ၾကားသိသမွ်

မြန်မာ့ရေတပ်ကိုယ်စားလှယ်တွေကို ပြည်ဝင်ခွင့်မပေးဖို့ ယူကရိန်းအာဏာပိုင်တွေထံ တောင်းဆို

မြန်မာ့ရေတပ်ကိုယ်စားလှယ်တွေကို ပြည်ဝင်ခွင့်မပေးဖို့ ယူကရိန်းအာဏာပိုင်တွေထံ တောင်းဆို

မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ ရေတပ်ကိုယ်စားလှယ်တွေ ယူကရိန်းသွားဖို့ကြိုးစားနေတဲ့အပေါ် ယူကရိန်းအာဏာပိုင်တွေအနေနဲ့

ပြည်ဝင်ခွင့်မပေးဖို့ Justice For Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မြန်မာရေတပ်ကိုယ်စာလှယ် ၁၈ဦးအနေနဲ့ ယူကရိန်းကိုသွားရောက်ရာမှာ ယူကရိန်းနိုင်ငံ ကီယက်လေဆိပ်က

နေ ပြန်လှည့်ခဲ့ရပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ ယူကရိန်းပြည်ဝင်ခွင့်ဗီဇာ ရရှိရေးအတွက် စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။

သူတို့ဟာ အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ ရေတပ်ဖရီးဂိတ်စစ်သင်္ဘောတည်ဆောက်ရေး စီမံကိန်းအတွက် ယူကရိန်းကိုသွားရောက်ခဲ့တဲ့

ကိုယ်စာလှယ်အဖွဲ့မှာ ပါဝင်သူတွေဖြစ်ပြီး သူတို့ကို ပြည်ဝင်ခွင့်မပေးဖို့ JFM ကတောင်းဆိုတာလည်း ဖြစ်ပါတယ်။

အဆိုပါ ဖရီးဂိတ်စစ်သင်္ဘော တည်ဆောက်ရေးစီမံကိန်းမှာ ယူကရိန်းနိုင်ငံပိုင် စစ်လက်နက် ကုမ္ပဏီများဖြစ်ကြတဲ့ Ukroboronservice

နှင့် Zorya-Mashproyekt တို့ ပါဝင်နေပါတယ်။

ယင်းယူကရိန်းကုမ္ပဏီတွေအနေနဲ့ ဖရီးဂိတ်စစ်သင်္ဘောရဲ့ တွန်းကန်အားစနစ်ဒီဇိုင်းကို တည်ဆောက်ပေးနေတာဖြစ်ပြီး သင်္ဘောရဲ့ အဓိက

တာဘိုင်စက်ကြီးတွေနဲ့ အရှိန်လျော့ချဂီယာတွေကိုလည်း ပေးသွင်းထောက်ပံ့နေတယ်ဆို လို့ဆိုပါတယ်။

အာဏာသိမ်းမြန်မာစစ်တပ်အနေနဲ့ နိုင်ငံတကာဥပဒေတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတာကြောင့် ယူကရန်းနိုင်ငံအနေနဲ့

နိုင်ငံတကာတရားဥပဒေတွေကို လေးစားလိုက်နာသင့်ပြီး မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်

နေမှုတွေကို အဆုံးသတ်သင့်တယ်လို့ Justice For Myanmar အဖွဲ့က တိုက်တွန်းထားပါတယ်။

Zawgyi

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက ျမန္မာေရတပ္ကိုယ္စာလွယ္ ၁၈ဦးအေနနဲ႔ ယူကရိန္းကိုသြားေရာက္ရာမွာ ယူကရိန္းနိုင္ငံ ကီယက္ေလ

ဆိပ္ကေန ျပန္လွည့္ခဲ့ရၿပီး မေလးရွားနိုင္ငံ ကြာလာလမ္ပူေလဆိပ္မွာ ယူကရိန္းျပည္ဝင္ခြင့္ဗီဇာ ရရွိေရးအတြက္ ေစာင့္ဆိုင္းေနတာ ျဖစ္ပါတယ္။

သူတို႔ဟာ အာဏာသိမ္းျမန္မာစစ္တပ္ရဲ့ ေရတပ္ဖရီးဂိတ္စစ္သေဘၤာတည္ေဆာက္ေရး စီမံကိန္းအတြက္ ယူကရိန္းကိုသြားေရာက္ခဲ့တဲ့

ကိုယ္စာလွယ္အဖြဲ႕မွာ ပါဝင္သူေတြျဖစ္ၿပီး သူတို႔ကို ျပည္ဝင္ခြင့္မေပးဖို႔ JFM ကေတာင္းဆိုတာလည္း ျဖစ္ပါတယ္။

အဆိုပါ ဖရီးဂိတ္စစ္သေဘၤာ တည္ေဆာက္ေရးစီမံကိန္းမွာ ယူကရိန္းနိုင္ငံပိုင္ စစ္လက္နက္ ကုမၸဏီမ်ားျဖစ္ၾကတဲ့ Ukroboronservice ႏွင့္ Zorya-Mashproyekt တို႔ ပါဝင္ေနပါတယ္။

ယင္းယူကရိန္းကုမၸဏီေတြအေနနဲ႔ ဖရီးဂိတ္စစ္သေဘၤာရဲ့ တြန္းကန္အားစနစ္ဒီဇိုင္းကို တည္ေဆာက္ေပးေနတာျဖစ္ၿပီး သေ

ဘၤာရဲ့ အဓိကတာဘိုင္စက္ႀကီးေတြနဲ႔ အရွိန္ေလ်ာ့ခ်ဂီယာေတြကိုလည္း ေပးသြင္းေထာက္ပံ့ေနတယ္ဆို လို႔ဆိုပါတယ္။

အာဏာသိမ္းျမန္မာစစ္တပ္အေနနဲ႔ နိုင္ငံတကာဥပေဒေတြနဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ရွိေနတာေၾကာင့္ ယူကရန္းနိုင္ငံ

အေနနဲ႔ နိုင္ငံတကာတရားဥပေဒေတြကို ေလးစားလိုက္နာသင့္ၿပီး ျမန္မာစစ္တပ္ရဲ့ ရက္စက္ၾကမ္းၾကဳတ္တဲ့ရာဇဝတ္မႈေတြမွာ ႀကံရာ

ပါ ပတ္သက္ေနမႈေတြကို အဆုံးသတ္သင့္တယ္လို႔ Justice For Myanmar အဖြဲ႕က တိုက္တြန္းထားပါတယ္။