ၾကားသိသမွ်

ဘုန်းကြီးကျောင်းများတွင် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းဖြင့် တန်ပြန်ဝါဒဖြန့်ရေး တပ်တွင်းညွှန်ကြားချက် အပြင်သို့ ပေါက်ကြား

ဘုန်းကြီးကျောင်းများတွင် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းဖြင့် တန်ပြန်ဝါဒဖြန့်ရေး တပ်တွင်းညွှန်ကြားချက် အပြင်သို့ ပေါက်ကြား

မန္တလေးတွင် သံဃာများအား ဆွမ်းကပ်ခြင်းနှင့် ကိုဗစ် ပစ္စည်းများလှူဒါန်းပြီး သတင်းတွင်ဖော်ပြကာ တန်ပြန်ဝါဒဖြန့်ရေး ညွှန်ကြားသည့်

တပ်တွင်းညွှန်ကြားချက် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့တွင် အပြင်သို့ ပေါက်ကြားလာသည်။

“မန္တလေးတွင် PDF နှင့် ပတ်သက်သည့် ဘုန်းကြီးများအား ဝင်ရောက်ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းများ ဆောင်ရွက်နေရကြောင်း၊

ဘုန်းကြီးကျောင်းများတွင် သံဃာအစစ်များလည်း ရှိသည့်အတွက် တန်ပြန်ဝါဒဖြန့်နိုင်ရေး တပ်နယ်အလိုက် ဆရာ/ဒကာ စီမံချက်ကို

အကောင်အထည်ဖော်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း နှင့် လှူဒါန်းသည့်အခါမှာလည်း သတင်းထုတ်ပြန်နိုင်ရန် ဓါတ်ပုံမှတ်တမ်းများ

အပြင် (၁၂)စက္ကန့်မှ (၁၅)စက္ကန့်အကြာ ဗီဒီယိုမှတ်တမ်းလည်းရိုက်ထားပြီး သတင်းအတွက်ပေးပို့ရန်”ညွှန်ကြားထားခြင်း ဖြစ်သည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စား တိုင်းဦးစီးချုပ်မှ တပ်နယ်မှူးများသို့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့က Video

Confrencing ဖြင့် တွေ့ဆုံပြီး ညွှန်ကြားထားခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်တပ်က နိုင်ငံ့အာဏာကို လက်နက်အားကိုးဖြင့် သိမ်းပြီးနောက်ပိုင်းတွင် ယခင်ကထက် ဘုန်းကြီးကျောင်းများတွင် ကြက်ဥ၊

ဆန်၊ ဆီများ လှူဒါန်းမှု ပိုမို လုပ်ဆောင်ပြသ သလို Covid-19 ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်းတို့အား သတင်းတွင် ပါလာနိုင်ရေး

အတွက် လုပ်ပြနေသည်ကိုလည်း စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ Webiste တို့တွင် နေ့စဉ်

တွေ့မြင်နေရသည်။

အမျိုးဘာသာ သာသနာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုသည့် စကားလုံးအား အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း

အောင်လှိုင်က ၎င်းရောက်ရှိသည့် ဒေသတိုင်းတွင် ထည့်သွင်းပြောကြားလေ့ရှိပြီး ၎င်း၏ စစ်တပ်သည် ဘာသာရေးကို ဝါဒဖြန့်စရာအဖြစ်

လက်တွေ့အသုံးချနေသည်ကို ယခု ပေါက်ကြားလာသည့် ညွှန်ကြားချက်များအရ သိရသည်။ Source; တာခ်ီလိတ္News

Zawgyi

ဘုန္းႀကီးေက်ာင္းမ်ားတြင္ လႉဖြယ္ပစၥည္းမ်ား လႉဒါန္းျခင္းျဖင့္ တန္ျပန္ဝါဒျဖန႔္ေရး တပ္တြင္းညႊန္ၾကားခ်က္ အျပင္သို႔ ေပါက္ၾကား

