ၾကားသိသမွ်

Dr.ဆာဆာမှ အာဆီယံခေါင်းဆောင်များအား ပြင်းထန်စွာမေးခွန်းထုတ် တောင်းဆို

ဒေါက်တာဆာဆာမှအာစီယံသို့တောင်းဆိုချက်

Dr.ဆာဆာမှ အာဆီယံခေါင်းဆောင်များအား ပြင်းထန်စွာမေးခွန်းထုတ် တောင်းဆိုလိုက်ပါတယ်။

အာဆီယံ ခေါင်းဆောင်များ၊ လူကြီးမင်းတို့အနေနဲ့ ဂုဏ်သိက္ခာမကျဆင်းချင်ဘူးတိုရင် ဒီအချိန်မှာ ဆုံးဖြတ်ချက်ခိုင်မာဖို့ အချိန်ရောက်နေပါပြီ။

မြန်မာပြည်သူတွေဘက်က ပြတ်ပြတ်သားသားရပ်တည်ကြပါ။ NUG အစိုရအားပြတ်ပြတ်သားသား လက်ခံကြပါ။ကမ္ဘာကြီးက ခင်ဗျာတို့ကို ကြည့်နေပါတယ်။

မင်းအောင်လိူင်တို့လို အကြမ်းဖက်သမား ၊ ခိုးဖို့ ၊ လုဖို့ ၊ သတ်ဖို့ ၊ ပျက်စီးဖို့ကလွဲလို့ ​မြန်မာပြည်သူတွေအတွက် ဘာတစ်ခုမှ မလုပ်နိူင်၊ မကိုင်နိူင်တဲ့ အကြမ်းဖက်အုပ်စုအတွက်ကာဗာလုပ်ပေးနေကြတာ ချက်ချင်းရပ်တန့်ပေးကြပါ။

မင်းအောင်လိူင်လို ကမ္ဘာ့လူသတ်သမား ၊ ကမ္ဘာ့အဖျတ်သမားဆီက ခင်ဗျာတို့ ဘာကိုမျော်လင့်နေတာလဲ? မင်းအောင်လိူင်တို့က အာဏာရူးတာကလွဲရင် ဘာတန်ဖိုးမှသိတတ်တဲ့သူမဟုတ်ပါ။

အာဆီယံ ဘုံသဘောတူညီချက် (၅)ချက်အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လိူင်ကိုယ်တိုင် အာဆီယံအစည်းအဝေးကိုတက်လာပြီးတော့သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်။

ဘယ်နှစ်လရှိနေပြီလဲ? ဘယ်တစ်ခုကိုလိုက်နာပြီလဲ? မင်းအောင်လိူင်က သူကိုယ်တိုင်သဘောတူ လက်မှတ်ထိုးပြီး ဘုံသဘောတူညီချက် (၅)ချက်ထဲက ဘယ်အချက်ကို လိုက်နာ ကျင့်သုံးနေပြီလဲ?

မလိုက်နာ မကျင့်သုံးတဲ့အပြင် ဆက်ပြီး ပြစ်မူတွေ ကျူးလွန်နေတာ ခင်ဗျာတို့ မြင်တယ်မဟုတ်ပါလား?အာဆီယံအဖွဲ့အစည်း တစ်ခုလုံးရဲ့ကိုကတိ​ပေးလက်မှတ်ထိုးပြီးတော့

မလိုက်နာတာဟာ အာဆီယံအဖွဲ့အစည်းတစ်ခုလုံးကို မလေးစား၊ တန်ဖိုးမထားရာမရောက်ဘူးလား? လူကြီးမင်းတို့အနေနဲ့ ဒီအချိန်ဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိူင်ဖို့အချိန်ရောက်ရှိနေပါပြီ။ သေချာစဥ်းစား ဆုံးဖြတ်ကြပါ။

