DASSK ရုံးချိန်းမှာ ထွက်ဆိုခိုင်းထားတဲ့ ကွီးဖြိုးမိန်းမ
DASSK ရုံးချိန်းမှာ ကွီးဖြိုးကို သူ့မိန်းမအသက်ကို ရန်ရှာမယ်ဆိုတဲ့ ခြိမ်းခြောက်မှုနဲ့ DASSK ကို ရွှေနဲ့ဒေါ်လာ ပေးရတယ်ဆိုပြီး လိမ်ထွက်
ခိုင်းတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒါပေမယ့် ထိုထွက်ချက်မှာ ဟာကွက်တွေများစွာရှိနေခဲ့ပါတယ်။ ဒါကိုဖာထေးဖို့အတွက် ကွီးဖြိုးကို
ဒေါ်လာတွေ ရွှေတွေ ပေးရပါတယ်ဆိုပြီး သူ့မိန်းမ မကြွယ်ကို အောက်တိုဘာ ၈ ရက်နောက်ပိုင်းရုံးချိန်းမှာ ထွက်ဆိုဖို့ သူ့ယောင်္ကျားအသက်
နဲ့ ခြိမ်းခြောက်ပြီး ဖိအားပေးထားပါတယ်။ ဘာထွက်ဆိုချက် ဖတ်ရမယ်ဆိုတာကို စရဖညွှန်ချုပ် ရဲဝင်းဦးက သူ့ PSO က တဆင့် ရေကြည်
အိုင်ကို ပို့ထားပါတယ်။
စာရေးသူအနေနဲ့ ဆရာမ မကြွယ်ကို မတ်လ ၈ ရက်နေ့က စရဖက စောင့်ကြည့်နေလို့ ထွက်ပြေးဖို့ ပြောဆိုတိုက်တွန်းခဲ့ပါတယ်။ သူမ
ထွက်ပြေးလိုရင် စာရေးသူအောက်က လူအချို့နဲ့ သူမကို လုံခြုံရာပို့ပေးမလို့ပါ။ ဒါပေမယ့် သူမနဲ့စာရေးသူ အပြင်မှာမသိတာရယ် သူမက
သူမယောင်္ကျား ဘာမှမဟုတ်တာမလုပ်ထားဘူး သူမယောင်္ကျားက ပြောခိုင်းလို့ ပြောရင်လဲ အပြင်ကနေ ရှင်းမယ် ဖမ်းရင်လဲ အဖမ်းခံမယ်
သူ့ယောင်္ကျားကို ထားမသွားဘူးဆိုပြီး အဖမ်းခံသွားတာပါ။ သူမနဲ့ စကားပြောခဲ့တဲ့ အထောက်အထားရှိပါတယ်။ သူမလဲ စရဖနှိပ်စက်တာ
ကို လျှော့တွက်ခဲ့ပုံပါ။
DASSK ကို သူမအိမ်ကနေ အတင်းပြောင်းခိုင်းခဲ့တာက ထိုပြောင်းတဲ့နေ့က DASSK အိမ်ထဲကို ဝင်ရှာပြီး ဒေါ်လာတွေ ရွှေတွေ တွေ့တယ်
ဆိုပြီး ဂျင်းကားရိုက်ထားပါတယ်။ မအလနဲ့ သူ့တပည့် စရဖ ရဲဝင်းဦးတို့ မိုးမြင့်ထွန်းတို့က အင်မတန် ယုတ်မာပါတယ်။ ဒါက ပြည်သူတွေသိ
အောင်သာ တင်ပြတာပါ။
အချို့က စာရေးသူကိုမေးကြပါတယ်။ ကွီးဖြိုးက သက်သေထွက်လို့ စာရေးသူ ကွီးဖြိုးကိုထောက်ခံတဲ့ သဘောထားပြောင်းမလားပေါ့။
စာရေးသူက မအလနဲ့ ဇော်မဲလုံးအကွက်လောက်က အေးဆေးပါ။ မအလလုပ်မှာကို ကွက်ကြိုမြင်ပါတယ်။ အာဏာသိမ်းတာကအစပါ။
ယခုအချိန် မအလရဲ့ လုံခြုံရေးက များနေလို့ ဘာမှလုပ်မရသေးပေမယ့် ကွီးဖြိုးသူ့လက်ထဲမှာ အဖမ်းခံရချိန်သေရင် မအလကို မမှီ
ရင်တောင် သူ့သားသမီး သူ့မြေးမတွေကို သွေးကြွေးဆပ်မှာပါ။ ရင်ကြားစေ့ပြီး နေဝင်းမြေးတွေလို အလွတ်ပေးတော့မှာမဟုတ်ပါ။ ဒါတွေ
က အချိန်က စကားပြောမှာပါ။ ယခုပြောတာက လူပုဂ္ဂိုလ်အနေနဲ့ပါ။ တော်လှန်ရေးအနေနဲ့ ယခုအချိန်မှာ အနာဂတ်ခေါင်းဆောင်အသစ်
တွေ NUG ထဲမှာ ပေါ်နေပါပြီ။ ပြည်သူ့တော်လှန်ရေးက အခြေခိုင်နေပါပြီ။ ယခုအချိန်မှာ ပြည်သူတွေက နေရာတိုင်းမှာ တိုက်နေကြပါပြီ။
ပြည်သူအားလုံးက မအလဖက်ဆစ်ကို ဖြုတ်ချဖို့က အရေးကြီးဆုံးကိစ္စဆိုတာ သိကြပါတယ်။
Crd – Myat Tun Oo