ၾကားသိသမွ်

ယူကရိန်းသွား မြန်မာရေတပ်ကိုယ်စားအလှယ်အဖွဲ့ ယူကရိန်းက အဝင်မခံသဖြင့် မလေးရှားတွင် သောင်တင်နေ

ယူကရိန်းနိုင်ငံသို့ သွားရောက်သည့် မြန်မာရေတပ်အရာရှိ ၁၈ ဦး ပါဝင်သော ကိုယ်စားလှယ်အဖွဲ့တစ်ခုမှာ ယူကရိန်းနိုင်ငံတွင်း ဝင်ရောက်

ခွင့်မရဘဲ ပြန်ခဲ့ရပြီး လက်ရှိတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်တွင် သောင်တင်လျက်ရှိသည်။Justice for Myanmar အဖွဲ.က

ပေးပို့လာသော ဓာတ်ပုံမှတ်တမ်းများအရ အဆိုပါ ရေတပ်ကိုယ်စားလှယ်အဖွဲ့မှာ ယူကရိန်းနိုင်ငံတွင်း ဝင်ရောက်ခွင့်မရဘဲ Kyiv လေဆိပ်

တွင် နှစ်ည တာ အိပ်စက်ခဲ့ရပြီးနောက် ပြန်ပို့ခံရခြင်းဖြစ်သည်။

ဓာတ်ပုံမှတ်တမ်းများတွင် အထုပ်အပိုးများနှင့်အတူ ယူကရိန်းနိုင်ငံ Kyiv လေဆိပ်ကြမ်းပြင်တွင် အိပ်စက်နေသော ရေတပ်ကိုယ်စားလှယ်

အဖွဲ့ဝင်များကို တွေ့ရှိရသည်။ သတင်းရင်းမြစ်များ၏ လုံခြုံရေးအတွက် ထိုဓာတ်ပုံများကို Myanmar Now ကထုတ်ပြန်နိုင်ခြင်းမရှိပေ။

မြန်မာရေတပ်ကိုယ်စားလှယ်အဖွဲ့မှာ ယူကရိန်းနိုင်ငံမှ ပြန်ခဲ့ရပြီးနောက် လက်ရှိတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်တွင်

သောင်တင်လျက်ရှိသည်ဟု သိရသည်။ ၎င်းတို့သည် မလေးရှားနိုင်ငံ ယူကရိန်းသံရုံးတွင် ဗီဇာပြန်လည်ရယူရန်ရှိပြီး ယူကရိန်းကိုပြန်သွားဦး

မည်ဟုသိရှိရသည်။ မလေးရှားနိုင်ငံရှိ ယူကရိန်းသံရုံးကမူ ယခုကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုသည်။

မလေးရှားလေဆိပ်တွင် ရေတပ်ကိုယ်စားလှယ်အဖွဲ့ ခေတ္တတည်းခိုနေသော Sama Sama ဟိုတယ်ကို ဆက်သွယ်မေးမြန်းရာတွင် အဖွဲ့ဝင်

၂၂ ဦးပါ ကိုယ်စားလှယ်အဖွဲ့မှာ အောက်တိုဘာ ၃ ရက်တွင် ဟိုတယ်သို့ စတင်ဝင်ရောက်ခဲ့ပြီး ၈ ရက်နေ့တွင် ပြန်လည်ထွက်ခွာမည်ဟု သိရ

သည်။ဆက်လက်ပြီး ထိုဟိုတယ်ရှိ ရေတပ်ကိုယ်စားလှယ်အဖွဲ့မှ အရာရှိတစ်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင်

ရေတပ်အရာရှိ ၁၈ ဦးပါဝင်ကြောင်း၊ ယူကရိန်းနိုင်ငံသို့ ဝင်ရောက်ခွင့်မရသဖြင့် ပြန်လှည့်လာရခြင်းဖြစ်ကြောင်း အတည်ပြုသည်။

သို့သော် အသေးစိတ်အခြေအနေကို မေးမြန်းရာတွင် အဆိုပါရေတပ်ကိုယ်စားလှယ်အဖွဲ့ဝင်အရာရှိက ဖြေဆိုရန် ငြင်းဆန်သည်။

ကိုယ်စားလှယ်အဖွဲ့တွင် ရေတပ်မှ ၁၈ ဦးနှင့်အတူ စီးပွားရေးလုပ်ငန်းရှင်အချို့ ပါဝင်သ ည်ဟု ယူဆရသည်။ယခုခရီးစဥ်သည် ယူကရိန်း

