ၾကားသိသမွ်

အိုင်စီစီ အတွက် နောက်ထပ် တရားခံတဦး

အိုင်စီစီ အတွက် နောက်ထပ် တရားခံတဦး

(၁)အာဏာသိမ်း ကောင်စီ မှ ဒုပြည်ထဲရေး ဝန်ကြီး နှင့် ရဲချုပ် အဖြစ် ခန့်အပ်ထားသူ သန်းလှိူင်ဆိုသူအား PDF များ ထိန်းချုပ်ထားသည့် စစ်ကိုင်း တိုင်း နှင့် မကွေးတိုင်း ‌ဒေသကြီးများကို ပြန်လည် ထိန်းချုပ် နိုင်ရန် တာဝန်ပေးလိုက်ပြီဟု သိရသည်။

၎င်းနှင့်အတူ အိုင်စီစီ အမှုတွဲတွင် ပါဝင်လာဖို့ ရှိသူက တေဇကျော် ဆိုသူပင် ဖြစ်သည်။ လက်ရှိ စစ်တိုင်းမှုး ဖြိုးသန့် ဆိုသူအား တာဝန်မှ ရပ်ဆိုင်းလိုက်ပြီး အကျယ်ချုပ် ဖြင့် ထားရှိသည်ဟု အတည်မပြုနိုင်သော သတင်းများက ဆိုသည်။

အဆိုပါ ဒေသများ ကို အင်တာနက်များ ဖြတ်တောက်ထားပြီး ဖြစ်သည့်အပြင် စစ်ကောင်စီ၏အကြမ်းဖက် တပ်များမှ စစ်ကူများ ရောက်ရှိလာနေသည်ဟု သိရသည်။

အထက်က ခိုင်း၍ လုပ်ရပါသည် ဟု ဆိုကာ အသနားခံခွင့် ရှိနေသော လူများထဲတွင် သန်းလှိုင်တ ယောက်တော့ ပါဝင်ခွင့် ရှိမည်မဟုတ်ပေ။ မိမိအား ပေးထားသော အလုပ် ကို စိတ်ပါလက်ပါ လို လိုလားလား လုပ်ခြင်း မလုပ်ခြင်း က အသိသာကြီးပင်။

သန်းလှိုင် သည် ဆန္ဒထုတ်ဖေါ်ခဲ့ကြသော ပြည်သူများအား အကိုရင်းပါ မကျန် ရက်စက်စွာ သတ်ဖြတ်ခဲ့သူ ဟု နာမည်ကြီးနေသူ လည်း

ဖြစ်သည်၊ CDM ဝန်ထမ်းများ နှင့် ၎င်းတို့ အလိုရှိနေသည့် လူများ၏ မိသားစုများကို ဓါးစာခံ အဖြစ် ဖမ်းဆီးထားမှုများတွင်လည်း အဓိက နေရာမှ ပါဝင်ခဲ့သည်၊

မိသားစု ပေါင်းများစွာ၏ ဘဝများကို ဖျက်ဆီးခဲ့သူ ဖြစ်၍ ၎င်း၏ မိသားစုဝင်များလည်း လက်တုန့်ပြန် တိုက်ခိုက်ခံရမည့် အရေး နှင့် ကြုံနေရပြီ ဖြစ်သည်။

စစ်ကောင်စီ အဖွဲ့သားများသည်လည်း နေ့စဉ်လိုသတ် ဖြတ်ခံနေကြရာ မိမိတို့ အလှည့် ဘယ်နေ့ရောက်မလဲဟု စောင့်စားနေရသည့် အဖြစ်နှင့် ကြုံနေရပြီ ဖြစ်သည်၊

