ၾကားသိသမွ်

နေပြည်တော်ရှိ ရဲကွာရန်တင်းစင်တာများတွင် မိမိစားရိတ်ဖြင့် Q ဝင်နေရသောရဲများစားရေး သောက်ရေးအဆင်မပြေ

နေပြည်တော်ရှိ ရဲကွာရန်တင်းစင်တာများတွင် မိမိစားရိတ်ဖြင့် Q ဝင်နေရ
စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ နေပြည်တော်ရဲတပ်ဖွဲ့ဝင်များနှင့် နေပြည်တော်သို့ အခြားဒေသများမှ လာ
ရောက်သည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် နေပြည်တော်ရဲတပ်ရင်း ကွာရန်တင်း စင်တာများတွင် မိမိစားစရိတ်ဖြင့် ကွာရန်တင်းဆယ်ရက်ဝင်ရ
သော်လည်းစားရေး သောက်ရေးအဆင်ပြေမှုမရှိကြောင်း ရဲတပ်ဖွဲ့အသိုင်း အဝိုင်းထံက သိရသည်။
နေပြည်တော်တွင် ကွာရန်တင်းစင်တာအဖြစ်သတ်မှတ်ထားသော ရဲတပ်ရင်း ၃ ခုရှိပြီး Q ဝင်ရသည့်ရဲဝန်ထမ်းများအနေဖြင့် ဆယ်ရက်စာ
တစ်သောင်းရှစ်ထောင်ကျပ် စားစရိတ်ပေးသွင်းရကြောင်း သိရသည်။
” နေပြည်တော်ကို တာဝန်တခုနဲ့ခဏလာတာ။ Q ဆယ်ရက်ဝင်ရတယ်။ စားစရိတ် တစ်သောင်းရှစ် ထောင်သွင်းခိုင်းတယ်။ ကျွေးတော့
မနက်ည ရေ လုံပြုတ်နဲ့ အဆင်မပြေဘူး။ ပိုးတွေ့ရင်တပ်ရင်း ၁၈ ကိုပို့တယ်။ အဲ့ဒီမှာက positive သီးသန့်ကုတာပေါ့။ အဲ့ဒီကျရင်လည်း
တစ်ခါထပ်သွင်းရသေးတယ်ပြောတယ်။” ဟု နေပြည်တော် သာဝတ္ထိအခြေစိုက် ရဲတပ်ရင်း(၁၇)တွင် ကွာရန်တင်းဝင်ခဲ့သည့် ရဲဝန်ထမ်းတဦးက ဆိုသည်။
ယခင်အရပ်သားအစိုးရလက်ထပ် နေပြည်တော် သို့ ဝင်ရောက်သူများအနေဖြင့် အစိုးရဝန်ထမ်းများဖြစ်ပါက သက်ဆိုင်ရာကွာရန်တင်းစင်
တာများတွင် ငွေကြေးတစုံတရာမပေးသွင်းရဘဲ နေ ထိုင်စား သောက်ရေး အစအဆုံးအဆင်ပြေခဲ့ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
လက်ရှိတွင် စစ်ကောင်စီအနေဖြင့် နေပြည်တော်သို့ဝင်ရောက်လာသူများအနေဖြင့် မည်သူမဆို Stay Home သတ်မှတ်ထားသည့်မြို့များမှ
ဖြစ်ပါက မိမိစား ရိတ်ဖြင့် ကွာရန်တင်းဝင်၍ စောင့်ကြည့် စစ်ဆေးပြီးမှသာ ဝင်ရောက်ခွင့်ပြုကြောင်း သိရသည်။