လက်န က်ကုမ္ပဏီများ၏အကူအညီဖြင့် ပြုလုပ်နေသော မြန်မာ့ရေတပ်က ဖရီးဂိတ်စစ်သင်္ဘောများတည်ဆောက်ရေးလုပ်ငန်းများနှင့်

ပတ်သက်ကြောင်း Justice for Myanmar ကဆိုသည်။ထိုယူကရိန်းကုမ္ပဏီများမှာ Ukroboronservice နှင့် Zorya-Mashproyekt

ကုမ္ပဏီများဖြစ်သည်။

ထိုကုမ္ပဏီများသည် မြန်မာစစ်သင်္ဘောများတည် ဆောက်ရာတွင်လိုအပ်သည့် တွန်းကန်အားစနစ်ဒီဇိုင်းတည်ဆောက်ပေးနေပြီး၊ သင်္ဘော

တာဘိုင်ကြီးများနှင့် Reduction gears များကိုပါ ရောင်းချပေးနေသည်ဟုသိရှိရသည်။မြန်မာစစ်တပ်၏ ဖရီးဂိတ်စစ်သင်္ဘောများ

တည်ဆောက်နေမှုတွင် ယူကရိန်းကုမ္ပဏီများနှင့် မြန်မာကို ပွဲစားလုပ်ပေးနေသူမှာ Trident Marine ကုမ္ပဏီဖြစ်ကြောင်း၊ ထိုကုမ္ပဏီသည်

၂၀၁၉ တွင်U kroboronservice ကုမ္ပဏီထံမှ စစ်သင်္ဘောတည်ဆောက်မှုဆိုင်ရာ စာရွက်စာတမ်းများကို ရရှိခဲ့ကာ၊ မြန်မာနိုင်ငံသားများပိုင်

စင်ကပူအခြေစိုက် D & K Intertrade ကုမ္ပဏီမှတစ်ဆင့် Ukroboronservice ကုမ္ပဏီကို ငွေပေးချေခဲ့ကြောင်း လွန်ခဲ့သည့်လက JFM

ကထုတ်ဖော်ရေးသားခဲ့သည်။

အာဏာသိမ်းမြန်မာစစ်တပ်ကို ယူကရိန်းနိုင်ငံက တိုက် လေယာဉ်များ၊ စစ်သင်္ဘောများ၊ တင့်ကားများမှသည် ရေဒါစနစ်အပါအဝင် အမျိုးစုံ

သော စစ်လ က်နက်ပစ္စည်းများ ဆက်လက်တင်ပို့ရောင်းချလျက်ရှိကြောင်း၊ မြန်မာလက်နက်ပွဲစား အချို့ပါဝင်ပတ်သက်လျက်ရှိသည်။ယူ

ကရိန်းနိုင်ငံ၏ ပြည်ပပို့ကုန်မှတ်တမ်းများနှင့် ပေါက်ကြားလာသော စာရွက်စာတမ်းများအရ ၂၀၁၅ ခုနှစ်မှ ယနေ့အချိန်ထိ မြန်မာစစ်တပ်

အတွက် တိုက် လေယာဉ်များ၊ စစ်သင်္ဘာများ၊ တင့်ကားဆိုင်ရာ အစိတ်အပိုင်းများနှင့် လေကြောင်းစောင့်ကြည့်ရေးရေဒါများကို မြန်မာ

လက်နက်ပွဲစားများမှတဆင့် တင်ပို့ရောင်းချခဲ့သည်။

ယူကရိန်းနှင့် မြန်မာစစ်တပ်ကြား ပူးပေါင်းဆောင်ရွက်မှုတွင် ယူကရိန်းနိုင်ငံပိုင် Ukroboronprom နှင့် Ukrspecexport ကုမ္ပဏီများနှင့်

ပူးတွဲ၍ စစ်အာ ဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများကို အင်းအားပြနှိမ်နင်းရာတွင် အသုံးပြုခဲ့သော BTR-4 အမျိုးအစား သံချပ်ကာယာဉ်များ

အပါအဝင် MMT-40 အမျိုးအစား အပေါ့စားတင့်ကားများနှင့် 2SIU အမျိုးအစား ဟောင်ဝစ်ဇာအမြောက်များ ထုတ်လုပ်ရေးစီမံကိန်း

