အာရှလမ်းပေါ်မှာ လမ်းလုံခြုံရေးယူနေတဲ့ အကြမ်းဖက်စစ်အုပ်စု တိုက်ခိုက်ခံရပြီးနောက် ကရင်ပြည်နယ်၊
သင်္ဃန်းညီနောင်ဗျူဟာကို ရောက်ရှိနေတဲ့ ဘားအံအခြေစိုက် တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီးတိုးဝင်းဟာ
အရပ်သားယောင်ဆောင်ပြီး မြဝတီမြို့ကနေ ဘားအံမြို့ကို ပြန်ပြေးသွားတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၆ရက်နေ့ နေ့လည် ၁၁နာရီလောက်မှာ အရပ်သားယောင်ဆောင်ပြီး အရပ်ဘက်သုံး
Vigoကားနဲ့ ဘားအံကို ပြန်ဆင်းသွားတာလို့ တပ်တွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
အောက်တိုဘာလ ၁ရက်နေ့ကလည်း အကြမ်းဖက်စစ်အုပ်စုရဲ့ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်ကိုကိုအောင်ရဲ့
ခရီးစဉ်မှာ လုံခြုံရေးလိုက်ပါလာတဲ့ စစ်အုပ်စုယာဉ်တန်းကို ခွဲထွက်DKBAတပ်ဖွဲ့က တိုက်ခိုက်ခဲ့သေးပြီး
G1တစ်ဦးနဲ့ စစ်သား၄ဦး သေဆုံးခဲ့ပါတယ်။
Source- KloFM
Zawgyi
အာရွလမ္းေပၚမွာ လမ္းလုံျခဳံေရးယူေနတဲ့ အၾကမ္းဖက္စစ္အုပ္စု တိုက္ခိုက္ခံရၿပီးေနာက္
ကရင္ျပည္နယ္၊ သဃၤန္းညီေနာင္ဗ်ဴဟာကို ေရာက္ရွိေနတဲ့ ဘားအံအေျခစိုက္ တပ္မ (၂၂)
တပ္မမႉး ဗိုလ္မႉးႀကီးတိုးဝင္းဟာ အရပ္သားေယာင္ေဆာင္ၿပီး ျမဝတီၿမိဳ႕ကေန ဘားအံၿမိဳ႕ကို
ျပန္ေျပးသြားတယ္လို႔ သိရပါတယ္။ေအာက္တိုဘာလ ၆ရက္ေန႔ ေန႔လည္ ၁၁နာရီေလာက္မွာ
အရပ္သားေယာင္ေဆာင္ၿပီး အရပ္ဘက္သုံး Vigoကားနဲ႔ ဘားအံကို ျပန္ဆင္းသြားတာလို႔ တပ္တြင္း
သတင္းအရင္းအျမစ္ေတြက ေျပာပါတယ္။
ေအာက္တိုဘာလ ၁ရက္ေန႔ကလည္း အၾကမ္းဖက္စစ္အုပ္စုရဲ့ အေရွ႕ေတာင္တိုင္း
တိုင္းမႉး ဗိုလ္ခ်ဳပ္ကိုကိုေအာင္ရဲ့ ခရီးစဥ္မွာ လုံျခဳံေရးလိုက္ပါလာတဲ့ စစ္အုပ္စုယာဥ္တန္းကို ခြဲထြက္DKBAတပ္ဖြဲ႕က
တိုက္ခိုက္ခဲ့ေသးၿပီး G1တစ္ဦးနဲ႔ စစ္သား၄ဦး ေသဆုံးခဲ့ပါတယ္။
Source- KloFM