ၾကားသိသမွ်

စစ်တပ်အပါအဝင် ဝန်ထမ်းအားလုံး ချေးငွေ ၂ လစာကို ဒီလကုန်ကစပြီး အရစ်ကျပြန်ဆပ်ရမယ်လို့ သိရ

စစ်တပ်အပါအဝင် ဝန်ထမ်းအားလုံး ချေးငွေ ၂ လစာကို ဒီလကုန်ကစပြီး အရစ်ကျပြန်ဆပ်ရမယ်လို့ သိရ


“အစက သူတို့မပါဘူးထင်ကြတာ၊ အခုတော့ စစ်သားတွေရော အကုန်ပါတယ် ပြန်ဆပ်ရမှာ၊ ပြန်ဆပ်ရမယ့်လစာဖြတ်မယ့်နူန်းကိုလည်း

စာပို့ထားတယ်လို့ပြောတယ်။ အခုလကုန်စဖြတ်မယ်လို့ပြောတယ်။သူတို့ကတော့ မဖြတ်လောက်ဘူး ထင်နေကြတာပေါ့။ ” လို့ စစ်တပ်နဲ့ နီးစပ်သူ တယောက်ကပြောပါတယ်။

CDM လုပ်လို့ ရာထူးကနေ ထုတ်ပယ်ခံထားရသူတွေအားလုံးလည်း ဒီလကုန်မှာ ပြန်လည်ပေးဆပ်ရမှာဖြစ်တယ်လို့ ဝန်ထမ်းတွေဆီက သိရပါတယ်။

အခုလို ချေးငွေပြန်ဆပ်ရမယ့်အပေါ် CDM ဝန်ထမ်းတွေကတော့ ပြန်ဆပ်ဖို့မရှိကြောင်း ပြောဆိုနေကြပြီး လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကတော့ ရရှိတဲ့လစာထဲက ဖြတ်တောက်ခံရမှာဖြစ်လို့ ငြင်းဆိုခွင့်မရှိဘူးလို့ ပြောပါတယ်။

” အရစ်ကျပြန်ဆပ်ရမှာပေါ့။ လစာရတဲ့အပေါ်မူတည်ပြီး ဖြတ်မယ်လို့သိရတယ်။ အခုကာလပြန်ဆပ်ဖို့က ဘယ်အဆင်ပြေမလဲ၊ အခုက စားဖို့တောင်အနိုင်နိုင်ပါ။

ဖြစ်နိုင်ရင်တော့ မဖြတ်စေချင်သေးဘူးပေါ့။ ” လို့ လယ်/စီ/ခန့်ဌာနမှ အမည်မဖော်လိုသူဝန်ထမ်းကပြောပါတယ်။

ချေးငွေပြန်လည် ပေးဆပ်ရမယ့်ပုံစံမှာ CDMတွေက ချေးငွေအားလုံးကို ပြန်ပေးဆပ်ရမှာဖြစ်ပြီး Non CDM တွေကတော့ ရရှိတဲ့လစာနဲ့ ချေးငွေရယူထားတဲ့ ပမာဏအပေါ်မူတည်ပြီး လစဉ်ဖြတ်တောက်မှာဖြစ်တယ်လို့ ဝန်ထမ်းတွေရဲ့ပြောပြချက်အရ သိရပါတယ်။

” အခုထိ cdm လုပ်တဲ့သူတွေကို ပြန်ဝင်ရင်လက်ခံပေးမယ်ကြားတယ်။ဒီလမှပြန်မဝင်ရင် ထုတ်ချေးထားတဲ့ပိုက်ဆံကိုလည်း ငွေစာရင်းက

မတောင်းတော့ဘဲ cdm စာရင်းကို ပြည်ထဲရေးကိုအပ်လိုက်တော့မယ်လို့လည်းကြားတယ်။ အလုပ်ပြန်ဝင်ရင်တော့ လစာထဲကပဲ အရစ်ကျဖြတ်မယ့်သဘောပေါ့။ “လို့ တက္ကသိုလ်တစ်ခုက အမည်မဖော်လိုသူ ဝန်ထမ်းကပြောပါတယ်။

ထုတ်ချေးစဉ်က ၆ လသက်တမ်းနဲ့ထုတ်ချေးခဲ့ခြင်းဖြစ်ပေမယ့် သက်တမ်း ၆ လ ထပ်မံတိုးမြှင့်ပေးခဲ့ပြီးဖြစ်လို့ ချေးငွေတွေပြန်ကောက်ဖို့ တိုင်းနဲ့ပြည်နယ်အသီးသီးကို အကြောင်းကြားထားတယ်လို့ စက်တင်ဘာလထဲမှာ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

CDM ပြုလုပ်လို့ ရာထူးကနေထုတ်ပယ်ခံထားရသူတွေအနေနဲ့ ဝန်ထမ်းချေးငွေတွေကိုပြန်ဆပ်ဖို့ သတ်မှတ်ပေးထားတဲ့ အချိန်အတွင်း

ပေးဆပ်ရမှာဖြစ်ပြီး တကယ်လို့ သတ်မှတ်ကာလအတွင်း ချေးငွေပြန်မဆပ်ခဲ့ပါက ဥပဒေအရအရေးယူဆောင်ရွက်တဲ့အထိ ပြုလုပ်သွားမှာဖြစ်တယ်ဆိုတာကို တက္ကသိုလ်အချို့မှာ အသိပေးစာထုတ်ပြန်ထားတာလည်း ရှိတယ်လို့ သိရပါတယ်။ Source; VOM