၎င်းတို့ အဖို့ သေရင်မြေကြီး ရှင်လျှင် ရွှေထီးဆောင်းမည် ဆိုသော မျှော်လင့်ချက်ကလေးကို ဆုတ်ကိုင်ရင်း အသက်ဆက်နေကြရသည်၊ သို့သော် ရှင်လျှင် ရွှေထီး ဆိုသည်က သန်းလှိုင် နှင့် တေဇကျော်တို့ကဲ့သို့သော လူမျိုးများ အတွက်သာ ဖြစ်သည်ကိုတော့ ရိပ်စားမိကြမည် မဟုတ်ပေ၊

သူတို့အဖို့ က အိမ်ထောင်သည် တန်း လျားထဲတွင် ကျောင်းစရိတ်၊ စားစရိတ်၊ ကလေး နို့မှုန့်ဖိုး အစရှိသည်များ နှင့် တိုက်ပွဲမကျ မခြင်း ရုန်းကန်သွားကြရမည်သာ ဖြစ်သည်။

(၂)‌နိုင်ငံတော် အတိုင်ပင်ခံ၏ “All absurd!” ဆိုသော ပြတ်သားစွာ ငြင်းဆိုလိုက်မှု နှင့် သူမဖက်က သက်သေ ဟူ၍ တဦးတယောက်မျှ ခေါ်

မည် မဟုတ်ပဲ ကိုယ်တိုင် ခုခံ ချေပသွားမည်ဆိုသော သတင်းများသည် ကမ္ဘာသတင်းမီဒီယာ များ တွင် ပါရှိလာပြီ ဖြစ်သည်။

ထို့အတွက် စစ်ကောင်စီ ၏ တရားသူကြီး၊လုပ်ကြံသက် သေ များဖြင့် သာ တဖက်သတ် အမိန့်ချမှတ်ရတော့မည့် ဖြစ်၍ ကမ္ဘာအလည်တွင်‌ နောက်ထပ် အရှက်တ ကွဲ အကျိုးနည်းဖို့ နှင့် ကြုံရကိန်း ဆိုက်လာပြန်သည်။

အမေရိကန် သမ္မတ အိုဘားမားကပင် My hero ဟု ထုတ်ဖေါ်ပြောဆိုရသည့် ကမ္ဘာခေါင်းဆောင်များ၏ လေး စားခံရသော ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ အမျိုးမျိုး နှင့် လီဆယ် လုပ်ကြံနေမှုသည် လွန်စွာ အမျှော် အမြင်ကင်းမဲ့သော လုပ်ရပ်ဖြစ်သည်။

ထိုသို့ နိုင်ငံတ ကာ လက်ခံ ကျင့်သုံးနေသော တရားစီရင်ရေး လမ်းကြော င်းအား ပြောင်ပြောင်တင်းတင်းပင် ပမာမခန့် ပြုလာသော ၎င်းတို့

အဖွဲ့အား ကမ္ဘာပေါ်ရှိ မည်သည့် အစိုး ရကမျှ တလေးတစား ဆက်ဆံခြင်း ခံရမည် မဟုတ်သည့် အပြင် ပြည်သူ တရပ်လုံး အား ထိတ်တိုက် ဆန့်ကျင်လိုက်သည့် လုပ်ရပ်ကို ကျုးလွန်လိုက်ခြင်းသာ ဖြစ်သည်။

ဤသည်က ဒေါ်အောင်ဆန်းစုကြည် ပေးလိုသောမက်ဆေ့ပင်၊၊ အာဏာသိမ်း အဖွဲ့သည် အပြစ် မရှိသော သူမအတွက် မည်သို့မျှ သိက္ခာရှိသော တရားခွင်တခု ဖန်တီးနိုင်မည် မဟုတ်သည်ကို ကောင်းစွာ သိထားသူဖြစ်သည်။

သူမသာ တရားရင်ဆိုင်ခြင်း မရှိက နိူင်ငံတကာ အနေဖြင့် သို့လော သို့လော ဖြစ်နိုင်ပေသေးသည်။ ယခုတော့ kangaroo court လံကြုတ်တရားးခွင် ဖြစ်ကြောင်း လက်တွေ့ကျကျ တင်ပြနိုင်ခဲ့ပြီဖြစ် သည်။

