို့နယ် ၃၁ မြို့နယ်ကို လူ ၅ ဦးထပ်ပိုမစုဖို့ ပုဒ်မ-၁၄၄နဲ့ ည ၁၀ နာရီ ကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို

အောက်တိုဘာ ၈ရက်နေ့မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအမိန့်စာထုတ်တဲ့နေ့မှာပဲ လှိုင်မြို့နယ်နဲ့ထန်းတပင်မြို့နယ်မှာ ဗုံးပေါက်တာတွေ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ခဲ့လို့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊

စခန်းမှူး၊ ရဲတပ်သားတဦး၊ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အရပ်သား(၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မနေ့ အောက်ဆိုဘာ ၁၀ရက်နေ့ကလည်း အမိန့်ထုတ်ပြန်ထားတဲ့ မြို့နယ်အချို့မှာ ဗုံးပေါက်ကွဲမှု ၁၅ကြိမ်ဖြစ်ခဲ့ပြီး ပစ်ခတ်မှုကြောင့် တဦး

သေဆုံးကာ (၄)ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

လူ(၅)ဦးထပ်ပိုမစုရ ပုဒ်မ ၁၄၄ထုတ်ပြန်ပြီးနောက် ၂ရက်အတွင်းမှာပဲ ဗုံးပေါက်ကွဲမှု၂၃ကြိမ်ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုတွေကြောင့် သေဆုံး

ဒဏ်ရာရရှိခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ပုဒ်မ-၁၄၄ ထုတ်ပြန်ခဲ့တဲ့ ၃၁မြို့နယ်ထဲမှာ အရှေ့ပိုင်းခရိုင်နဲ့အနောက်ပိုင်းခရိုင်က ၂၆မြို့နယ်ပါဝင်ပြီး မြောက်ပိုင်းခရိုင်က (၉)မြို့နယ်ထဲမှာ

တော့ (၅)မြို့နယ်သာပါပြီး (၄)မြို့နယ်ပါဝင်ခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။

တောင်ပိုင်းခရိုင်ထဲက မြို့နယ်တွေဖြစ်တဲ့ ဒလ၊ဆိပ်ကြီးခနောင်တို၊သန်လျင်၊ကျောက်တန်း၊သုံးခွ၊ကော့မှုး၊ခရမ်း၊ကွမ်းခြံကုန်း၊ကိုကိုကျွန်း စ

တဲ့မြို့နယ်တွေကတော့ ပုဒ်မ၁၄၄ထုတ်ပြန်တဲ့အထဲမှာ ပါဝင်မှုမရှိတာကို တွေ့ရပါတယ်။

ရန်ကုန်တိုင်းကို ခရိုင်(၄)ခု မြို့နယ် ၄၅မြို့နယ်၊ ရပ်ကွက် ၇၄၃ခု၊ ကျေးရွာအုပ်စု ၆၁၉ခု၊ ကျေးရွာ ၂၁၆၂ရွာနဲ့ဖွဲ့စည်းထားတာလည်း ဖြစ်ပါ

တယ်။ Source; KK(VOM)

Zawgyi

ရန္ကုန္တိုင္းက ၃၁ၿမိဳ႕နယ္ကို ပုဒ္မ-၁၄၄ ထုတ္ျပန္ၿပီးေနာက္ ဗုံးေပါက္ကြဲမႈနဲ႔ ပစ္ခတ္မႈေတြပိုမ်ားလာ

ရန္ကုန္တိုင္းရွိ ၿမိဳ႕နယ္ ၃၁ ၿမိဳ႕နယ္ကို လူ ၅ ဦးထပ္ပိုမစုဖို႔ ပုဒ္မ-၁၄၄နဲ႔ ည ၁၀ နာရီ ကေန မနက္ ၄ နာရီအထိ ညမထြက္ရအမိန္႔ကို ေအာက္တိုဘာ ၈ရက္ေန႔မွာ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

အဲ့ဒီအမိန္႔စာထုတ္တဲ့ေန႔မွာပဲ လွိုင္ၿမိဳ႕နယ္နဲ႔ထန္းတပင္ၿမိဳ႕နယ္မွာ ဗုံးေပါက္တာေတြ ေသနတ္ပစ္ခတ္မႈေတြ ျဖစ္ခဲ့လို႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး၊ စခန္းမႉး၊ ရဲတပ္သားတဦး၊ေက်းရြာအုပ္ခ်ဳပ္ေရးမႉးနဲ႔ အရပ္သား(၄)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။

မေန႔ ေအာက္ဆိုဘာ ၁၀ရက္ေန႔ကလည္း အမိန္႔ထုတ္ျပန္ထားတဲ့ ၿမိဳ႕နယ္အခ်ိဳ႕မွာ ဗုံးေပါက္ကြဲမႈ ၁၅ႀကိမ္ျဖစ္ခဲ့ၿပီး ပစ္ခတ္မႈေၾကာင့္ တဦးေသဆုံးကာ (၄)ဦးဒဏ္ရာရရွိခဲ့ပါေသးတယ္။

လူ(၅)ဦးထပ္ပိုမစုရ ပုဒ္မ ၁၄၄ထုတ္ျပန္ၿပီးေနာက္ ၂ရက္အတြင္းမွာပဲ ဗုံးေပါက္ကြဲမႈ၂၃ႀကိမ္ျဖစ္ပြားခဲ့ၿပီး ပစ္ခတ္မႈေတြေၾကာင့္ ေသဆုံးဒဏ္ရာရရွိခဲ့တာေတြလည္း ရွိခဲ့ပါတယ္။

ပုဒ္မ-၁၄၄ ထုတ္ျပန္ခဲ့တဲ့ ၃၁ၿမိဳ႕နယ္ထဲမွာ အေရွ႕ပိုင္းခရိုင္နဲ႔အေနာက္ပိုင္းခရိုင္က ၂၆ၿမိဳ႕နယ္ပါဝင္ၿပီး ေျမာက္ပိုင္းခရိုင္က (၉)ၿမိဳ႕နယ္ထဲမွာေတာ့ (၅)ၿမိဳ႕နယ္သာပါၿပီး (၄)ၿမိဳ႕နယ္ပါဝင္ျခင္းမရွိတာကိုလည္း ေတြ႕ရပါတယ္။

ေတာင္ပိုင္းခရိုင္ထဲက ၿမိဳ႕နယ္ေတြျဖစ္တဲ့ ဒလ၊ဆိပ္ႀကီးခေနာင္တို၊သန္လ်င္၊ေက်ာက္တန္း၊သုံးခြ၊ေကာ့မႈး၊ခရမ္း၊ကြမ္းၿခံကုန္း၊ကိုကိုကၽြန္း စတဲ့ၿမိဳ႕နယ္ေတြကေတာ့ ပုဒ္မ၁၄၄ထုတ္ျပန္တဲ့အထဲမွာ ပါဝင္မႈမရွိတာကို ေတြ႕ရပါတယ္။

ရန္ကုန္တိုင္းကို ခရိုင္(၄)ခု ၿမိဳ႕နယ္ ၄၅ၿမိဳ႕နယ္၊ ရပ္ကြက္ ၇၄၃ခု၊ ေက်းရြာအုပ္စု ၆၁၉ခု၊ ေက်းရြာ ၂၁၆၂ရြာနဲ႔ဖြဲ႕စည္းထားတာလည္း ျဖစ္ပါတယ္။