ၾကားသိသမွ်

မန္တလေးတွင်မိသည့် လက်နက် ကေအိုင်အေနှင့် မသက်ဆိုင်ဟုဆို

မန္တလေးတွင်မိသည့် လက်နက် ကေအိုင်အေနှင့် မသက်ဆိုင်ဟုဆို

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်-စစ်ကိုင်းကားလမ်းပေါ်ရှိ Denko ဆီဆိုင်အနီးတွင် အောက်တိုဘာလ ၅ ရက်နေ့က ဖမ်းဆီးရမိခဲ့

သည့် လက်နက်များသည် ကေအိုင်အေနှင့် မသက်ဆိုင်ကြောင်း ယင်းအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောကြားလိုက်သည်။

ဖမ်းဆီးရမိသော လက်နက်ခဲယမ်းများသည် မိမိတို့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ကေအိုင်အို၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ

ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောသည်။

“အဲ့လက်နက်တွေက KIA ဟာမဟုတ်ဘူး။ KIA အနေနဲ့ ဘယ်အဖွဲ့အစည်းကိုမှလည်း လက်နက်ကူညီတာမရှိဘူး။ အဲ့တာကြောင့် KIA နဲ့

သက်ဆိုင်တဲ့ လက်နက်တွေမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံအတွင်း အဖွဲ့အစည်းများစွာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသည့်ကာလဖြစ်သဖြင့် လက်နက်ရရှိနိုင်သည့်

လမ်းကြောင်းအများအပြားရှိနိုင်သဖြင့် ကေအိုင်အေအနေဖြင့် ကူညီသည်ဆိုသည့် စွပ်စွဲချက်မှာ လုံးဝ မဖြစ်နိုင်ကြောင်း သူက ဆက်

ပြောသည်။

“အခုကမြန်မာနိုင်ငံထဲက နေရာတိုင်းမှာ လက်နက်ကိုင်ပြီးတော်လှန်နေကြတာဖြစ်တဲ့အတွက် လက်နက်တွေကတော့ ဘယ်အခြေအနေ

ဘယ်နေရာကဖြစ်ဖြစ် ရနိုင်တာ ရောက်လာနိုင်တာ ဖြစ်တဲ့အတွက် KIA အနေနဲ့ ကူညီတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ငြင်းဆိုပါတယ်” ဟု

ဆိုသည်။

ဖမ်းဆီးရမိသည့် လက်နက်များတွင် တရုတ်ထုတ် Type 81 ချေမှူန်းရေးရိုက်ဖယ် အလက် ၂၀၀၊ Type 81 အပေါ့စားစက်သေနတ် အလက်

၂၀၊ ကျည်အိမ် ၉၅၄ ခု၊ 7.62x39mm အမျိုးအစား ချေမှူန်းရေးရိုင်ဖယ်ကျည် ၃၂၆၄၀ တောင့်နှင့် ၁၀၀ မမ တာဝေးပစ်ခွင်းဗုံး ၈၉ လုံးတို့

ဖြစ်ကြသည်ဟု ခေတ်သစ်သတင်းဌာနက ဖော်ပြထားသည်။ သိမ်းဆည်းရမိသည်ဟုဆိုသည် ခွင်းဗုံးများတွင် တရုတ်စာဖြင့် ရေးသား

ထားသည်ကို မြင်တွေ့ရသည်။ ကချင်လွတ်မြောက်ရေးတပ် (KIO/KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့များသည် တနိုင်းမြို့နယ်နှင့် ဖားကန့်

မြို့နယ်များတွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်က စစ်အင်အားများတိုးချဲ့လျက်ရှိသည်။

Zawgyi

မႏၲေလးတြင္မိသည့္ လက္နက္ ေကအိုင္ေအႏွင့္ မသက္ဆိုင္ဟုဆို

မႏၲေလးတိုင္း၊ အမရပူရၿမိဳ႕နယ္၊ ျမစ္ငယ္-စစ္ကိုင္းကားလမ္းေပၚရွိ Denko ဆီဆိုင္အနီးတြင္ ေအာက္တိုဘာလ ၅ ရက္ေန႔က ဖ

