သမိုင်းလမ်းဆုံ City Mart ရှေ့ ယာဉ်ထိန်းရဲကင်းတွင် စစ်ကောင်စီတပ်များ စုထိုင်နေစဉ် ဗုံးပေါက်၊ ထိခိုက်ဒဏ်ရာရမှုရှိ
မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ၊ City Mart ရှေ့ ယာဉ်ထိန်းရဲကင်းတွင် အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ဝန်းကျင်
အချိန် စစ်ကောင်စီတပ်သားများ စုထိုင်စေနေစဉ် ဗုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှိကြောင်း သိရှိရသည်။
“သမိုင်းလမ်းဆုံ၊ City mart ရှေ့ စစ်ခွေးတွေ အုပ်စုလိုက် ထိုင်တဲ့နေရာမှာ ဗုံးပေါက်တာ။ စစ်ခွေးတွေလည်း ထိသလို၊ Food panda
ကောင်းလေးတချို့လည်း လက်မောင်းမှာထိတယ်။ အတိအကျတော့ မသိရသေးဘူး” ဟု မျက်မြင်တွေ့ကြုံသူတစ်ဦးက ဆိုသည်။
မရမ်းကုန်းမြို့နယ်မှ ဒေသခံတစ်ဦးကလည်း ဗုံးပေါက်သံ အလွန်ကျယ်လောင်ပြီး ယာဉ်ထိန်းရဲကင်း မှန်များ ကွဲနေကြောင်း၊ စစ်သားတစ်ဦး
သွေးများ ရွှဲနေသည်ကို တွေ့မြင်ရသည်ဟု ပြောဆိုသည်။
“အုန်းကနဲ ၂ ချက်ကြားရတယ်။ သွေးတွေ ရွှဲနေတဲ့ စစ်သားတစ်ဦးတော့ သေလောက်မယ်ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
Zawgyi
သမိုင္းလမ္းဆုံ City Mart ေရွ႕ ယာဥ္ထိန္းရဲကင္းတြင္ စစ္ေကာင္စီတပ္မ်ား စုထိုင္ေနစဥ္ ဗုံးေပါက္၊ ထိခိုက္ဒဏ္ရာရမႈရွိ
မရမ္းကုန္းၿမိဳ႕နယ္၊ သမိုင္းလမ္းဆုံ၊ City Mart ေရွ႕ ယာဥ္ထိန္းရဲကင္းတြင္ ေအာက္တိုဘာလ ၁၁ ရက္ေန႔ မြန္းလြဲ ၁ နာရီ
၄၅ မိနစ္ဝန္းက်င္အခ်ိန္ စစ္ေကာင္စီတပ္သားမ်ား စုထိုင္ေစေနစဥ္ ဗုံးေပါက္ကြဲၿပီး ထိခိုက္ဒဏ္ရာရရွိသူ ရွိေၾကာင္း သိရွိရသည္။
“သမိုင္းလမ္းဆုံ၊ City mart ေရွ႕ စစ္ေခြးေတြ အုပ္စုလိုက္ ထိုင္တဲ့ေနရာမွာ ဗုံးေပါက္တာ။ စစ္ေခြးေတြလည္း ထိသလို၊ Food
panda ေကာင္းေလးတခ်ိဳ႕လည္း လက္ေမာင္းမွာထိတယ္။ အတိအက်ေတာ့ မသိရေသးဘူး” ဟု မ်က္ျမင္ေတြ႕ၾကဳံသူတစ္
ဦးက ဆိုသည္။မရမ္းကုန္းၿမိဳ႕နယ္မွ ေဒသခံတစ္ဦးကလည္း ဗုံးေပါက္သံ အလြန္က်ယ္ေလာင္ၿပီး ယာဥ္ထိန္းရဲကင္း မွန္မ်ား ကြဲေ
နေၾကာင္း၊ စစ္သားတစ္ဦး ေသြးမ်ား ရႊဲေနသည္ကို ေတြ႕ျမင္ရသည္ဟု ေျပာဆိုသည္။
“အုန္းကနဲ ၂ ခ်က္ၾကားရတယ္။ ေသြးေတြ ရႊဲေနတဲ့ စစ္သားတစ္ဦးေတာ့ ေသေလာက္မယ္ထင္တယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။