အမေရိကန်အထက်လွှတ် တော်အား Dr.ဆာဆာမှလက်ရှိမြန်မာ့အရေးနှင့်ပတ်သက်ပြီး တင်ပြမိန့်ခွန်ပြောကြား
ဂုဏ်သရေရှိလူကြီးမင်းများနှင့်ဆုံတွေ့စကားပြောခွင့်ရလို့ ဦးစွာကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။အရင်ဆုံးပြောချင်တာကတော့ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့နိုင်ငံတိုင်းအတွက် စံပြနိုင်ငံတခုလို့ပြောရင်မမှားပါဘူး။
ကမ္ဘာမှာဒီမိုကရေစီအထွန်းကားဆုံးဒီမိုကရေစီအပြည့်ဝဆုံးနိူင်ငံကြီးလဲဖြစ်ပါတယ်။ကမ္ဘာမှာ ဒီမိုကရေစီကို ချစ်မြတ်နိုးပြီး၊လိုလားတဲ့နိူင်ငံတိုင်းအတွက် အမေရိကန်ပြည်ထောင်စုကြီးဟာ ဒီမိုကရေစီ ဖခင်နိူင်ငံကြီးလဲဖြစ်ပါတယ်ဆိုတာအရင်ပြောပါရစေ။
မြန်မာ့ ဒီမိုကရေစီတိုက်ပွဲမှာ လူကြီးမင်းတို့ရဲ့အကူအညီတွေအများကြီးလဲပါဝင်နေသလို လူကြီးမင်းတို့ရဲ့ အားပေးစကားဟာလဲ ကျွန်တော်တို့အတွက် အင်မတန်မှခွန်အားတွေဖြစ်ခဲ့ပါတယ်။
ကျွန်တော်တို့ NUGအစိုးရခွန်အားဖြစ်စေတာဟာမြန်မာပြည်သူတွေ ခွန်းအားဖြစ်စေတာ ဖြစ်ပါတယ်။NUG အစိုးရဟာ (၅၄ )သန်းသော မြန်မာပြည်သူလူထုကြီးကို ကိုယ်စားပြု တာဖြစ်ပါတယ်။
(၅၄)သန်းသော မြန်မာပြည်သူကြီးဟာလဲ NUG အစိုးရကို ကိုယ်စားပြုတဲ့ မြန်မာပြည်သူများ ဖြစ်ကြပါတယ်။လူကြီးမင်းတို့ရဲ့ သြဇာအာဏာနှင့်အကြမ်းဖက်စစ်အုပ်စုကို အရေးယူ ပိတ်ဆို့မူတွေဟာ အင်မတန်မှထိရောက်မူရှိပြီး
အကြမ်းဖက်အုပ်စုကို အကြီးအကျယ် အကျပ်တည်းဖြစ်စေခဲ့ပါတယ်။ အခုဆိုရင် မြန်မာ့ဒီမိုကရေစီတိုက်ပွဲကြီးဟာ အရှိန်အဟုန်မြင့်တက်နေပြီလဲဖြစ်ပါတယ်။
ဒါကြောင့် လူကြီးမင်းတို့ဆီက အကူညီများကို၎င်း၊ ဆက်လက်အာဏာရှင်ကို အရေးယူပိတ်ဆို့မူများကို၎င်း၊ အကြံညဏ်များကို၎င်း ထပ်လောင်းလိုအပ်နေသေးကြောင်းတင်ပြလိုပါသည်။
(၁)နှစ်တောင်မပြည့်သေးတဲ့ နုနယ်နေသေးတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF များဟာလဲ လက်နက်ခဲယမ်းများ စစ်နည်းပညာများစွာလိုအပ်နေသေးကြောင်း ထပ်လောင်းတင်ပြလိုပါတယ်။
