ၾကားသိသမွ်

ဗုံးခိုကျင်းထဲမှာ အောက်စီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၄ ယောက် ဆုံးပါး

ဗုံးခိုကျင်းထဲမှာ အောက်စီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၄ ယောက် သေဆုံး

ကရင်ပြည်နယ် ၊ ဘာအံမြို့နယ် ၊ ကော့ရင်းအောက်ကျေးရွာအုပ်စု ၊ စိမ့်ပိုင်း ကနစိုးကုန်းမှာ ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်က ဗုံးခိုကျင်း

ထဲမှာ အောက်စီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၄ ဦး သေဆုံးနေတယ်လို့ လူမှုကူညီရေး စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။

အဲ့ဒီ ဗုံးခိုကျင်းထဲမှာ သေဆုံးနေတဲ့သူတွေကို သွားရောက်ကူညီပေးခဲ့တဲ့ စေတနာ့ဝန်ထမ်း တယောက်က ” ဗုံခိုကျင်းထဲမှာ ခြင်ဆေးခွေ

ထွန်းထားရာက အခုလို အောက်စီဂျင် ပြတ်တောက်သွားတာ ဖြစ်နိုင်တယ် ၊ ဒေါ်တင်လှိုင် ၆၃ နှစ် ၊ နော်မြစိန် ၃၉ နှစ် ၊ နော်တင်လှမွှေး ၃၃

နှစ် နဲ့ နော်အေးစပယ် ၃၀ နှစ် အဲ့ဒီ ၄ ယောက်သေဆုံးတာ ” လို့ ပြောပါတယ်။

အဲ့ဒီ သေဆုံးသူ လူ ၄ ယောက်ဟာ မိသားစုဝင်တွေဖြစ်ကြပြီး မြေအောက် အနက် ၆ ပေ ၊ အကျယ် ၁၄ ပေ ရှိတဲ့ မြေကျင်းကို မြေသားဖုံအုပ်

ပြီး ၂ ပေ ပတ်လည် လူဝင်ပေါက်ပုံစံနဲ့ ပြုလုပ်ထားတဲ့ ဗုံးခိုကျင်းထဲမှာ သေဆုံးနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

” မြေကျင်းတွေရဲ့ သဘောသဘာဝက အတွင်းမှာ မြေခိုးထုတ်လုပ်မှုရှိတဲ့အတွက် လေဝင်လေထွက် ကောင်းမွန်တဲ့ နည်းလမ်းနဲ့ စီမံရမှာဖြစ်

တယ် ၊ အမိုးဘက်မှာ လူဝင်ပေါက်ထားတာဟာ အောက်စီဂျင်ကို ပြတ်တောက်ဖို့ ပိုမိုလွယ်ကူစေတာကြောင့် မြေသားနံရံဘက်ကနေ

ဝင်ပေါက် ထွက်ပေါက် ပြုလုပ်ထားခြင်းဖြင့် အောက်စီဂျင် ပြတ်တောက်မှုကို ကာကွယ်ပေးနိုင်တယ် ” လို့ ကရင်ပြည်နယ် မီးသတ်ဦးစီးဌာန

တာဝန်ရှိသူတဦးက အကြံပြုပြောထားပါသေးတယ်။ Source;ရွှေဘုန်းမြတ်စံ (VOM)

Zawgyi

ဗုံးခိုက်င္းထဲမွာ ေအာက္စီဂ်င္ျပတ္ေတာက္ၿပီး အမ်ိဳးသမီး ၄ ေယာက္ ေသဆုံး

ကရင္ျပည္နယ္ ၊ ဘာအံၿမိဳ႕နယ္ ၊ ေကာ့ရင္းေအာက္ေက်းရြာအုပ္စု ၊ စိမ့္ပိုင္း ကနစိုးကုန္းမွာ ဒီကေန႔ မနက္ပိုင္း ၉ နာရီဝန္းက်

င္က ဗုံးခိုက်င္းထဲမွာ ေအာက္စီဂ်င္ျပတ္ေတာက္ၿပီး အမ်ိဳးသမီး ၄ ဦး ေသဆုံးေနတယ္လို႔ လူမႈကူညီေရး ေစတနာ့ဝန္ထမ္းေတြက ေျပာပါတယ္။

အဲ့ဒီ ဗုံးခိုက်င္းထဲမွာ ေသဆုံးေနတဲ့သူေတြကို သြားေရာက္ကူညီေပးခဲ့တဲ့ ေစတနာ့ဝန္ထမ္း တေယာက္က ” ဗုံခိုက်င္းထဲမွာ ျခင္ေ

ဆးေခြထြန္းထားရာက အခုလို ေအာက္စီဂ်င္ ျပတ္ေတာက္သြားတာ ျဖစ္နိုင္တယ္ ၊ ေဒၚတင္လွိုင္ ၆၃ ႏွစ္ ၊ ေနာ္ျမစိန္ ၃၉ ႏွစ္ ၊

ေနာ္တင္လွေမႊး ၃၃ ႏွစ္ နဲ႔ ေနာ္ေအးစပယ္ ၃၀ ႏွစ္ အဲ့ဒီ ၄ ေယာက္ေသဆုံးတာ ” လို႔ ေျပာပါတယ္။

အဲ့ဒီ ေသဆုံးသူ လူ ၄ ေယာက္ဟာ မိသားစုဝင္ေတြျဖစ္ၾကၿပီး ေျမေအာက္ အနက္ ၆ ေပ ၊ အက်ယ္ ၁၄ ေပ ရွိတဲ့ ေျမက်င္း

ကို ေျမသားဖုံအုပ္ၿပီး ၂ ေပ ပတ္လည္ လူဝင္ေပါက္ပုံစံနဲ႔ ျပဳလုပ္ထားတဲ့ ဗုံးခိုက်င္းထဲမွာ ေသဆုံးေနၾကတာ ျဖစ္တယ္လို႔ သိရပါတယ္။

” ေျမက်င္းေတြရဲ့ သေဘာသဘာဝက အတြင္းမွာ ေျမခိုးထုတ္လုပ္မႈရွိတဲ့အတြက္ ေလဝင္ေလထြက္ ေကာင္းမြန္တဲ့ နည္းလ

မ္းနဲ႔ စီမံရမွာျဖစ္တယ္ ၊ အမိုးဘက္မွာ လူဝင္ေပါက္ထားတာဟာ ေအာက္စီဂ်င္ကို ျပတ္ေတာက္ဖို႔ ပိုမိုလြယ္ကူေစတာေၾကာင့္ ေျမ

သားနံရံဘက္ကေန ဝင္ေပါက္ ထြက္ေပါက္ ျပဳလုပ္ထားျခင္းျဖင့္ ေအာက္စီဂ်င္ ျပတ္ေတာက္မႈကို ကာကြယ္ေပးနိုင္တယ္ ” လို႔ ကရ

င္ျပည္နယ္ မီးသတ္ဦးစီးဌာန တာဝန္ရွိသူတဦးက အႀကံျပဳေျပာထားပါေသးတယ္။Source;ေရႊဘုန္းျမတ္စံ (VOM)