လည်း ပါဝင်သည်။

မြန်မာရေတပ်အဖွဲ.မှာ မည်သည့်အတွက်ကြောင့် ယူကရိန်းနိုင်ငံတွင်း ဝင်ရောက်ခွင့်မရဘဲ ပြန်ပို့ခံရခြင်းဖြစ်သည်ကိုမူ အတိအကျမသိရ

သေးပေ။၎င်းတို့သည် မလေးရှားလေဆိပ်ရှိ ဟိုတယ်သို့ အောက်တိုဘာ ၃ ရက်တွင် ဝင်ရောက်ခဲ့သည်ဖြစ်ရာ အတိအကျမသိရသော်လည်း

ယူကရိန်းလေဆိပ်ကို အောက်တိုဘာလဆန်းပိုင်းက ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။”ဒီမြန်မာရေတပ်အဖွဲ.ကို ယူကရိန်းနိုင်ငံထဲ

ပေးမဝင်ဖို့ ယူကရိန်းနိုင်ငံအာဏာပိုင်တွေကို မေတ္တာရပ်ခံချင်ပါတယ်” ဟု JFM ကပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။

“ဒီဖရီးဂိတ်စစ်သင်္ဘောတွေက မြန်မာပြည်သူတွေကို စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။ မြန်မာ

စစ်တပ်ကို လက်နက်တင်ပို့ရောင်းချတာကို ချက်ခြင်းချမှတ်ပြီး မြန်မာစစ်တပ်ရဲ. ရာဇဝတ်ကျူးလွန်မှုတွေမှာ သွယ်ဝိုက်ပါဝင်နေတာကို

အဆုံးသတ်သင့်ပါပြီ”

Zawgyi

ယူကရိန္းနိုင္ငံသို႔ သြားေရာက္သည့္ ျမန္မာေရတပ္အရာရွိ ၁၈ ဦး ပါဝင္ေသာ ကိုယ္စားလွယ္အဖြဲ႕တစ္ခုမွာ ယူကရိန္းနိုင္ငံတြင္း ဝင္ေရာက္ခြင့္မရဘဲ ျပန္ခဲ့ရၿပီး လက္ရွိတြင္ မေလးရွားနိုင္ငံ ကြာလာလမ္ပူေလဆိပ္တြင္ ေသာင္တင္လ်က္ရွိသည္။

Justice for Myanmar အဖြဲ.ကေပးပို႔လာေသာ ဓာတ္ပုံမွတ္တမ္းမ်ားအရ အဆိုပါ ေရတပ္ကိုယ္စားလွယ္အဖြဲ႕မွာ ယူကရိန္းနိုင္ငံတြင္း ဝင္ေရာက္ခြင့္မရဘဲ Kyiv ေလဆိပ္တြင္ ႏွစ္ည တာ အိပ္စက္ခဲ့ရၿပီးေနာက္ ျပန္ပို႔ခံရျခင္းျဖစ္သည္။

ဓာတ္ပုံမွတ္တမ္းမ်ားတြင္ အထုပ္အပိုးမ်ားႏွင့္အတူ ယူကရိန္းနိုင္ငံ Kyiv ေလဆိပ္ၾကမ္းျပင္တြင္ အိပ္စက္ေနေသာ ေရတပ္ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားကို ေတြ႕ရွိရသည္။

သတင္းရင္းျမစ္မ်ား၏ လုံျခဳံေရးအတြက္ ထိုဓာတ္ပုံမ်ားကို Myanmar Now ကထုတ္ျပန္နိုင္ျခင္းမရွိေပ။ျမန္မာေရတပ္ကိုယ္စားလွယ္အဖြဲ႕မွာ ယူကရိန္းနိုင္ငံမွ ျပန္ခဲ့ရၿပီးေနာက္ လက္ရွိတြင္ မေလးရွားနိုင္ငံ ကြာလာလမ္ပူေလဆိပ္တြင္ ေသာင္တင္လ်က္ရွိသည္ဟု သိရသည္။

၎တို႔သည္ မေလးရွားနိုင္ငံ ယူကရိန္းသံ႐ုံးတြင္ ဗီဇာျပန္လည္ရယူရန္ရွိၿပီး ယူကရိန္းကိုျပန္သြားဦးမည္ဟုသိရွိရသည္။ မေလးရွားနိုင္ငံရွိ ယူကရိန္းသံ႐ုံးကမူ ယခုကိစၥႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ျငင္းဆိုသည္။

