ၾကားသိသမွ်

အာဆီယံဖိအားလောက်ကို စစ်အုပ်စုအဖက်မလုပ်ဘဲ တုံ့ပြန်စိန်ခေါ်နေလို့ပြော

အာဆီယံအထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မပြုတာဟာ အာဆီယံဖိအားလောက်တော့ အဖက်မလုပ်ဘူးဆိုပြီး စစ်အုပ်စု

က စိန်ခေါ်လိုက်တာလို့ ရန်ကုန်အခြေစိုက် ဆောင်းပါးရှင်တစ်ဦးက ပြောပါတယ်။

အာဆီယံအထူးသံတမန် မြန်မာနိုင်ငံလာဖို့ ပိတ်ပင်ထားတာမရှိပေမဲ့ တရားဥပဒေနဲ့ရင်ဆိုင်နေဆဲပုဂ္ဂိုလ်တွေနဲ့ အကြမ်းဖက်လို့ ကြေညာ

ခံထားရတဲ့ပုဂ္ဂိုလ်တွေကလွဲလို့ ကျန်လူပုဂ္ဂိုလ်၊အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံနိုင် အောင်စီစဥ်ပေးမှာလို့ စစ်အုပ်စုသတင်းထုတ်ပြန်ရေးအဖွဲ့

ခေါင်းဆောင် ဇော်မင်းထွန်းက ဘီဘီစီကိုပြော ခဲ့ပါတယ်။

ဇော်မင်းထွန်းရဲ့အခုလိုပြောကြားမှုဟာ စစ်အုပ်စုအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်အပါအဝင်

သူတို့တရားစွဲထောင်ချထားတဲ့ ဘယ်သူ့ကိုမဆို တွေ့ခွင့်ရမှာမဟုတ် ဘူးလို့ ပြောလိုက်တာပါပဲ။

‘မာမာထန်ထန်ပြောနေတဲ့ဟာကိုကြည့်ရင် အာဆီယံကို စကစ က အရာကိုမထားတာတွေ့ရတယ်။’လို့ ဆောင်းပါးရှင်ကဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းနဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့လက်ရှိပြဿနာတွေကို ဖြေရှင်းနိုင် မယ်လို့ ယုံကြည်ရင် အဲဒီ

ယုံကြည်မှုဟာ မျက်ကန်းယုံကြည်မှုလို့လည်း ဇော်မင်းထွန်းကပြောပါတယ်။

အာဆီယံရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့တောင်းဆိုတာဟာ စစ်အုပ်စုဂွင်ဆင်နေတဲ့ ဒေါ်အောင် ဆန်းစုကြည်အပေါ်တရားစွဲဆိုထား

တာကို အသိအမှတ်မပြုတာလို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ် ဥ◌ီးကပြောပါတယ်။

‘သူတို့(စစ်အုပ်စု)ဘက်ကလျှော့မယ့်ပုံမရှိဘူး’လို့လည်း သူက မှတ်ချက်ပေးပါတယ်။

နောက်ဆုံး စစ်အုပ်စုပြုတ်ကျပြီး နားရင်းတစ်ချက်လောက်အအုပ်ခံရမှ သူတို့လန့်နိုးလာမယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူကပြောပါ

တယ်။ ‘အဲဒီအခါကျမှ ဟုတ်ကဲ့ပါခင်ဗျဆိုပြီးဖြစ်လာမယ့်သူတွေပါ’လို့ သူကဆက်ပြောပါတယ်။

အာဆီယံအထူးသံအနေနဲ့အကြမ်းဖက်လို့ကြေညာခံထားရတဲ့ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ခွင့်ရမှာမဟုတ်ဘူးလို့ စစ်အုပ်စုကပြောကြားလိုက်

တာဟာ သူတို့အကြမ်းဖက်အဖွဲ့လို့သတ်မှတ်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုး ရနဲ့လည်းမျက်နှာချင်းမဆိုင်ဘူးလို့ ပြောကြားလိုက်တာ

ဖြစ်ကြောင်းတိုင်းရင်းသားလွှတ်တော်အမတ် ဟောင်းတစ်ဦး ကဆိုပါတယ်။

‘ပြောရရင် တွေ့ဆုံဆွေးနွေးဖို့ဆိုတာ အာဏာအသိမ်းခံလိုက်ရတဲ့ NLD အစိုးရခေါင်းဆောင်တွေနဲ့ အခုအမျိုး သားညီညွတ်ရေးအစိုးရက မ

ပါမဖြစ်ပဲ။ဒီပုဂ္ဂိုလ်တွေနဲ့အာဆီယံအထူးသံကိုတောင် မတွေ့ရဘူးဆိုတော့ စစ် ကောင်စီအနေနဲ့ မျက်နှာချင်းဆိုင်ဖို့ဝေလာဝေးပဲလို့ပြော

လိုက်တာပဲ’လို့သူကပြောပါတယ်။

စစ်အုပ်စုအနေနဲ့ အာဆီယံဆုံးဖြတ်ချက်ကို ပိတ်ပင်ကန့်သတ်တာဟာ မှားတဲ့လမ်းကြောင်းပေါ် လျှောက်တာ လို့လည်း သူကဆက်ပြောပါတယ်။

စစ်အုပ်စုအနေနဲ့ အာဆီယံအထူးသံနဲ့မပူးပေါင်းဘူးဆိုရင် ဒီလကုန်ပိုင်းမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအ စည်းအဝေးသို့ မင်းအောင်လှိုင်

ကို တက်ရောက်ခွင့်ပေးဖို့ ခက်လိမ့်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ၄ရက်နေ့၊အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ

အစည်းအဝေးအပြီးမှာ သတိပေးခဲ့ပါတယ်။