ၾကားသိသမွ်

မင်းအောင်လှိုင်ခေါင်း ဆင်ထပ်အနင်းခံရပြန်ပြီ-အထုပ်သာပြင်ထားပေတော့ မင်းအောင်လှိုင်ရေ

လွယ်လွယ်လေးနဲ့ ပြီးသွားမှာပါလို့ထင်ပြီး အာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင်ခေါင်း ဆင်ထပ်အနင်းခံရပြန်ပြီ—အထုပ်သာပြင်ထားပေတော့ မင်းအောင်လှိုင်ရေ—

CRPH နဲ့ NUG ကိုထောက်ခံအားပေးဖို့ ဥရောပပါလီမန် ဆုံးဖြတ်ချက်ချ

အောက်တိုဘာ၇ရက်နေ့ ဒီနေ့မှာ ကျင်းပတဲ့ ဥရောပပါလီမန် အစည်းအဝေးမှာ မြန်မာနိုင်ငံ နဲ့ပတ်သက်ပြီး CRPH နဲ့ NUG ကို ထောက်ခံအားပေးဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။

NUG နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို အားပေးထောက်ခံဖို့ ဆုံးဖြတ်ချက်ကို ဆန္ဒမဲပေးခွင့် ရှိသူပေါင်း ၆၈၀

ရှိတဲ့ အနက် ထောက်ခံမဲ ၆၄၇ ၊ ကန့်ကွက်မဲ ၂ မဲ၊ ကြားနေ ၃၁ မဲတို့နဲ့ ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။

ဒီအတည်ပြုချက်ရဲ့ နံပါတ်(၅)အချက်မှာ

CRPH နှင့် NUG တို့ကို မြန်မာပြည်သူများရဲ့ ဒီမိုကရေစီ စိတ်ဆန္ဒကို ကိုယ်စားပြုသည့် တခုတည်းသော တရားဝင်ကိုယ်စားလှယ်များအဖြစ် ထောက်ခံထားပါတယ်။

မြန်မာ့အကျပ်အတည်းကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရန် ရည်ရွယ် ဆောင်ရွက်သွားမယ့် ကြိုးပမ်းအားထုတ်မှုများနဲ့ စစ်မှန် ပြီးအားလုံးပါဝင်

တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေမှာ(CRPH နဲ့ NUG)ကိုပါ ထည့်သွင်းဆောင်ရွက်သွားရန် အာဆီယံနှင့်နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းထားတာကိုလည်း တွေ့ရပါတယ်။

ဆန္ဒပြပွဲတွေကို အကြမ်းဖက် ကိုင်တွယ်ဖြေရှင်းပြီး မြန်မာလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက် ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကိုလည်း ဥရောပပါလီမန် က ရှုတ်ချခဲ့ ပါတယ်။

စစ်ကောင်စီတပ်ရဲ့ မြန်မာပြည်သူတွေ အပေါ် ကျူးလွန်နေတဲ့ ကိစ္စတွေဟာ လူအမြောက်အများကို ရက်ရက်စက်စက် ကျူးလွန်တဲ့

ရာဇ၀တ်မှု Crimes Against Humanity မြောက်နိုင်တယ်လို့လည်း တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

Credit- Burma VJ

Zawgyi

လြယ္လြယ္ေလးနဲ႔ ၿပီးသြားမွာပါလို႔ထင္ၿပီး အာဏာသိမ္းခဲ့တဲ့ မင္းေအာင္လွိုင္ေခါင္း ဆင္ထပ္အနင္းခံရျပန္ၿပီ—အထုပ္သာျပင္ထားေပေတာ့ မင္းေအာင္လွိုင္ေရ—

CRPH နဲ႔ NUG ကိုေထာက္ခံအားေပးဖို႔ ဥေရာပပါလီမန္ ဆုံးျဖတ္ခ်က္ခ်

ေအာက္တိုဘာ၇ရက္ေန႔ ဒီေန႔မွာ က်င္းပတဲ့ ဥေရာပပါလီမန္ အစည္းအေဝးမွာ ျမန္မာနိုင္ငံ နဲ႔ပတ္သက္ၿပီး CRPH နဲ႔ NUG ကို ေထာက္ခံအားေပးဖို႔ ဆုံးျဖတ္ခ်က္ ခ်မွတ္လိုက္ပါတယ္။

NUG နဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH ကို အားေပးေထာက္ခံဖို႔ ဆုံးျဖတ္ခ်က္ကို ဆႏၵမဲေပးခြင့္ ရွိ

သူေပါင္း ၆၈၀ ရွိတဲ့ အနက္ ေထာက္ခံမဲ ၆၄၇ ၊ ကန႔္ကြက္မဲ ၂ မဲ၊ ၾကားေန ၃၁ မဲတို႔နဲ႔ ဆုံးျဖတ္ခ်က္ခ်လိုက္တာျဖစ္ပါတယ္။

ဒီအတည္ျပဳခ်က္ရဲ့ နံပါတ္(၅)အခ်က္မွာ

CRPH ႏွင့္ NUG တို႔ကို ျမန္မာျပည္သူမ်ားရဲ့ ဒီမိုကေရစီ စိတ္ဆႏၵကို ကိုယ္စားျပဳသည့္ တခုတည္းေသာ တရားဝင္ကိုယ္စားလွယ္မ်ားအျဖစ္ ေထာက္ခံထားပါတယ္။

ျမန္မာ့အက်ပ္အတည္းကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေျဖရွင္းရန္ ရည္ရြယ္ ေဆာင္ရြက္သြားမယ့္ ႀကိဳးပမ္းအားထုတ္မႈမ်ားနဲ႔ စစ္မွန္ ၿပီးအားလုံးပါဝင္တဲ့နိုင္ငံေရးေဆြးေႏြးပြဲေတြမွာ(CRPH နဲ႔ NUG)ကိုပါ ထည့္သြင္းေဆာင္ရြက္သြားရန္ အာဆီယံႏွင့္နိုင္ငံတကာအသိုက္အဝန္းကို တိုက္တြန္းထားတာကိုလည္း ေတြ႕ရပါတယ္။

ဆႏၵျပပြဲေတြကို အၾကမ္းဖက္ ကိုင္တြယ္ေျဖရွင္းၿပီး ျမန္မာလူထုအေပၚ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ဆက္လက္ က်ဴးလြန္ေနတဲ့ စစ္ေကာင္စီရဲ့ လုပ္ရပ္ေတြကိုလည္း ဥေရာပပါလီမန္ က ရႈတ္ခ်ခဲ့ ပါတယ္။

စစ္ေကာင္စီတပ္ရဲ့ ျမန္မာျပည္သူေတြ အေပၚ က်ဴးလြန္ေနတဲ့ ကိစၥေတြဟာ လူအေျမာက္အမ်ားကို ရက္ရက္စက္စက္ က်ဴးလြန္တဲ့ ရာဇ၀တ္မႈ Crimes Against Humanity ေျမာက္နိုင္တယ္လို႔လည္း တက္ေရာက္လာတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာၾကပါတယ္။

Credit- Burma VJ