မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို PDF အဖွဲ့များ ဝင်တိုက်၊ စစ်ကူလာသည့် စစ်ကား ၂ စီးကို မိုင်းထပ်ခွဲ၊ စစ်ကောင်စီတပ်များ
အလောင်းလာကောက်နေ
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲကင်းစခန်းကို အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၅ နာရီတွင် MSPDF ၊ 27 Revolution
Forces ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့ ၊ တလုပ်PDF တို့ပူးပေါင်းပြီး တိုက်ခိုက်လိုက်ကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။
ကျောက်ရစ်ရဲကင်းစခန်းကို တိုက်ခိုက်နေစဉ်မှာပင် ချောင်းဦးမြို့နယ်မှမြောင်မြို့နယ်သို့ စစ်ကူလာသည့် စစ်ကောင်စီကား၂စီးကို မကျီး
ဘုတ်ရွာအနီး ကားလမ်းမပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ် ကား၂စီးပက်လက်လန်မြှောက် တက်သွားပြီး ကားပေါ်မှ စစ်ကောင်စီ
တပ်သားအများပြားသေဆုံးကာ ထိခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
PDF ပူးပေါင်း အဖွဲ့များ ဝင်တိုက်သည့် ကျောက်ရစ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အသေအဆုံး အရေအတွက် မသိရသေး
သော်လည်း ယနေ့ ညနေ ၃ နာရီ ၁၅ မိနစ်တွင် မကျီးဘုတ်နှင့်ကျောက်ရစ်တွင် စစ်ကောင်စီတပ်များက တပ်သားများ၏ အလောင်း
ကောက်နေကြောင်း သိရှိရသည်။Source; Khit THit Media
Zawgyi
ေျမာင္ၿမိဳ႕နယ္၊ ေက်ာက္ရစ္ရဲစခန္းကို PDF အဖြဲ႕မ်ား ဝင္တိုက္၊ စစ္ကူလာသည့္ စစ္ကား ၂ စီးကို မိုင္းထပ္ခြဲ၊ စစ္ေကာင္စီတပ္မ်ား အေလာ
င္းလာေကာက္ေန
စစ္ကိုင္းတိုင္း၊ ေျမာင္ၿမိဳ႕နယ္၊ ေက်ာက္ရစ္ရဲကင္းစခန္းကို ေအာက္တိုဘာလ ၉ ရက္ေန႔ နံနက္ ၅ နာရီတြင္ MSPDF ၊ 27
Revolution Forces ၊ ႏွလုံးလွလူမိုက္ႀကီးမ်ားအဖြဲ႕ ၊ တလုပ္PDF တို႔ပူးေပါင္းၿပီး တိုက္ခိုက္လိုက္ေၾကာင္း ေဒသခံသတင္း
ရင္းျမစ္က ေျပာသည္။
ေက်ာက္ရစ္ရဲကင္းစခန္းကို တိုက္ခိုက္ေနစဥ္မွာပင္ ေခ်ာင္းဦးၿမိဳ႕နယ္မွေျမာင္ၿမိဳ႕နယ္သို႔ စစ္ကူလာသည့္ စစ္ေကာင္စီကား၂စီးကို မ
က်ီးဘုတ္ရြာအနီး ကားလမ္းမေပၚတြင္ မိုင္းဆြဲတိုက္ခိုက္ခဲ့ေၾကာင္း၊ စစ္ ကား၂စီးပက္လက္လန္ေျမႇာက္ တက္သြားၿပီး ကားေပၚမွ စ
စ္ေကာင္စီ တပ္သားအမ်ားျပားေသဆုံးကာ ထိခိုက္ခဲ့ေၾကာင္း သတင္းရင္းျမစ္က ဆိုသည္။
PDF ပူးေပါင္း အဖြဲ႕မ်ား ဝင္တိုက္သည့္ ေက်ာက္ရစ္စခန္းမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ အေသအဆုံး အေရအတြက္ မသိရေသးေသာ္လ
ည္း ယေန႔ ညေန ၃ နာရီ ၁၅ မိနစ္တြင္ မက်ီးဘုတ္ႏွင့္ေက်ာက္ရစ္တြင္ စစ္ေကာင္စီတပ္မ်ားက တပ္သားမ်ား၏ အေလာင္းေကာက္ေ
နေၾကာင္း သိရွိရသည္။