ၾကားသိသမွ်

အာဏာသိမ်းစစ်ခေါင်းဆောင် လာရောက်မည့်သန်လျင်မြို့တွင်ပေါက်ကွဲမှုဖြစ်

အာဏာသိမ်းစစ်ခေါင်းဆောင် လာရောက်မည့် ခရီးစဉ်ကြောင့် သန်လျင်မြို့တွင် ကြည်းတပ်မှ စစ်သားများပါ ချထားပြီး လုံခြုံရေးတင်းကျပ်

နေကြောင်း သန်လျင်ဒေသခံများက ဆိုသည်။

အာဏာမသိမ်းမီကတွေ့ရသော စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သန်လျင်ရေတပ်ခရီးစဉ်မတိုင်မီ ယမန် နေ့ (အောက်တိုဘာ ၅) ၌ သီလဝါ

စက်မှုဇုန် ဖွံ့ဖြိုးရေးလမ်းဆုံတွင် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့သည်။

ယနေ့ (စက်တင်ဘာ ၆) မွန်းလွဲပိုင်းတွင် သန်လျင်ရေတပ်၌ ကမ်းခြေစောင့်တပ်ဖွဲ့စည်းသည့် အခမ်းအနားကို စစ်ခေါင်းဆောင်တက်ရောက်

မည်ဟု သတင်းရသဖြင့် ၎င်းလာမည့် လမ်းကြောင်းတွင် မိုင်းဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သန်လျင်ပြည်သူ့ကာကွယ်ရေးတပ် (TLPDF)

တာဝန်ခံက Myanmar Now ကို ပြောသည်။

ယမန်နေ့ မနက် ၈ နာရီကျော်တွင် သီလဝါပြည်တွင်းစက်မှုဇုန်အနီး ဖွံ့ဖြိုးရေးလမ်းဆုံရှိ စစ်ဆေးရေးဂိတ်၌ မိုင်းပေါက်ကွဲခဲ့ပြီး အရာရှိတစ်

ဦး ပွဲချင်းပြီးသေဆုံးကာ အခြားအဆင့် စစ်သားတစ်ဦး သန်လျင်ဆေးရုံတွင် သေဆုံးခဲ့ကြောင်း၊ နောက်ထပ်စစ်သားတစ်ဦးမှာလည်း ဒဏ်ရာ

အပြင်းအထန်ရခဲ့ကြောင်း ၎င်းက ဆိုသည်။

“မိုင်းခွဲလိုက်တဲ့အချိန်မှာ ခွဲလိုက်တဲ့ အနီးအနားမှာတင် နှစ်ယောက်ရှိတယ်။ အရာရှိတစ်ယောက်နဲ့ နောက်တစ်ယောက်။ အရာရှိသေတယ်

ဆိုတာတော့ အတည်ပြုလို့ရတယ်။ တစ်ယောက်ကတော့ ဆေးရုံမှာ ဆုံးသွားပြီလို့ ကြားတယ်” ဟု ၎င်းက ပြောသည်။

ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သန်လျင်ရဲစခန်းကို မေးမြန်းစုံစမ်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။

သီလဝါစက်မှုဇုန်၌ အလုပ်လုပ်နေသည့် ဒေသခံတစ်ဦးက ပေါက်ကွဲသံကြားလိုက်ရကြောင်း၊ ပေါက်ကွဲချိန်တွင် ဖြတ်သန်းသွားလာနေသည့်

စက်ရုံဝန်ထမ်းများ စစ်ဆေးခံရပြီးနောက် လမ်းများပိတ်လိုက်ကြောင်း ပြောသည်။

“အခု သန်လျင်မှာက ဆိုင်ကယ်တွေကို အဖမ်းအဆီးများနေတယ်။ ဒီနေ့ကတော့ မအလတွေ သန်လျင်လာမယ်ဆိုလို့ လမ်း

တောက်လျှောက်ကတော့ ကြည်းတပ်ကကောင်တွေကို တွေ့တယ်” ဟု ၎င်းက ဆိုသည်။

သန်လျင်ရေတပ်တွင် ယခင်ရက်ပိုင်းက လက်နက်များ စမ်းသပ်ပစ်ခတ်နေသည်ဟု ယူဆရသော အသံများကြားရကြောင်း အထက်ပါ

ဒေသခံက ဆက်ပြောသည်။

ယမန်နေ့ ညနေပိုင်းက သီလဝါစက်မှုဇုန်နှင့် ရေကြောင်းတက္ကသိုလ်လမ်းဆုံအနီးရှိ ကညနရုံးတွင် မိုင်းပေါက်ကွဲခဲ့ပြီး သန်လျင်ပြည်သူ့

ကာကွယ်ရေးတပ်ကပင် လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ ကညနရုံးမိုင်းပေါက်ကွဲမှုတွင် လူ ထိခိုက်သေဆုံးမှု မရှိခဲ့ပေ။

သန်လျင်ပေါက်ကွဲမှုအပါအဝင် တိုက်ခိုက်ခံရမှုအများစုကို စစ်ကောင်စီက သတင်းအမှောင်ချထားလေ့ရှိသည်။

ယနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၅၀ တွင် သန်လျင်ရေတပ်၌ ကမ်းခြေစောင့်တပ်ဖွဲ့ဖွဲ့စည်းခြင်းနှင့် စစ်ရေယာဉ်လွှဲပြောင်းပေးအပ်ခြင်း တပ်

တော်ဝင်အခမ်းအနားကို ကျင်းပမည်ဖြစ်ပြီး အမြန်သွားတိုက်ခိုက်ရေးရေယာဉ် ၄၅ စီးနှင့် အခြားရေယာဉ် ၂ စီးကို လွှဲပြောင်းပေးအပ်မည်ဟု

တပ်တွင်းသတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။Source; Myanmar Now