အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပေါင်မြို့နယ်မှ YMBA အသင်း နာယက (၁) ဦး သေနတ် (၈) ချက်
ပစ်ခံရပြီး နေရာတင် ပွဲချင်းပြီး သေဆုံးသွား
မွန်ပြည်နယ် ပေါင်မြို့နယ် YMBA အသင်း နာယက ခင်မောင်ဦး ယနေ့ အောက်တိုဘာလ (၇) ရက် နံနက်ပိုင်းအချိန် ပေါင်မြို့ မိုးနိုင်း
ရပ်ကွက် စွယ်တော်သုသာန်အနီးတွင် သေနတ် (၈) ချက်ပစ်ခံရပြီး နေရာတင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးမှ NBung
Dat Kasa သို့ ပြောဆိုသည်။
အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် YMBA ၏ မဟာမင်္ဂလဓမ္မဇောတိကဓဇ အဂ္ဂ မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တော် ချီးမြှင့်ခံရစဉ်
သေဆုံးသွားတဲ့ ဦးခင်မောင်ဦးမှာ အကြမ်းဖက်စစ်ကောင်စီတပ်ထောက်ခံသူတစ်ဦးဖြစ်ပြီး စွယ်တော်သုသာန်အနီး မွေးမြူရေးလုပ်ငန်း
လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်သည် YMBA အသင်း၏ မဟာမင်္ဂလဓမ္မဇောတိကဓဇ အဂ္ဂ မဟာမင်္ဂ
လဓမ္မဇောတိကဓဇဘွဲ့တော် ချီးမြှင့်ခံထားရပြီး ရာသက်ပန်ဂုဏ်ထူးဆောင် နာယကဖြစ်သည်။
Zawgyi
အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပေါင်မြို့နယ်မှ YMBA အသင်း နာယက (၁) ဦးေ
သနတ် (၈) ချက်ပစ်ခံရပြီး နေရာတင် ပွဲချင်းပြီး သေဆုံးသွား