စက်ဘီးမှာ ဘဲမတပ်ရင် ဒဏ်ကြေးသုံးသောင်းတောင်း
မအူပင်မြို့မှာ စစ်အုပ်စုက လမ်းသွားလမ်းလာပြည်သူတွေကို ဖမ်းဆီးစစ်ဆေးပြီး အပြစ်ရှာကြံကာ ဒဏ်ကြေးငွေဆိုပြီး ပိုက်ဆံတောင်းခံမှု
တွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စက်ဘီးတစ်စီးမှာ ဘဲလ်နဲ့ နောက်ရောင်ပြန်ပါမပါ စစ်ဆေးပြီး မပါဝင်တဲ့ စက်ဘီးတွေကို ဒဏ်ငွေသုံးသောင်းဆိုကာ ပိုက်ဆံတောင်းခံမှုတွေ
လုပ်ဆောင်နေပြီး ဒဏ်ကြေးမဖမ်းရင် ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်မှုတွေကိုပါ လုပ်ဆောင်နေပါတယ်။
“ဒဏ်ကြေးမဟုတ်ဘူး ဓားပြတိုက်တာ၊ စက်ဘီးမှာ ဘဲလ်မပါရင် ၃သောင်းတဲ့၊ ဆိုက်ကားလဲ အဲ့လိုပဲ၊ ဆိုင်ကယ်တွေဆိုရင် သုံးသိန်း ဘက်
မှန်မပါတာကနေအစ လေပေါင်ပါချိန်ပြီးတော့ မရှိရှိတဲ့အပြစ်ရှာပြီး ဓားပြတိုက်တာ၊ ပထမ မြို့အဝင်ဂိတ်မှာ ဖမ်းတယ်၊ အခုကျ မြို့ထဲပါ
ဝင်ဖမ်းနေတယ်၊ ပိုက်ဆံလိုချင်လို့ အကွက်ရှာနေတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မအူပင်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက ပရဟိတလုပ် ဆောင်သူတွေ၊ နိုင်ငံရေး တတ်ကြွလှုပ်ရှားသူတွေနဲ့ NLD ပါတီဝင်တွေကို မတရား
ဖမ်းဆီးမှုတွေ လုပ်ဆောင်ထားပြီး ပြည်သူတွေကိုပါ အခုလို ဒဏ်ကြေးအ ကြောင်းပြပြီး ပိုက်ဆံတောင်းနေတာပဲဖြစ်ပါတယ်။
Zawgyi
ပဲဖြစ်ပါတယ်။