မြန်မာပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့အတွက် အဓီကအဆုံးဖြတ်ပေးမှာကတော့ မြန်မာပြည်သူကနေ မွေးဖွားလာခဲ့သော PDF တပ်ဖွဲ့များနှင့် Federal ပြည်ထောင်စုကိုလိုလားသော တိုင်းရင်းသား လက်နက်ကိုင်များဖြစ်ကြပါတယ်။
PDF တပ်ဖွဲ့များနှင့် တိုင်းရင်းသားမျိုးနွယ်စု လက်နက်ကိုင်တပ်ဖွဲ့များဟာ စစ်လက်နက် ပစ္စည်းများ လိုအပ်နေကြောင်းကိုလဲ တင်ပြလိုပါတယ်။ လူကြီးမင်းတို့ရဲ့အကူအညီဟာ မြန်မာပြည်သူလူထုအတွက် လွန်စွာအရေးကြီးကြောင်းကိုလဲ ပြောပြလိုပါတယ်။
မြန်မာပြည်သူတွေဟာ အမေရိကန်ပြည်ထောင်စုကြီးရဲ့ဒီမိုကရေစီလွှမ်းမိုးမှုကို လွန်စွာသဘောကျသောနိုင်ငံ၊အားကျးတဲ့နိုင်ငံတနိုင်ငံလဲဖြစ်ပါတယ်။
လူကြီးမင်းတို့ရဲ့အကူညီများစွာထပ်ရရှိခဲ့ရင် မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီတိုက်ပွဲဟာ အောင်ပွဲနှင့်အတူ မကြာခင်အဆုံးသတ်တော့မယ်လို့ ယုံကြပါတယ်။
လူကြီးမင်းတို့ရဲ့ လူသားချင်းစာနာမူကိုလဲယုံကြည်ပါတယ်။ လူကြီးမင်းတို့ရဲ့ ဒီမိုကရေစီတန်ဖိုးထားမူကိုလဲ ကြိုက်နှစ်သက်ပါတယ်။မြန်မာပြည်သူတွေရဲ့ပန်းတိုင်ဟာ ဒီတခါ စစ်အာဏာစနစ်တခုလုံးကို အဆုံးသတ်ရေးနှင့် အမြစ်ဖျတ်ချေမူန်းရေးဖြစ်ပါတယ်။
အကြမ်းဖက်စစ်အာဏာရှင်အုပ်စုဟာလဲ သေမထူးနေမထူး ဆက်လက်ရှေ့တိုးနေအုံးမယ်ဆိုတာလဲ သေချာနေပါတယ်။မြန်မာ့အရေးဟာ ကမ္ဘာ့အရေးဖြစ်ပြီး စစ်အာဏာရှင်စနစ်နှင့် ဒီမိုကရေစီစနစ် နှစ်ခုရဲ့ တိုက်ပွဲလဲဖြစ်ပါတယ်။
ဒီအချိန်မှာနှစ်ဘက်စလုံးက အဆုံးထိသွားကြမှာသေချာနေတာမို့ မြန်မာပြည်သူတွေဟာ လူကြီးမင်းတို့ရဲ့သြဇာအာဏာနှင့် ကူညီမူများစွာလိုအပ်နေသေး ကြောင်းနှင့် ကျွန်တော့်ရဲ့တင်ပြမူများကို နားလည်သဘောပေါက်ပေးနားလည်ပေးကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ယခုချိန်မှာ မြန်မာနိုင်ငံအကျပ်အတည်းကိုတင်ပြခွင့်ရလို့ လူကြီးမင်းတို့ အားလုံးကိုကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားရင်းနှင့် နိဂုံးချုပ်ပါရစေ။
လူကြီးမင်းများနှင့်အတူ မြန်မာပြည်နှင့် မြန်မာလူမျိုးများကို ဘုရားသခင် ကြီးမားစွာကောင်းကြီးပေးပါစေ။
ပြည်ထောင်စုဝန်ကြီး
Dr.ဆာဆာ