ၾကားသိသမွ်

ကျောက်ဆည်ခရိုင်တွင် ဒုတိယအကြိမ် ရထားမိုင်းခွဲတိုက်ခိုက်ခံရ

ကျောက်ဆည်ခရိုင်တွင် ဒုတိယအကြိမ် ရထားမိုင်းခွဲတိုက်ခိုက်ခံရ
မန္တလေးတိုင်း ကျောက်ဆည်ခရိုင်အတွင်း ယနေ့ညနေပိုင်းက ရထားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ခရိုင်အတွင်း ဒုတိယအကြိမ်မြောက်
ရထားတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။
ယနေ့ အောက်တိုဘာလ (၅)ရက် ညနေခြောက်နာရီခန့်တွင် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စမ္မာတံတားအနီး ရထားတွဲတစ်ခု မိုင်းခွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
” အဓိကကတော့ စစ်ကောင်စီရဲ့ ယန္တရားတွေကို ရပ်တန့်သွားစေဖို့ ရည်ရွယ်ထားတာပါခင်ဗျ။ နေရာက မြစ်သားမြို့တောင်ဘက်အထွက် စ
မ္မာတံတားနားမှာပါ။ ရထားကတော့ စစ်ရထားဖြစ်မယ်လို့ ထင်ပါတယ်ခင်ဗျ ” ဟု မြစ်သား PDF နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီ၏ အသုံးအဆောင်တင်သည့် ရထားတွဲဖြစ်သည်ဟု သိရပြီး ရထားနောက်တွဲ ထိခိုက်ပျက်စီး သွားကြောင်း မြစ်သား PDF နှင့် နီးစပ်သူ အခြားနောက်တစ်ဦးကလည်း ပြောသည်။
စက်တင်ဘာလ (၁၉)ရက်က ပတ္တာရွာအနီးတွင် မိုင်းခွဲတိုက်ခိုက်ခံရသည့် ရထား
ပြီးခဲ့သည့် စက်တင်ဘာ (၁၉)ရက်ကလည်း ကျောက်ဆည်မြို့နယ် ပတ္တာရွာအနီး မန္တလေး-ရန်ကုန် စာပို့ရထားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံခဲ့ရ
ပြီး စစ်ကောင်စီ၏ ထောက်ပို့ရထားများကို တိုက်ခိုက်ရန်စီစဉ်ထားသည့် ၎င်းတို့အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ကျောက်ဆည်ပြည်သူ့
ကာကွယ်ရေးတပ်ဖွဲ့ (KPDF) က ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ရိက္ခာ၊ လက်နက် သယ်ယူပို့ဆောင်ရေး ပြုလုပ်ရာတွင် ရထားကိုသာ ဦးစားပေး အသုံးပြုနေသည်ကို သတိပြုနိုင်ရန်
အသိပေးကြောင်းလည်း KPDF က ထုတ်ပြန်ထားသည်။
Zawgyi
ေက်ာက္ဆည္ခရိုင္တြင္ ဒုတိယအႀကိမ္ ရထားမိုင္းခြဲတိုက္ခိုက္ခံရ
မႏၲေလးတိုင္း ေက်ာက္ဆည္ခရိုင္အတြင္း ယေန႔ညေနပိုင္းက ရထားတစ္စီး မိုင္းခြဲတိုက္ခိုက္ခံခဲ့ရၿပီး ခရိုင္အတြင္း ဒုတိယအႀကိမ္ေျမာက္ ရထားတိုက္ခိုက္ခံရျခင္း ျဖစ္ေၾကာင္း မွတ္တမ္းမ်ားအရ သိရသည္။
ယေန႔ ေအာက္တိုဘာလ (၅)ရက္ ညေနေျခာက္နာရီခန႔္တြင္ ေက်ာက္ဆည္ခရိုင္၊ ျမစ္သားၿမိဳ႕နယ္ စမၼာတံတားအနီး ရထားတြဲတစ္ခု မိုင္းခြဲတိုက္ခိုက္ခံရၿပီး ထိခိုက္ေသဆုံးမႈ မရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
” အဓိကကေတာ့ စစ္ေကာင္စီရဲ့ ယႏၲရားေတြကို ရပ္တန႔္သြားေစဖို႔ ရည္ရြယ္ထားတာပါခင္ဗ်။ ေနရာက ျမစ္သားၿမိဳ႕ေတာင္ဘက္အထြက္ စ
မၼာတံတားနားမွာပါ။ ရထားကေတာ့ စစ္ရထားျဖစ္မယ္လို႔ ထင္ပါတယ္ခင္ဗ် ” ဟု ျမစ္သား PDF ႏွင့္ နီးစပ္သူတစ္ဦးက ေျပာဆိုသည္။
စစ္ေကာင္စီ၏ အသုံးအေဆာင္တင္သည့္ ရထားတြဲျဖစ္သည္ဟု သိရၿပီး ရထားေနာက္တြဲ ထိခိုက္ပ်က္စီး သြားေၾကာင္း ျမစ္သား PDF ႏွင့္ နီးစပ္သူ အျခားေနာက္တစ္ဦးကလည္း ေျပာသည္။
ၿပီးခဲ့သည့္ စက္တင္ဘာ (၁၉)ရက္ကလည္း ေက်ာက္ဆည္ၿမိဳ႕နယ္ ပတၱာရြာအနီး မႏၲေလး-ရန္ကုန္ စာပို႔ရထားတစ္စီး မိုင္းခြဲတိုက္ခိုက္ခံခဲ့ရၿပီး
စစ္ေကာင္စီ၏ ေထာက္ပို႔ရထားမ်ားကို တိုက္ခိုက္ရန္စီစဥ္ထားသည့္ ၎တို႔အဖြဲ႕၏ လက္ခ်က္ျဖစ္ေၾကာင္း ေက်ာက္ဆည္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (KPDF) က ထုတ္ျပန္ထားသည္။
စစ္ေကာင္စီသည္ ရိကၡာ၊ လက္နက္ သယ္ယူပို႔ေဆာင္ေရး ျပဳလုပ္ရာတြင္ ရထားကိုသာ ဦးစားေပး အသုံးျပဳေနသည္ကို သတိျပဳနိုင္ရန္ အသိေပးေၾကာင္းလည္း KPDF က ထုတ္ျပန္ထားသည္။