အကြမ်းဖက်စစ်ကောင်စီတပ် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြိုးသန့် စစ်ခုံရုံးစစ်ကြောရေး၌ သေဆုံးသွားကြောင်း နီးစပ်
သူတစ်ဦး သတင်းပေးပြောဆိုသည်။
စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့ အကြောင်းပြချက်နှင့် စစ်ခုံရုံးတွင် စစ်ဆေးခံနေရချိန် စစ်ကြောရေး၌ လက်လွန်သွားသဖြင့် သေဆုံးခြင်းဖြစ်ကြောင်း
၎င်းမှ ဆက်လက်ပြောဆိုသည်။
ယခုလက်ရှိ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာတွင် သန်းလှိုင်အား ယာယီတိုင်းမှူးအဖြစ် ခန့်အပ်ထားကြောင်း သိရပြီး
ယင်းဒေသစစ်ဆင်ရေး၌ တေဇကျော်မှ တာဝန်ယူနေပြီဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းပြီနောက်ပိုင်း ၎င်းသေဆုံးသူ ဖြိုးသန့်အား အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး
အဖြစ် ရာထူးတိုးပေးပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ PDF တို့၏ တိုက်ခိုက်မှုများအား ပြန်လည်ချေမှုန်းနိုင်ခြင်းမရှိပဲ ထိခိုက်သေဆုံးမှု
များနေသဖြင့် စီမံခန့်ခွဲ့မှုညံ့ဖျင်းတဲ့ အကြောင်းပြချက်နှင့် စစ်ခုံရုံးတက်ရောက်ရခြင်းဖြစ်ကြောင်း သိရသည်။
Zawgyi
သွားကြောင်း နီးစပ်သူတစ်ဦးမှ သတင်းပေးပြောဆိုသည်။
ရသည်။