မႏၲေလးတြင္ သံဃာမ်ားအား ဆြမ္းကပ္ျခင္းႏွင့္ ကိုဗစ္ ပစၥည္းမ်ားလႉဒါန္းၿပီး သတင္းတြင္ေဖာ္ျပကာ တန္ျပန္ဝါဒျဖန္႔ေရး ညႊန္ၾကားသည့္ တပ္တြင္းညႊန္ၾကားခ်က္ ၂၀၂၁ခုႏွစ္ ေအာက္တိုဘာလ(၁၀)ရက္ေန႔တြင္ အျပင္သို႔ ေပါက္ၾကားလာသည္။

“မႏၲေလးတြင္ PDF ႏွင့္ ပတ္သက္သည့္ ဘုန္းႀကီးမ်ားအား ဝင္ေရာက္ရွာေဖြျခင္း၊ ဖမ္းဆီးျခင္းမ်ား ေဆာင္ရြက္ေနရေၾကာင္း၊ ဘုန္းႀကီးေက်ာင္းမ်ားတြင္ သံဃာအစစ္မ်ားလည္း ရွိသည့္အတြက္ တန္ျပန္ဝါဒျဖန႔္နိုင္ေရး

တပ္နယ္အလိုက္ ဆရာ/ဒကာ စီမံခ်က္ကို အေကာင္အထည္ေဖာ္ရန္ ညႊန္ၾကားထားၿပီးျဖစ္ေၾကာင္း ႏွင့္ လႉဒါန္းသည့္အခါမွာလည္း သတင္းထုတ္ျပန္နိုင္ရန္ ဓါတ္ပုံမွတ္တမ္းမ်ားအျပင္ (၁၂)စကၠန႔္မွ (၁၅)စကၠန႔္အၾကာ ဗီဒီယိုမွတ္တမ္းလည္းရိုက္ထားၿပီး သတင္းအတြက္ေပးပို႔ရန္”ညႊန္ၾကားထားျခင္း ျဖစ္သည္။

အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ကိုယ္စား တိုင္းဦးစီးခ်ဳပ္မွ တပ္နယ္မႉးမ်ားသို႔ ၂၀၂၁ခုႏွစ္ ေအာက္တိုဘာလ(၈)ရက္ေန႔က Video Confrencing ျဖင့္ ေတြ႕ဆုံၿပီး ညႊန္ၾကားထားျခင္း ျဖစ္သည္။

အာဏာသိမ္းစစ္တပ္က နိုင္ငံ့အာဏာကို လက္နက္အားကိုးျဖင့္ သိမ္းၿပီးေနာက္ပိုင္းတြင္ ယခင္ကထက္ ဘုန္းႀကီးေက်ာင္းမ်ားတြင္ ၾကက္ဥ၊ ဆန္၊ ဆီမ်ား လႉဒါန္းမႈ ပိုမို လုပ္ေဆာင္ျပသ သလို

Covid-19 ကာကြယ္ေရးပစၥည္းမ်ား လႉဒါန္းျခင္းတို႔အား သတင္းတြင္ ပါလာနိုင္ေရးအတြက္ လုပ္ျပေနသည္ကိုလည္း စစ္တပ္ပိုင္ ျမဝတီ႐ုပ္ျမင္သံၾကားႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး၏ Webiste တို႔တြင္ ေန႔စဥ္ ေတြ႕ျမင္ေနရသည္။

အမ်ိဳးဘာသာ သာသနာ ကာကြယ္ထိန္းသိမ္းေစာင့္ေရွာက္ေရး ဆိုသည့္ စကားလုံးအား အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ၎ေရာက္ရွိသည့္ ေဒသတိုင္းတြင္ ထည့္သြင္းေျပာၾကားေလ့ရွိၿပီး ၎၏ စစ္တပ္သည္ ဘာသာေရးကို ဝါဒျဖန႔္စရာအျဖစ္ လက္ေတြ႕အသုံးခ်ေနသည္ကို ယခု ေပါက္ၾကားလာသည့္ ညႊန္ၾကားခ်က္မ်ားအရ သိရသည္။

Source; တာခ်ီလိတ္News