မင်းအောင်လှိုင်အတွက် ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှာ ရွှေဂုံတိုင်မီးပွိုင့်တွင် ယနေ့ ဗုံးပေါက်၊ သုံးခွတွင်လည်း ဗုံးများပေါက်ကွဲ
ရန်ကုန်၊ အောက်တိုဘာ ၇
အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်တွင် ရောက်ရှိနေချိန် လုံခြုံ ရေး တင်းကျပ်ထားသည့်ကြားမှ ရွှေဂုံ
တိုင်မီးပွိုင့်တွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။
“ဗုံးပေါက်တာကတော့ အသံကျယ်တယ်။ အထိအခိုက်တော့မရှိဘူး။ အဲဒါ ရွှေဂုံတိုင်တံတားအပေါ်နဲ့ အောက်မှာ စစ်ခွေးရော ရဲခွေးရော
အကုန် ရောက်လာပြီး ပိတ်ဆို့ စစ်ဆေးတာတွေလုပ်တယ်” ဟု ရန်ကုန်တက္ကစီသမားတစ်ဦးက ပြောသည်။
အလားတူ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်တွင် မြို့နယ်လျှပ်စစ်ဓာတ်အားပေးရုံးနှင့် အခွန်ရုံးတို့ကို သုံးခွမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
(TYF)က ယနေ့ နံနက် ၄ နာရီ ၄၀ မိနစ်အချိန်တွင် သတိပေးဖောက်ခွဲလိုက်ကြောင်း TYF ကပြောသည်။
ထို့ပြင် သုံးခွမြို့နယ်အုပ်ချုပ်ရေးမှူးများကိုလည်း ၎င်းထုတ်ပြန်စာနှင့်အတူ တာ၀န်မှနုတ်ထွက်ကြရန် TYF က သတိပေးထားသည်။
Zawgyi
မင္းေအာင္လွိုင္အတြက္ ရန္ကုန္တြင္ လုံျခဳံေရးတင္းက်ပ္ထားသည့္ၾကားမွာ ေရႊဂုံတိုင္မီးပြိဳင့္တြင္ ယေန႔ ဗုံးေပါက္၊ သုံးခြတြင္လည္း ဗုံးမ်ားေပါက္ကြဲ
ရန္ကုန္၊ ေအာက္တိုဘာ ၇
အၾကမ္းဖက္ လူသတ္ ဖက္ဆစ္ စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ ရန္ကုန္တြင္ ေရာက္ရွိေနခ်ိန္ လုံျခဳံ ေရး တင္းက်ပ္ထားသည့္ၾ
ကားမွ ေရႊဂုံတိုင္မီးပြိဳင့္တြင္ ယေန႔ မြန္းလြဲ ၁၂ နာရီ ၁၅ မိနစ္ ဗုံးေပါက္ကြဲေၾကာင္း သိရွိရသည္။
“ဗုံးေပါက္တာကေတာ့ အသံက်ယ္တယ္။ အထိအခိုက္ေတာ့မရွိဘူး။ အဲဒါ ေရႊဂုံတိုင္တံတားအေပၚနဲ႔ ေအာက္မွာ စစ္ေခြးေရာ ရဲေခြးေ
ရာ အကုန္ ေရာက္လာၿပီး ပိတ္ဆို႔ စစ္ေဆးတာေတြလုပ္တယ္” ဟု ရန္ကုန္တကၠစီသမားတစ္ဦးက ေျပာသည္။
အလားတူ ရန္ကုန္တိုင္း၊ သုံးခြၿမိဳ႕နယ္တြင္ ၿမိဳ႕နယ္လၽွပ္စစ္ဓာတ္အားေပး႐ုံးႏွင့္ အခြန္႐ုံးတို႔ကို သုံးခြၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕
(TYF)က ယေန႔ နံနက္ ၄ နာရီ ၄၀ မိနစ္အခ်ိန္တြင္ သတိေပးေဖာက္ခြဲလိုက္ေၾကာင္း TYF ကေျပာသည္။
ထို႔ျပင္ သုံးခြၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးမ်ားကိုလည္း ၎ထုတ္ျပန္စာႏွင့္အတူ တာ၀န္မွႏုတ္ထြက္ၾကရန္ TYF က သတိေပးထားသည္။