ခင်ဗျာတို့အနေနဲ့ မင်းအောင်လိူင်တို့ အကြမ်းဖက်အုပ်စုကို ဘယ်လောက်ပဲ ကာဗာလုပ်ပေး ၊လုပ်ပေး အကြမ်းဖက်အဖွဲ့ဟာ အကြမ်းဖက်အဖွဲ့ပါပဲ သူတို့ဘယ်လိုမှအောင်မြင်စရာအကြောင်းမရှိဘူး။

မြန်မာပြည်သူလူထုတစ်ရပ်လုံးက ဘယ်လိုမှလက်မခံနိူင်ဘူး။ ခင်ဗျာတို့အနေနဲ့မင်းအောင်လိူင် အကြမ်းဖက်အုပ်စုကို ဆက်လက်ပြီး ကာဗာလုပ်ပေးနေအုံးမယ်ဆိုရင် ခင်ဗျာတို့ တစ်ချိန်မှာ ကြီးမာတဲ့ နောင်တရမယ်ဆိုတာ ကြိုတင်အသိပေးရပါစေ။

ခင်ဗျာတို့အနေနဲ့မင်းအောင်လိူင်တို့ အကြမ်းဖက်အုပ်စုကို ဆက်ပြီး ကာဗာဆက်လုပ်ပေးအုံးမယ်ဆိုရင် ဒါဟာအာဆီယံက ကမ္ဘာကြီးကို မျက်နာပြောင်တိုက်တာနှင့်အတူတူပဲ ဖြစ်သွားပါလိမ့်မည်။

အာဆီယံက ဒီမိုကရေစီကို မျက်နာပြောင် တိုက်တာနှင့်အတူတူပဲဖြစ်သွားပါလိမ်မည်။ အာဆီယံဆိုရင် ကျွန်တော်မြန်မာနိူင်ငံလဲပါတာဖြစ်ပါတယ်။ ကမ္ဘာမှာအာဆီယံဂုဏ်သိက္ခာကျရင် ကျွန်တော်တို့မြန်မာနိူင်ငံပါ ဂုဏ်သိက္ခာကျတာမို့ အသိပေးရခြင်းဖြစ်ပါတယ်။

အာဆီယံခေါင်းများကိုထပ်ပြီး အသိပေးချင်တာကတော့ NUG အစိုးရဟာ မြန်မာပြည်သူလူထုကနေ မွေးဖွားလာခဲ့တာပါ။
ကျွန်တော်တို့ NUG အစိုးရခေါင်းဆောင်များဟာ ကမ္ဘာကိုရင်ဘောင်တန်းနိူင်တဲ့ ခေါင်းဆောင်များဖြစ်ပါတယ်။

အာဆီယံနိူင်ငံများရဲ့ စီးပွားရေးအများစုဟာ အနောက်နိူင်ငံနှင့် စက်စပ်မူရှိတယ်ဆိုတာမမေ့ကြပါတယ်။ဒီအချိန် ဒီအခါမှာ အာဆီယံခေါင်းဆောင်များအနေဖြင့် အမှား၊အမှန်ကိုသေချာဆုံးဖြတ်နိူင်ကြလိမ့်မယ်လို့ မျော်လင့်ပါတယ်။

အာဆီယံအဖွဲ့အစည်း အနေနဲ့ ချက်ချင်းမဖြစ်နိူင်ရင်တောင်မှ တစ်နိူင်ငံချင်းစီ မြန်မာပြည်သူဘက်က ရပ်တည်ပေးကြပါ ၊ တရားဝင်အစိုးရ၊ ပြည်သူ့အစိုးရဖြစ်တဲ့ NUG အစိုးရကို အမြန်ဆုံးလက်ခံကြပါလို့ တောင်းဆိုရင်းနှင့် နိဂုံးချုပ်ပါရစေ ။

အားလုံးကို ဘုရားသခင်ကောင်းကြီးပေးပါစေ။

ပြည်ထောင်စုဝန်ကြီး
Dr. Sasa