တကမ္ဘာလုံးကလည်း နိုဘဲငြိမ်းချမ်းရေး ဆုရှင်တဦး အပေါ် ဘာဆက်လုပ်မည်လဲ ဆိုသည်ကို စိတ်ဝင် စားစွာ ‌စောင့်ကြည့်ရမှန်း သိလာကြပြီ ဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံသည် အောက်တိုဘာ ၂၆ ရက်နေ့တွင် ကိုယ်တိုင်‌ လျှောက်လှဲချက် တင်သွင်းမည် ဖြစ် သည်ဟု သိရသည်။ထိုသို့သော လုပ်ရပ်မျိုးကို ပါးရည် နပ်ရည် ရှိသော ဗိုလ်သန်းရွှေသည် ကျူးလွန်ဖို့ စိတ်ကူးထဲတွင် မထည့်ရဲ‌ခဲ့ပေ၊

နောက်ဆုံး ၂၀၁၀ ရွေးကော က်ပွဲ မတိုင်မီ လွှတ်ရမည့် အရေး ကြုံလာ၍ ကြက်တော နှင့် အမှုဆင်ခဲ့ရခြင်းမျိုးသာ ရှိသည်။၎င်းတို့၏ ရွေး

ကောက်ပွဲ သည် အလိမ်အညာ များဖြင့် ပြီးဆုံးသွားခဲ့ပြီဟု တကမ္ဘာလုံး က ဆူညံစွာ ဝေဖန် ပြောဆိုလာနေကြ၍ အရှက်တကွဲ ဖြစ်လာနေမှုကို သက်သာလို သက် သာငြား ဒေါ်အောင်ဆန်းစုကြည်အား တပတ်အတွင်း ပြန်လွှတ်ပေးခဲ့ရသည်။

မင်းအောင်လှိုင်တို့ လင်မယား၏ အညိုးကား ကျိုးကြောင်း ဆီလျှော်စွာ သုံးသပ်နိုင်မှု ကို ကျော်လွှားသွားခဲ့ခြင်းပင် ဖြစ်သည်၊ ၎င်း၏ အဖွဲ့လုံးသည်လည်း မပြောရဲ၍ ကြည့်နေရသည်၊

အားလုံးလည်း သေနတ်တချက် မဖေါက်ရသေးခင်မှာပင် ဝေါ်ကီတော်ကီ အမှုဖြင့် ပြည်တွင်း ပြည်ပတွင် သိက္ခာကျဆင်းသွားရပေတော့ သည်။

လွတ်လပ်ရေး ရပြီး နောက်ပိုင်း လူထု ထောက်ခံမှု အရဆုံး၊ အင်အား အကြီးမားဆုံး ပျောက်ကြားတော် လှန်ရေး ကြီး နှင့် မင်းအောင်လှိုင်

၏ အဖွဲ့ ရင်ဆိုင်နေရပြီ ဖြစ်သည်။စက်တင်ဘာလ အတွင်း ဧရာဝတီ တိုင်း နှင့် ရခိုင်ပြည်နယ်က လွဲ၍ တနိုင်ငံလုံးတွင် ကျဆုံးသော စစ်ကောင်စီ တပ်သား ၅၃၉ ဦး ရှိကြောင်း ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။

သို့သော် မင်းအောင်လှိုင်သည် ၎င်းသည် သာသနာပြု မင်းကောင်းမင်းမြတ် ဖြစ်ကြောင်းကို အခွင့်ထူးခံ သင်္ကန်းခြုံများ နှင့် ပေါင်းကာ လုပ်ကြံ မှိုင်းတိုက်ရန် ကြိုးစားနေဆဲပင် ဖြစ်သည်။တော်လှန်ရေးကြီး အောင်ရမည်!!!HlaSoeWai