မေလးရွားေလဆိပ္တြင္ ေရတပ္ကိုယ္စားလွယ္အဖြဲ႕ ေခတၱတည္းခိုေနေသာ Sama Sama ဟိုတယ္ကို ဆက္သြယ္ေမးျမန္းရာတြင္ အဖြဲ႕ဝင္ ၂၂ ဦးပါ ကိုယ္စားလွယ္အဖြဲ႕မွာ ေအာက္တိုဘာ ၃ ရက္တြင္ ဟိုတယ္သို႔ စတင္ဝင္ေရာက္ခဲ့ၿပီး ၈ ရက္ေန႔တြင္ ျပန္လည္ထြက္ခြာမည္ဟု သိရသည္။

ဆက္လက္ၿပီး ထိုဟိုတယ္ရွိ ေရတပ္ကိုယ္စားလွယ္အဖြဲ႕မွ အရာရွိတစ္ဦးကို Myanmar Now က ဆက္သြယ္ေမးျမန္းရာတြင္ ေရတပ္အရာရွိ ၁၈ ဦးပါဝင္ေၾကာင္း၊ ယူကရိန္းနိုင္ငံသို႔ ဝင္ေရာက္ခြင့္မရသျဖင့္ ျပန္လွည့္လာရျခင္းျဖစ္ေၾကာင္း အတည္ျပဳသည္။

သို႔ေသာ္ အေသးစိတ္အေျခအေနကို ေမးျမန္းရာတြင္ အဆိုပါေရတပ္ကိုယ္စားလွယ္အဖြဲ႕ဝင္အရာရွိက ေျဖဆိုရန္ ျငင္းဆန္သည္။ ကိုယ္စားလွယ္အဖြဲ႕တြင္ ေရတပ္မွ ၁၈ ဦးႏွင့္အတူ စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕ ပါဝင္သ ည္ဟု ယူဆရသည္။

ယခုခရီးစဥ္သည္ ယူကရိန္းလက္န က္ကုမၸဏီမ်ား၏အကူအညီျဖင့္ ျပဳလုပ္ေနေသာ ျမန္မာ့ေရတပ္က ဖရီးဂိတ္စစ္သေဘၤာမ်ားတည္ေဆာက္ေရးလုပ္ငန္းမ်ားႏွင့္ ပတ္သက္ေၾကာင္း Justice for Myanmar ကဆိုသည္။ထိုယူကရိန္းကုမၸဏီမ်ားမွာ Ukroboronservice ႏွင့္ Zorya-Mashproyekt ကုမၸဏီမ်ားျဖစ္သည္။

ထိုကုမၸဏီမ်ားသည္ ျမန္မာစစ္သေဘၤာမ်ားတည္ ေဆာက္ရာတြင္လိုအပ္သည့္ တြန္းကန္အားစနစ္ဒီဇိုင္းတည္ေဆာက္ေပးေနၿပီး၊ သေဘၤာတာဘိုင္ႀကီးမ်ားႏွင့္ Reduction gears မ်ားကိုပါ ေရာင္းခ်ေပးေနသည္ဟုသိရွိရသည္

။ျမန္မာစစ္တပ္၏ ဖရီးဂိတ္စစ္သေဘၤာမ်ားတည္ေဆာက္ေနမႈတြင္ ယူကရိန္းကုမၸဏီမ်ားႏွင့္ ျမန္မာကို ပြဲစားလုပ္ေပးေနသူမွာ Trident Marine ကုမၸဏီျဖစ္ေၾကာင္း၊ ထိုကုမၸဏီသည္ ၂၀၁၉ တြင္U kroboronservice ကုမၸဏီထံမွ စစ္သေဘၤာတည္ေဆာက္မႈဆိုင္ရာ စာရြက္စာတမ္းမ်ားကို ရရွိခဲ့ကာ၊

ျမန္မာနိုင္ငံသားမ်ားပိုင္ စင္ကပူအေျခစိုက္ D & K Intertrade ကုမၸဏီမွတစ္ဆင့္ Ukroboronservice ကုမၸဏီကို ေငြေပးေခ်ခဲ့ေၾကာင္း လြန္ခဲ့သည့္လက JFM ကထုတ္ေဖာ္ေရးသားခဲ့သည္။

