တာချီလိတ်မြို့တွင် ရဲ ဒုတပ်ကြပ် မောင်းလာသည့် ဆိုင်ကယ် နှင့် (၁၂)ဘီးကား တိုက်မိပြီး ဦးခေါင်းကို ကားကြိတ်ခံရ၍ ရဲ သေဆုံး
တာချီလိတ်မြို့ ဟောင်လိတ်နယ်မြေရဲကင်းစခန်းအနီးတွင် ရဲတစ်ဦးမောင်းလာသည့် ဆိုင်ကယ် နှင့် (၁၂)ဘီး ကားတို့ တိုက်မိရာ ဦးခေါင်း
ကို ကားကြိတ်ခံရ၍ ဆိုင်ကယ်မောင်းလာသည့် ရဲ နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
တာချီလိတ်မြို့၊ ဟောင်လိတ်နယ်မြေရဲကင်းစခန်းအနီး စက်မှုဇုန် လေယာဉ်ကွင်းလမ်းဆုံတွင် ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၇)ရက်
နေ့ ညနေပိုင်းက ဟောင်လိတ်နယ်မြေရဲကင်းစခန်းမှ အသက်(၄၀)ဝန်းကျင်ရှိ ရဲဒုတပ်ကြပ်ကျော်ဆန်းလင်း မောင်းလာသည့် ဆိုင်ကယ်နှင့်
(၁၂)ဘီးကားတို့ တိုက်မိပြီး ရဲဒုတပ်ကြပ်မှာ ဦးခေါင်းကို ကားကြိတ်ခံရပြီးနောက် ဦးနှောက်များထွက်ပြီး နေရာတွင် သေဆုံးသွားခြင်း
ဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသူ၏ ရုပ်အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းက သွားရောက်သယ်ယူပြီး တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ပြည်
သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။
ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဖြစ်စဉ်ကို အမှတ်(၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(တာချီလိတ်ခရိုင်)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စစ်ဆေး
နေလျက်ရှိသည်ဟု သိရသည်။ Source;တာချီလိတ် News
Zawgyi
တာခ်ီလိတ္ၿမိဳ႕တြင္ ရဲ ဒုတပ္ၾကပ္ ေမာင္းလာသည့္ ဆိုင္ကယ္ ႏွင့္ (၁၂)ဘီးကား တိုက္မိၿပီး ဦးေခါင္းကို ကားႀကိတ္ခံရ၍ ရဲ ေသဆုံး
တာခ်ီလိတ္ၿမိဳ႕ ေဟာင္လိတ္နယ္ေျမရဲကင္းစခန္းအနီးတြင္ ရဲတစ္ဦးေမာင္းလာသည့္ ဆိုင္ကယ္ ႏွင့္ (၁၂)ဘီး ကားတို႔ တိုက္မိရာ
ဦးေခါင္းကို ကားႀကိတ္ခံရ၍ ဆိုင္ကယ္ေမာင္းလာသည့္ ရဲ ေနရာတြင္ ေသဆုံးသြားေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕၊ ေဟာင္လိတ္နယ္ေျမရဲကင္းစခန္းအနီး စက္မႈဇုန္ ေလယာဥ္ကြင္းလမ္းဆုံတြင္ ယေန႔ ၂၀၂၁ခုႏွစ္ ေအာက္တိုဘာ
လ(၇)ရက္ေန႔ ညေနပိုင္းက ေဟာင္လိတ္နယ္ေျမရဲကင္းစခန္းမွ အသက္(၄၀)ဝန္းက်င္ရွိ ရဲဒုတပ္ၾကပ္ေက်ာ္ဆန္းလင္း ေမာ
င္းလာသည့္ ဆိုင္ကယ္ႏွင့္ (၁၂)ဘီးကားတို႔ တိုက္မိၿပီး ရဲဒုတပ္ၾကပ္မွာ ဦးေခါင္းကို ကားႀကိတ္ခံရၿပီးေနာက္ ဦးေႏွာက္မ်ားထြ
က္ၿပီး ေနရာတြင္ ေသဆုံးသြားျခင္း ျဖစ္ေၾကာင္း သိရသည္။
ေသဆုံးသြားသူ၏ ႐ုပ္အေလာင္းအား တာခ်ီလိတ္နာေရးကူညီမႈအသင္းက သြားေရာက္သယ္ယူၿပီး တာခ်ီလိတ္ခရိုင္ ခုတင္(၁၀၀)ဆံ့ျပည္
သူ႔ေဆး႐ုံႀကီးရွိ ရင္ခြဲ႐ုံသို႔ ကူညီပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
ယာဥ္တိုက္မႈႏွင့္ ပတ္သက္၍ ျဖစ္စဥ္ကို အမွတ္(၁၁၉)ယာဥ္ထိန္းရဲတပ္ဖြဲ႕စုမႉး႐ုံး(တာခ်ီလိတ္ခရိုင္)မွ ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္မ်ား စစ္ေဆးေနလ်က္ရွိသ
ည္ဟု သိရသည္။ Source;တာခ်ီလိတ္ News