ၾကားသိသမွ်

သတင်းစာရှင်းလင်းပွဲတွင်မျက်နှာကိုတည့်တည့်ကြည့်ပြီး မေးချင်သောမေးခွန်းများ

မျက်နှာကိုတည့်တည့်ကြည့်ပြီး မေးချင်သောမေးခွန်းများ
သတင်းစာရှင်းလင်းပွဲတွင် ကျွန်ုပ်ကိုဖိတ်ခဲ့ပြီး (မဖမ်းပါဟု အာမခံလျှင်) မျက်နှာကိုတည့်တည့်ကြည့်ပြီး မေးချင်သောမေးခွန်းများမှာ …

၁ ။ NLD မဲလိမ်မဲခိုး၍ အာဏာသိမ်းရပါသည် ဆိုပြီး ပြောနေခြင်းကို ပြည်သူတွေလုံးဝလက်မခံ၊ အယုံအကြည်မရှိတာ တပ်မတော်မှသိရှိခြင်း ရှိမရှိ

၂။ ၂၀၀၈ဖွဲ့စည်းပုံဥပဒေအရ ပထမသမ္မတကိုကျော်၍ ဒုတိယသမ္မတဦးမြင့်ဆွေက ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအပ်၍ မရဘူးဆိုတာ သိမသိ ။

၃။ ပြည်သူလူထု ကရွေးကောက်တင်မြှောက်ထားသောအစိုးရကို လက်နက်ဖြင့် ဖမ်းဆီးဖြုတ်ချခြင်းသည် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု (High Treason)ပုဒ်မ ၁၂၁ အရသေဒဏ်ထိုက်သောပြစ်မှု ဆိုသည်ကို သိပါသလား ။

၄။ မြန်မာ့ပြည်တွင်းရေးတွင်တရုတ်နှင့် ရုရှားကိုအားကိုးခြင်း ၊ အဝတ်အစားဝတ်ရာတွင် ပြည်တွင်းဖြစ်ကို အားမပေးပဲ ပြည်ပနိုင်ငံများမှ

LV တံဆိပ် ဖိနပ်ကိုဝတ်ခြင်း ၊ နိုင်ငံခြားဖြစ်ပိတ်စ ၊နိုင်ငံခြားဖြစ် ကား၊ နိုင်ငံခြားဖြစ်နာရီ၊ နိုင်ငံခြားဖြစ် လက်ကိုင်အိပ်များသာ ကိုင်ဆောင်ခြင်းသည် ပြည်ပအားကိုးပုဆိန်ရိုး ၊ အဆိုးမြင်ဝါဒီများအားဆန့်ကျင်ကြ ဟူသောစာသားနှင့် ကိုက်ညီနေခြင်း ရှိမရှိ။

၅။ ဘုန်းကြီးများကို ဖမ်းသည့်အဖွဲ့ကဖမ်း၍ ဆုတံဆိပ်တော်ချီးမြင့်သည့်အဖွဲ့က ချီးမြင့်နေခြင်းသည် သူတော်ကောင်းယောင်ဆောင်နေခြင်း ဟုတ်မဟုတ် ။

၆။မဲစာရင်းမှားယွင်းသဖြင့် အာဏာထိမ်းရပါသည်ဆိုသည့်အကြောင်းပြချက် နှင့် ကလေးငယ်များကိုပင်မရှောင် သေနတ်ဖြင့် ပစ်သတ်နေခြင်းသည် ပတ်သက်ဆက်သွယ်မှု ရှိမရှိ။ ဥပမာ ၊ ၊ ကလေးက မဲစာရင်းလိမ် ၍ သတ်ရခြင်းပေလားဟု သိလို။

၇။ ဥပဒေနှင့်အညီ ၊တည်ဆဲဥပဒေကြီးနှင့်အညီဟု မကြာခန ပြောကြားနေသော စကားတွင် လူတယောက်ကိုဖမ်းသွားပြီး နောက်တနေ့တွင် သေပါပြီဟုပြောခြင်း ၊

လက်နက်မရှိ အေးချမ်းစွာအဖမ်းခံသူများကို လမ်းပေါ်တွင်ရိုက်နှက်ခြင်း ၊ ဖမ်းဆီးမိသူလူငယ်များ ကို လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခြင်း ၊ အိမ်များ၊ဆိုင်များသို့ဝင်၍ပ စ္စည်းများဖျက်ခြင်း လုယက်ယူငင်ခြင်း များ ၊

ပြည်သူလူထုကိုမကြားဝံ့မနာသာ အော်ဟစ်ဆဲဆိုခြင်းများ၊ တွေ့ရာမြင်ရာအကြောင့်မဲ့ပစ်ခတ်မှု ၊ အကြောင်းမဲ့ဖမ်းဆီးမှုများ၊ ဖမ်းဆီးမိသူများကို မိသားစုနှင့်တွေ့ခွင့်၊ ရှေ့နေနှင့်တွေ့ခွင့်မပေးခြင်း ၊

မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည် မသိရခြင်း ၊မိသားစုမသိရပဲ အလောင်းများကိုသဂြိုဟ် ပစ်ခြင်း တို့သည် ဥပဒေနှင့် ညီညွတ်ခြင်း ရှိမရှိ ။

ဥပဒေနှင့် ညီသည်ဆိုပါက မည်သည့်ဥပဒေ နှင့်ညီသည် ၊ဥ ပဒေနှင့်မညီဘူးဆိုပါက ဥပဒေချိုးဖောက်သူများကို စစ်ခုံရုံးဖြင့် စစ်ဆေးအရေးယူရန် အစီအစဉ် ရှိမရှိ စသည်တို့ကို သိလိုပါသည် ။

၈။တပ်မတော်သည် ဒီမိုကရေစီကိုဖော်ဆောင်မည်ဟုပြောခဲ့ပြီးဖြစ်ရာ ထိုဒီမိုကရေစီဆိုတာကြီးတွင် ပြည်သူလူထုသည် မိမိမကြိုက်သည်ကို မကြိုက်ဘူးဟု ငြိမ်းချမ်းစွာပြောခွင့် ရှိမရှိ သိလိုပါသည်။

ထို့ထက်အလွန်သိလိုသည်များလည်း ရှိသေးသော်လည်း လောလောဆယ် ဤမျှပဲမေးခွင့်ရလျှင်ပင် အလွန်ဝမ်းသာပါသည်။ ကျွန်ုပ် ဖေ့စ်ဘွတ်အား စောင့်ကြည့်နေသော ကြံ့ဖွတ်နှင့် စစ်ဒလန်များမှတဆင့် ဖြေနိုင်သူထံ ပို့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

သရဝဏ် (ပြည်)
October 9, 2021

#လေးစားစွာဖြင့် ခရက်ဒစ်