ၾကားသိသမွ်

ဘုရားနာမည်တွေက ထပ်ကြီးဆိုတဲ့ အဓိပ္ပာယ်(ငါးထပ်ကြီး ၊ ခြောက်ထပ်ကြီး နဲ့ ကိုးထပ်ကြီး ၊ဆယ်ထပ်ကြီးဘုရား)

ရန်ကုန်မြို့တွင်းမှာရှိနေတဲ့ ဘုရားတွေရဲ့နာမည်မှာ ထပ်ကြီးဆိုပြီး ပါနေတဲ့ ဘုရားတွေ ရှိနေတာ သိကြမှာပါ။ ဘာလို့ ဒီလိုတွေပါလဲနေလဲဆိုတာကို သိတဲ့သူနည်းနေပါလိမ့်မယ်။

ရန်ကုန်မြို့မှာဆိုရင် ငါးထပ်ကြီး ၊ ခြောက်ထပ်ကြီး နဲ့ ကိုးထပ်ကြီး ဘုရား စသည်ဖြင့်ရှိသလို ပြည်မြို့ မှာဆိုရင် ဆယ်ထပ်ကြီး ဘုရား စသည်ဖြင့် ရှိပါတယ်။

အဲဒီ ဘုရားများမှ ‘ထပ်ကြီး’ ဆိုတဲ့ စကားလုံး ရဲ့ အဓိပ္ပါယ် ကို မသိတဲ့သူများပါလိမ့်မယ်။ ထပ် ဆိုတာ ဘယ်လိုထပ် ကိုပြောတာလဲ။ ဘာကိုဆိုလိုချင်တာလဲပေါ့။

အထပ်လား ၊ ဝါ အရလား ၊ ကြီးစဉ် ငယ်လိုက်လား စဉ်းစားတွေးတော့ကြဘူးပေမဲ့ အတိအကျ မသိခဲ့ကြပေ။ဒီဘုရားတွေရဲ့ အထပ်အကြောင်းကို စာရေးဆရာမင်းသိင်္ခနဲ့ နဲ့စာရေးဆရာ လင်းရောင်တင် တို့ကရေးသားခဲ့ဘူးကြပါတယ်။

ခြောက်ထပ်ကြီး ဘုရား ကို ဘာလို့ ခြောက်ထပ်ကြီးလို့ခေါ်တာလဲ။ ထို့အတူ ငါးထပ်ကြီး၊ ကိုးထပ်ကြီး ၊ ဆယ်ထပ်ကြီးဘုရားဆိုတာ ဘာကို အဓိပ္ပါယ်ဆောင်သလဲ။

ဆိုလိုချင်တာက ဘုရားတည်လို့ ငြမ်းဆင်ရင် ဝါးနဲ့ ငြမ်းဆင်လေ့ရှိကြပါတယ်။ အဲဒီ ဝါးကို ခြောက်ပြန်ဆက်ပြီး ဆင်တဲ့ ဘုရား မို့ခြောက်ထပ်ကြီး လို့ ခေါ််တာပါ။

ဝါး ငါးပြန် ဆက်ပြီးဆင်တဲ့ ဘုရားကျတော့ ငါးထပ်ကြီး ၊ စမ်းချောင်းမြို့နယ် က ကိုးထပ်ကြီးကျတော့ ဝါး ကိုးပြန်ဆင်ရပြီး တည်ခဲ့တာကို ‌ပြောတာပါ။

ပြည် က ဆယ်ထပ်ကြီး ဘုရားကျတော့ ဝါး ဆယ်ပြန် ဆင်ရလို့ ဆယ်ထပ်ကြီး လို့ ခေါ်ရခြင်း ဖြစ်တယ်လို့ စာရေးဆရာတွေက ရေးသားခဲ့ကြပါတယ်။

အချို့သူတွေက ငါးထပ်ကြီး နဲ့ ကိုးထပ်ကြီးက သိပ်မကွာဘူး လို့ပြောကြသလို အချို့ သူတွေက ဝါး ကိုးပြန်တော့ မမြင့်ဘူး လို့ အချို့က စောဒကတက်ကြပါသေးတယ်။

ဒါကြောင့် ဘုရားတွေရဲ့ ဉာဏ်တော်အမြင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။ငါးထပ်ကြီး ဘုရား ရဲ့အမြင့် က ၄၅.၅ပေ၊ခြောက်ထပ်ကြီး ဘုရား ရဲ့အမြင့် က ၅၂.၅ ပေ၊ကိုးထပ်ကြီး ဘုရားရဲ့ အမြင့် က ၇၂ပေ တို့ ဖြစ်ပါတယ်။

ငြမ်းဆင်တဲ့ အခါ ဝါးလုံး တစ်လုံး ရဲ့ အောက်ခြေကနေ ထိပ်ဖျားအထိကို မဆင်ပါဘူး။ထိပ်ဖျားက အရွယ်အစားသေးသွားတဲ့ အတွက် မခိုင်မှာ စိုးတဲ့ အတွက် ခိုင်တဲ့နေရာလောက်ထိပဲ ဆင်ပါတယ်။

အဲဒီတော့ဝါးလုံး ရဲ့အရှည် က ၁၂ ပေ လောက်ရှိပေမယ့် ငြမ်း ဆင်ရင်တော့ ရပေ ၈ပေ အကွာ အဝေးလောက် ပဲ
ရှိပါတယ်။

ဝင်္ဂဘာကန်ရှာပုံတော် အကြောင်းကိုလည်း ပြောပြချင်ပါတယ်။

ရန်ကုန်မြို့ ကန်တော်ကြီးနား ဗဟန်းရပ်မှာ ဝင်္ဂဘာကန်ကြီးရှိခဲ့ပါတယ်။ ၁၉၀၀ ဝန်းကျင် (၅) ထပ်ကြီးဘုရားအနီး ရွာငယ် (ဝင်္ဂဘာရွာ) ရဲ့ အဓိက ရေအရင်းအမြစ် ကန်ကြီးလည်း ဖြစ်ခဲ့ပါတယ်။

(၅) ထပ်ကြီးဘုရားဝန်းကျင်နေရာကို တောများရှုပ်ထွေးလွန်းသောကြောင့် ဝင်္ဂဘာအရပ်ဟု အရင်ကခေါ်တွင်ပါတယ်။ နှောင်းပိုင်း လူနေထူထပ်လာတာကတကြောင်း၊ကန်အပေါ် လူတွေရဲ့မှီတင်းမှုလည်း နည်းလာတာက

တ ကြောင်း၊ကန်ကြီးလည်း ကောပြီး မြက်ရိုင်းပင်ထူထပ်နေတဲ့ ကွက်လပ်ကြီး ဖြစ်နေပါပြီ။ထိုကန်နဲ့ ပတ်သတ်ပြီး သမိုင်းအချက်အလက် နည်းပါးလှပါတယ်။

အခုကန်နေရာကတော့ ဓမ္မဇောတိဝိပဿနာ ကျောင်းရဲ့ တစိတ်တပိုင်း ဖြစ်နေပါပြီ။ မူရင်းတင်ပြသူအားလေးစားစွာဖြင့်-ကူးယူဖော်ပြသည်