အာဏာသိမ္းျမန္မာစစ္တပ္ကို ယူကရိန္းနိုင္ငံက တိုက္ ေလယာဥ္မ်ား၊ စစ္သေဘၤာမ်ား၊ တင့္ကားမ်ားမွသည္ ေရဒါစနစ္အပါအဝင္ အမ်ိဳးစုံေသာ စစ္လ က္နက္ပစၥည္းမ်ား ဆက္လက္တင္ပို႔ေရာင္းခ်လ်က္ရွိေၾကာင္း၊ ျမန္မာလက္နက္ပြဲစား အခ်ိဳ႕ပါဝင္ပတ္သက္လ်က္ရွိသည္။

ယူကရိန္းနိုင္ငံ၏ ျပည္ပပို႔ကုန္မွတ္တမ္းမ်ားႏွင့္ ေပါက္ၾကားလာေသာ စာရြက္စာတမ္းမ်ားအရ ၂၀၁၅ ခုႏွစ္မွ ယေန႔အခ်ိန္ထိ ျမန္မာစစ္တပ္အတြက္ တိုက္ ေလယာဥ္မ်ား၊ စစ္သဘၤာမ်ား၊ တင့္ကားဆိုင္ရာ အစိတ္အပိုင္းမ်ားႏွင့္ ေလေၾကာင္းေစာင့္ၾကည့္ေရးေရဒါမ်ားကို ျမန္မာလက္နက္ပြဲစားမ်ားမွတဆင့္ တင္ပို႔ေရာင္းခ်ခဲ့သည္။

ယူကရိန္းႏွင့္ ျမန္မာစစ္တပ္ၾကား ပူးေပါင္းေဆာင္ရြက္မႈတြင္ ယူကရိန္းနိုင္ငံပိုင္ Ukroboronprom ႏွင့္ Ukrspecexport ကုမၸဏီမ်ားႏွင့္ ပူးတြဲ၍ စစ္အာ ဏာရွင္ဆန႔္က်င္ေရးဆႏၵျပသူမ်ားကို အင္းအားျပႏွိမ္နင္းရာတြင္ အသုံးျပဳခဲ့ေသာ BTR-4 အမ်ိဳးအစား သံခ်ပ္ကာယာဥ္မ်ားအပါအဝင္ MMT-40 အမ်ိဳးအစား အေပါ့စားတင့္ကားမ်ားႏွင့္ 2SIU အမ်ိဳးအစား ေဟာင္ဝစ္ဇာအေျမာက္မ်ား ထုတ္လုပ္ေရးစီမံကိန္းလည္း ပါဝင္သည္။

ျမန္မာေရတပ္အဖြဲ.မွာ မည္သည့္အတြက္ေၾကာင့္ ယူကရိန္းနိုင္ငံတြင္း ဝင္ေရာက္ခြင့္မရဘဲ ျပန္ပို႔ခံရျခင္းျဖစ္သည္ကိုမူ အတိအက်မသိရေသးေပ။

၎တို႔သည္ မေလးရွားေလဆိပ္ရွိ ဟိုတယ္သို႔ ေအာက္တိုဘာ ၃ ရက္တြင္ ဝင္ေရာက္ခဲ့သည္ျဖစ္ရာ အတိအက်မသိရေသာ္လည္း ယူကရိန္းေလဆိပ္ကို ေအာက္တိုဘာလဆန္းပိုင္းက ေရာက္ရွိခဲ့ျခင္းျဖစ္သည္ဟု ယူဆရသည္။

”ဒီျမန္မာေရတပ္အဖြဲ.ကို ယူကရိန္းနိုင္ငံထဲ ေပးမဝင္ဖို႔ ယူကရိန္းနိုင္ငံအာဏာပိုင္ေတြကို ေမတၱာရပ္ခံခ်င္ပါတယ္” ဟု JFM ကေျပာေရးဆိုခြင့္ရွိသူ မရတနာေမာင္က ေျပာၾကားသည္။

“ဒီဖရီးဂိတ္စစ္သေဘၤာေတြက ျမန္မာျပည္သူေတြကို စစ္ေကာင္စီက အၾကမ္းဖက္တိုက္ခိုက္ရာမွာ အေထာက္အကူျပဳနိုင္ပါတယ္။ ျမန္မာစစ္တပ္ကို လက္နက္တင္ပို႔ေရာင္းခ်တာကို ခ်က္ျခင္းခ်မွတ္ၿပီး ျမန္မာစစ္တပ္ရဲ. ရာဇဝတ္က်ဴးလြန္မႈေတြမွာ သြယ္ဝိုက္ပါဝင္ေနတာကို အဆုံးသတ္သင့္ပါၿပီ”