တရုတ်နိုင်ငံထုတ်သတင်းစာကြီးရဲ့အာဘော်မြန်မာ့တပ်မတော်နဲ့ စကစကို ထောက်ခံတဲ့ပြည်သူ
၁၀% ပဲရှိပြီးတော့ အဲ့အထဲမှာ ပညာတတ် ၁% ပဲပါတယ် တဲ့ ။ ဘိုတု ရဲ့ပါပါး ပြည်သူ့သဘောထား ကို သဘောပေါက်ပြီ လေသံစပြောင်းပြီ ။
ပါပါးရဲ့သဘောထား အေးစက်လာတာနဲ့အမျှအာဆီယံကလည်း ဘိုတုတို့အုပ်စုကို ကြပ်ပြီငါတို့နဲ့မပူးပေါင်းရင် NUG ကိုအစားထိုးမယ်တို့
စစ်ကောင်စီ ကို အာဆီယံကဖယ်ထုတ်မယ်တို့နဲ့ စိန်ခေါ်လာပြီ ။ နိုင်မြင်းကိုမှ ရွေးပြီး လောင်းတာ ကမ္ဘာကြီးရဲ့အလေ့ပါ ။
UN အပါအဝင်နိုင်ငံတကာစာမျက်နှာရဲ့သံတမန်ရေးရာမှာNUG ခြေလှမ်းတွေသွက် အောင်ပွဲတွေရနေသလောက် ဘိုတု ခမျာ
ပူတာအိုတောင်မသွားရဲတဲ့ အဖြစ် ဒါနဲ့များ သူ့ကို သမ္မတနေရာပေးဖို့ အမေစု ဆီက တောင်းရဲသေးတယ် ။
မဲလိမ်လို့ဆိုတာ တမင်ရွှီးတာ မဲစာရင်းနဲ့ဘာမှမပတ်သက်ဘူး စစ်သားတွေသိပါတယ်ကိုယ့်မဲ ကိုယ်တိုင်မထည့်ရပဲ
ကြိုတင်မဲအလုပ်ခံရတဲ့ စစ်သားတွေအသိဆုံးပါ တကယ်မဲလိမ် မဲခိုးတာ စစ်ခေါင်းဆောင်တွေ ကိုယ်တိုင်ဆိုတာ ။
အဲလို မဲခိုး ပေးတာတောင် ကြံ့ဖွတ်က ခွက်ခွက်လန်ရှုံးတော့ သမ္မတဖြစ်မှ သူ့မိသားစုရဲ့ အကျိုးစီးပွားတွေကို ကာကွယ်နိုင်မှာမို့
အာဏာသိမ်းပါတယ် ။
ပြည်သူသန်း ၅၀ ကျော်နဲ့ စစ်တပ်ကိုရန်ဖြစ်ခိုင်းတဲ့တရားခံဟာ မင်းအောင်လှိုင်ပါ ။ အခုတော့ မြန်မာ့ တပ်မတော်ကြီးဟာ
ပြည်သူ့ချဥ်ဖတ် ဘဝကို လုံးဝ ရောက်သွားပါပြီ ။ သမ္မတဖြစ်ချင်ရင် သမ္မတတစ်ယောက်ရှိသင့် ရှိထိုက်တဲ့ အရည်အချင်းရှိမှရမယ်
ဆိုတာလောက်တောင်မသိတဲ့ သမ္မတရူး တစ်ယောက်ကြောင့် စစ်တပ်ဟာ လူသတ် ဓါးမြတိုက် ရွာတွေမီးရှို့နဲ့ အကြမ်းဖက် ဖက်ဆစ်ဖြစ်
သွားသလိုတိုင်းပြည်လည်း ပျက်သွားပါပြီ ။လူစဥ်မမှီသလို ဉာဏ်လည်းမမှီတဲ့ ဘွန်ဇိုင်းလူသား ကတော့ ဘယ်တော့မှ သမ္မတဖြစ်လာမှာ
မဟုတ်ပါဘူး ။ဗေဒင်တွေ ယတြာတွေ နဲ့ ဓါတ်ဆင် ဓါတ်ရိုက် အလုပ်ပဲ လုပ်တတ်သူနဲ့ သမ္မတရာထူး ဘာမှလည်းမဆိုင်ပါဘူး ။ ၂၀၀၈ခြေဥ
ကို ဖောက်ဖျက်ပြီးအာဏာသိမ်းတဲ့ နိုင်ငံတော်ပုန်ကန်သူ သမ္မတရူးကြီး ရဲ့ဇာတ်သိမ်းခန်း မကြာတော့ဘူးဆိုတာတော့ သေချာသလောက်ရှိ
နေပါပြီ ။စစ်ကောင်စီ နိုင်မှာလို့ ထင်ထားသူတွေ မသိမှာစိုးလို့ပါ ။မင်းအောင်လှိုင် ရှုံးနေပါပြီ ။
#အရေးတော်ပုံအောင်နေပြီ
ဂျေလှသင်
Zawgyi
ဂျေလှသင်