ၾကားသိသမွ်

မြို့ထဲတောင် လုံခြုံမှုမပေးနိုင်တဲ့ စစ်ကောင်စီက ပင်လယ်ပြင်လုံခြုံရေး ဆောင်ရွက်မည်

ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ပေးရန်အတွက် ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့တာလို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်

မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ယမန်နေ့ (အောက်တိုဘာ ၆ရက်)က ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့ ဖွဲ့စည်းခြင်းနဲ့ ရေယာဉ်များ တပ်တော်ဝင်

အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြု အမှာစကား ပြောကြားရာမှာ ယခုလို ထည့်သွင်းပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

မိမိတို့နိုင်ငံမှာ ပင်လယ်ပြင်အခြေပြု စီးပွားရေးလုပ် ငန်းများ တစ်နည်းအားဖြင့် ပင်လယ်ပြာ စီးပွားရေးလုပ်ငန်းများဖြစ်တဲ့ ရေကြောင်း

ခရီးသွားလုပ်ငန်း၊ ပင်လယ် ရေကြောင်း ကုန်သွယ်မှုလုပ်ငန်း၊ ရေနက်ဆိပ်ကမ်းများလုပ်ငန်း၊ ကမ်းလွန်ရေနံနဲ့ သဘာ ဝဓာ တ်ငွေ့လုပ်ငန်း၊

ပင်လယ်ငါးဖမ်းလုပ်ငန်း စတဲ့ စီးပွား ရေးလုပ်ငန်းများ ဘေးကင်းလုံခြုံရေး၊ ပင်လယ်ပြင်မှ တရားမဝင် ဖြတ်သန်းဝင်ရောက်မှု မရှိစေရေးနဲ့

ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ပေးရန်အတွက် ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ယခင်က မိမိတို့နိုင်ငံမှာ ကမ်းခြေစောင့်တပ်ဖွဲ့ မရှိတဲ့အတွက် ၎င်းတာဝန်များကို တပ်မ တော်(ရေ)က ပူးတွဲဆောင်ရွက် ခဲ့ရခြင်း

ဖြစ်ကြောင်း၊ ယနေ့အချိန်မှာ ကမ်း ခြေ စောင့်တပ်ဖွဲ့ ဖွဲ့စည်းပေးပြီး ဖြစ်တဲ့အတွက် ပင် လယ်ပြင် တရားဥပဒေ စိုးမိုးရေးကဏ္ဍ၊ လူသားချင်း

စာနာမှု အကူအညီ ပေးရေးကဏ္ဍများကို ကမ်းခြေ စောင့်တပ်ဖွဲ့က အဓိကထား ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊

ရေကြောင်းအကျိုးစီးပွားများ ကာကွယ် စောင့်ရှောက်ရေး၊ ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးနဲ့ ပင်လယ်ပြင် သဘာဝ ပတ်ဝန်းကျင်

ထိန်းသိမ်းရေးတို့ကိုလည်း လုပ်ဆောင်ရန် တာဝန်ရှိမှာ ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် အတွင်းပိုင်း

ရေပြင်မှ သီးသန့်စီးပွားရေးဇုန်အထိ ဧရိယာ အတွင်း ရေကြောင်းဆိုင်ရာ လုံခြုံရေးနဲ့ တရားဉပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများကို

တာဝန်ခံစီမံ ကွပ်ကဲဆောင်ရွက်ရန်၊ အမျိုးသားရေ ကြောင်း အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်၊ ပင်လယ်ပြင် ရှာဖွေ

ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရန်၊ ပင်လယ်ဖြတ်ကျော် မှုခင်းများနှိမ်နင်းရန်၊ သတင်းအချက်အလက်များ ဖလှယ်ရန်၊ နိုင်ငံ

တကာ ကမ်းခြေစောင့်တပ်ဖွဲ့များနဲ့ ချိတ်ဆက်ပြီး သံတမန်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရန်နဲ့ စစ်မက်ကာလမှာ တပ်မတော် (ရေ)ကို

အထောက်အကူပြုရန် စတဲ့ ရည်ရွယ်ချက်များနဲ့ ကမ်းခြေစောင့်တပ်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်လို့ အဆိုပါအခမ်းအနားက သိရပါတယ်။

ဒါ့အပြင် စစ်တပ်မှာ အထွတ်အထိပ်အာဏာကိုသိမ်း ပိုက်ထားတဲ့ မင်းအောင်လှိုင်ရဲ့ခရီးစဉ်ကို ထိပ်တန်းလျှို့ဝှက် အဆင့်ထားပြီး ထိပ်တန်း

အရာရှိတချို့သာသိပေမဲ့ ကြိုတင်သတင်းပေါက်ကြား တဲ့အပေါ် သူတို့ချင်းကြား အပြန်အလှန်သံသယပွားနေကြတယ်လို့ တပ်တွင်း

သတင်းရင်းမြစ်က ဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကချင် ပြည်နယ် ပူတာအိုမြို့နယ်သို့

သွားရောက်ရန် ၂ ကြိမ်တိုင် စီစဉ်ခဲ့သော်လည်း ပူတာအို PDF က အပြင်း အထန်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ခရီးစဉ်များ

ဖျက်သိမ်းခဲ့ရသည်။