ၾကားသိသမွ်

ခြေတုန်လက်တုန်ရောဂါ

ခြေတုန်လက်တုန်ရောဂါ
ခြေတုန် လက်တုန် ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ မျိုးဗီဇ (Genetics) နဲ့ ပတ်ဝန်းကျင် (Environment) တို့ကြောင့် ဖြစ်တက်

ပါတယ်။ဒီရောကိုတော့ ပါကင်ဆန် ရောဂါလို့ခေါ်ပါတယ်။ ဖြစ်တက်တဲ့သူတွေမှာ မျိုးဗီဇချို့ယွင်းမှုတွေ ရှိတတ်ပြီး ဆွေမျိုးရင်းချာတွေမှာ

ဖြစ်တဲ့သူရှိရင် တခြားလူမှာထက် ပိုဖြစ်တတ်ပါတယ်။ ပတ်ဝန်းကျင်ဆိုတာကတောအဆိပ် အတောက်တွေသင့်လို့ ဖြစ်ရတာလည်း ရှိပါ

တယ်။သာမန်အားဖြင့်တော့ ပါကင်ဆန်ရောဂါဟာ အသက် ၆ဝ ကျော်မှ ဖြစ်လေ့ရှိပါတယ်။

အသက်ကြီးလာလေလေ ဖြစ်ဖို့ရာနှုန်း ပိုများလေလေ ဖြစ်ပါတယ်။ အသက် ၈ဝ ကျော်တဲ့သူ တစ်သိန်းမှာ ၃ဝဝ ကနေ ၅ဝဝ အထိ ဖြစ်နေ

တာ တွေ့ရပါတယ်။ လူငယ်တွေမှာ မဖြစ်ဘူးလားဆိုရင်တော့ ဖြစ်တော့ဖြစ်ပါတယ်။ ဒါပေမဲ့ နည်းပါတယ်။ ပါကင်ဆန်လူနာ ၁ဝဝ မှာ

အသက် ၄ဝ အောက် လူငယ်လူရွယ်တွေအနေနဲ့ ၅ ရာခိုင်နှုန်းလောက်တော့ ဖြစ်လေ့ရှိပါတယ်။

ပါကင်ဆန်ရောဂါလို့ ပြောဖို့အတွက် Motor symptom လို့ခေါ်တဲ့ ကြွက် သားနဲ့ ပတ်သက်တဲ့ လက္ခဏာ ၃ ခုကတော့ အဓိက ဖြစ်ပါတယ်။

(၁) ခြေလက်တုန်တာ

(၂) ကြွက်သားတွေ တောင့်တင်းတာ
(၃) လှုပ်ရှားမှု နှေးကွေးလာတာ

အဲဒီလက္ခဏာ ၃ ခုတွေ့နေပြီဆိုရင်တော့ ပါကင်ဆန်ရောဂါ သေချာပြီလို့ ပြောလို့ရနိုင်ပါပြီ။ရောဂါ ဖြစ်ခါစမှာ ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေကတော့

– နှာခေါင်းအနံ့ သိပ်မရတော့တာ
– ဝမ်းချုပ်လာတာ

– ညဘက် ကောင်းကောင်းအိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။

(၁) လက်တွေခြေတွေ တုန်လာပါတယ်။ စတုန်စမှာတော့ လက်ဖျားလေးတွေ တုန်ပါတယ်။ တစ်ဖက်ထဲစပြီး ဖြစ်တယ််။ ပြိုင်တူ ဖြစ်လေ့မ

ရှိပါဘူး။ နားနေတဲ့အချိန်မှာသာ တွေ့ရလေ့ရှိပါတယ်။ ပြီးရင် ခြေလက်တွေတုန်လာပြီး မေးစေ့တွေ တုန်လာပါတယ်။

(၂) ကြွက်သားတွေ တောင့်တင်းလာတာ နဲ့ ပတ်သက်ပြီးတော့ ခြေတွေလက်တွေ တောင့်လာပါတယ်။ ကွေးထားတဲ့ပုံစံ မှားနေတာများပြီး ပြန်ဆန့်ဖို့ ခက်ပါတယ်။

(၃) ကြွက်သားတွေနှေးကွေးလာတာနဲ့ ပတ်သက်ပြီးတော့လည်း တဆင့်ချင်း ပိုပိုဆိုးလာတာ ဖြစ်ပါတယ်။ စခါစမှာဆိုရင်

– အင်္ကျီကြယ်သီး ဖြုတ်တာ၊ တပ်တာ နှေးလာပါတယ်။
– ရှုးဖိနပ် စီးနေကျသူဆိုရင် ကြိုးတပ်တာ နှေးလာပါတယ်။

– စာရေးနေကျသူဆိုရင် နှေးလာပြီး စာလုံးတွေ သေးလာပါတယ်။
– ပိုဆိုးလာရင် စကားသံ တိုးလာပါမယ်။ စကားပြောနှေးလာပြီး အသံ မကွဲပြားတော့ဘဲ ဖြစ်လာပါမယ်။

– အိပ်ရာထဲမှာ ဟိုဘက်ဒီဘက် လှည့်လို့ ခက်လာပါတယ်။
အဲဒီအချက် (၃) ချက်အပြင် မှတ်ဉာဏ်နဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေလည်း ဖြစ်လာတတ်ပါတယ်။

သတိမေ့လာတာ၊ စိတ်လှုပ်ရှားတာ၊ စိတ်ပူပင်သောကဖြစ်တာ၊ စိတ်ဓာတ်ကျဆင်းတာ၊ စိတ်တိုတာတွေ ဖြစ်ပြီးတော့ ပန်းသေပန်ညှိုးဖြစ်

တာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ပါကင်ဆန်ရောဂါဟာ ဘဝအရည်အသွေးကို အများကြီး ထိခိုက်စေတဲ့ ရောဂါဆိုးကြီးတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)