မ္းဆီးရမိခဲ့သည့္ လက္နက္မ်ားသည္ ေကအိုင္ေအႏွင့္ မသက္ဆိုင္ေၾကာင္း ယင္းအဖြဲ႕၏ သတင္းႏွင့္ျပန္ၾကားေရးတာဝန္ခံက ေျပာၾကားလိုက္သည္။

ဖမ္းဆီးရမိေသာ လက္နက္ခဲယမ္းမ်ားသည္ မိမိတို႔ႏွင့္ သက္ဆိုင္ျခင္းမရွိေၾကာင္း ေကအိုင္အို၏ သတင္းႏွင့္ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက The 74 Media ကိုေျပာသည္။

“အဲ့လက္နက္ေတြက KIA ဟာမဟုတ္ဘူး။ KIA အေနနဲ႔ ဘယ္အဖြဲ႕အစည္းကိုမွလည္း လက္နက္ကူညီတာမရွိဘူး။ အဲ့တာေၾကာင့္ KIA နဲ႔ သက္ဆိုင္တဲ့ လက္နက္ေတြမဟုတ္ဘူးလို႔ ျငင္းဆိုပါတယ္” ဟု ေျပာသည္။

ျမန္မာနိုင္ငံအတြင္း အဖြဲ႕အစည္းမ်ားစြာ စစ္ေကာင္စီကို လက္နက္ကိုင္ေတာ္လွန္ေနသည့္ကာလျဖစ္သျဖင့္ လက္နက္ရရွိနိုင္သည့္ လ

မ္းေၾကာင္းအမ်ားအျပားရွိနိုင္သျဖင့္ ေကအိုင္ေအအေနျဖင့္ ကူညီသည္ဆိုသည့္ စြပ္စြဲခ်က္မွာ လုံးဝ မျဖစ္နိုင္ေၾကာင္း သူက ဆက္ေျပာသည္။

“အခုကျမန္မာနိုင္ငံထဲက ေနရာတိုင္းမွာ လက္နက္ကိုင္ၿပီးေတာ္လွန္ေနၾကတာျဖစ္တဲ့အတြက္ လက္နက္ေတြကေတာ့ ဘယ္အေျခအေန

ဘယ္ေနရာကျဖစ္ျဖစ္ ရနိုင္တာ ေရာက္လာနိုင္တာ ျဖစ္တဲ့အတြက္ KIA အေနနဲ႔ ကူညီတယ္ဆိုတာ မျဖစ္နိုင္ဘူးလို႔ ျငင္းဆိုပါတယ္” ဟု ဆိုသည္။

ဖမ္းဆီးရမိသည့္ လက္နက္မ်ားတြင္ တ႐ုတ္ထုတ္ Type 81 ေခ်မႉန္းေရးရိုက္ဖယ္ အလက္ ၂၀၀၊ Type 81 အေပါ့စားစက္ေသနတ္ အလ

က္ ၂၀၊ က်ည္အိမ္ ၉၅၄ ခု၊ 7.62x39mm အမ်ိဳးအစား ေခ်မႉန္းေရးရိုင္ဖယ္က်ည္ ၃၂၆၄၀ ေတာင့္ႏွင့္ ၁၀၀ မမ တာေဝးပစ္ခြင္းဗုံး ၈၉ လုံးတို႔ျဖစ္ၾကသည္ဟု ေခတ္သစ္သတင္းဌာနက ေဖာ္ျပထားသည္။

သိမ္းဆည္းရမိသည္ဟုဆိုသည္ ခြင္းဗုံးမ်ားတြင္ တ႐ုတ္စာျဖင့္ ေရးသားထားသည္ကို ျမင္ေတြ႕ရသည္။

ကခ်င္လြတ္ေျမာက္ေရးတပ္ (KIO/KIA) ႏွင့္ စစ္ေကာင္စီတပ္ဖြဲ႕မ်ားသည္ တနိုင္းၿမိဳ႕နယ္ႏွင့္ ဖားကန႔္ၿမိဳ႕နယ္မ်ားတြင္ တိုက္ပြဲမ်ား မၾကာခဏျဖစ္ပြားလ်က္ရွိၿပီး စစ္ေကာင္စီဘက္က စစ္အင္အားမ်ားတိုးခ်ဲ႕လ်က္ရွိသည္။