ၾကားသိသမွ်

စစ်ကိုင်းတိုင်းကို အရာရှိနှစ်ဦးဖြင့်စစ်ဆင်ရေးပြုလုပ်မည် ၊ ယခင်တိုင်းမှုးကို နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းထား

စစ်ကိုင်းတိုင်းကို အရာရှိနှစ်ဦးဖြင့်စစ်ဆင်ရေးပြုလုပ်မည် ၊ ယခင်တိုင်းမှုးကို နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းထား

စစ်ကိုင်းတိုင်းဒေသကြီးမှာ လက်နက်စွဲကိုင် တိုက်ပွဲဖြစ်သည့်နေရာတွေကို အရာရှိနှစ်ဦးနှင့်အတူ စစ်ဆင်ရေးတွေ ပြုလုပ်မယ်လို့ တပ်

အသိုင်းအဝိုင်းမှ သိရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုး ဗိုလ်မှုးချုပ်ကျော်သန့်ကို တပ်အတွင်းနေအိမ်မှာဖမ်းဆီးထားပြီးနောက် ပြည်ထဲရေးဝန်ကြီးနှင့်

ရဲချုပ်တာဝန်ယူထားသူ အမှတ်(၆) စစ်ဆင်ရေးအထူးအဖွဲ့မှုး ဒုတိယဗိုလ်ချုပ်ကြီး ရဲချုပ်သန်းလှိုင်နှင့်အတူ အမှတ်(၁) စစ်ဆင်ရေးအထူး

အဖွဲ့မှုး ဒုဗိုလ်ချုပ်တေဇကျော်တို့မှ စစ်ကိုင်းတိုင်းအတွက် စစ်ဆင်ရေးဆောင်ရွက်မှုတွေပြုလုပ်မည်လို့ တပ်အသိုင်းအဝိုင်းက ပြောပါတယ်။

ယခင်ဗိုလ်မှုးချုပ်ကျော်သန့်သည် စစ်ကိုင်းတိုင်းအတွင်းမှာ တိုက်ပွဲဖြစ်ပွါးဆုံးဒေသဖြစ်ပြီး စစ်ကောင်စီတပ်သားတွေအကျဆုံးများသည့်

တိုင်းဖြစ်သည့်အတွက် ၎င်းကိုရာထူးမှထုတ်ပယ်ပြီး တပ်အတွင်းနေအိမ်အကျယ်ချုပ် ချခံလိုက်ရပါတယ်။

အမြှောက်တပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်ဝင်းနဲ့ သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်လွင်တို့လည်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ် မုံရွာမြို့ကိုရောက်ရှိနေပြီဖြစ်တယ်လို့ ခိုင်လုံတဲ့တပ်သတင်းရင်းမြစ်က ဆိုပါတယ်။

ဒါ့အပြင် အမှတ်(၁)စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်ဟာ စက်တင်ဘာလပိုင်းကတည်းက မုံရွာကိုရောက်ရှိနေ

တာဖြစ်တယ်လို့ သိရသည်။

ဒုဗိုလ်ချုပ် ရဲမှုးသန်းလှိုင်သည် မုံရွာမြို့ သပိတ်ဖြိုခွင်းမှုတွေကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြဿာဒ်ကျောင်းသပိတ်ဖြိုခွင်းမှုကို ဦးဆောင်၍

ယခုအခါ ယာယီဒုဗိုလ်ချုပ်မှုးကြီး ရာထူးခန့်အပ်ထားသည်လို့ သိရသည်။

Zawgyi

စစ္ကိုင္းတိုင္းကို အရာရွိႏွစ္ဦးျဖင့္စစ္ဆင္ေရးျပဳလုပ္မည္ ၊ ယခင္တိုင္းမႈးကို ေနအိမ္အက်ယ္ခ်ဳပ္ျဖင့္ ဖမ္းဆီးထိန္းသိမ္းထား

စစ္ကိုင္းတိုင္းေဒသႀကီးမွာ လက္နက္စြဲကိုင္ တိုက္ပြဲျဖစ္သည့္ေနရာေတြကို အရာရွိႏွစ္ဦးႏွင့္အတူ စစ္ဆင္ေရးေတြ ျပဳလုပ္မယ္လို႔ တပ္အသိုင္းအဝိုင္းမွ သိရသည္။

အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႈး ဗိုလ္မႈးခ်ဳပ္ေက်ာ္သန္႔ကို တပ္အတြင္းေနအိမ္မွာဖမ္းဆီးထားၿပီးေနာက္ ျပည္ထဲေရးဝန္ႀ

ကီးႏွင့္ရဲခ်ဳပ္တာဝန္ယူထားသူ အမွတ္(၆) စစ္ဆင္ေရးအထူးအဖြဲ႕မႈး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲခ်ဳပ္သန္းလွိုင္ႏွင့္အတူ အမွတ္(၁) စစ္ဆင္ေရးအထူး

အဖြဲ႕မႈး ဒုဗိုလ္ခ်ဳပ္ေတဇေက်ာ္တို႔မွ စစ္ကိုင္းတိုင္းအတြက္ စစ္ဆင္ေရးေဆာင္ရြက္မႈေတြျပဳလုပ္မည္လို႔ တပ္အသိုင္းအဝိုင္းက ေျပာပါတယ္။

ယခင္ဗိုလ္မႈးခ်ဳပ္ေက်ာ္သန္႔သည္ စစ္ကိုင္းတိုင္းအတြင္းမွာ တိုက္ပြဲျဖစ္ပြါးဆုံးေဒသျဖစ္ၿပီး စစ္ေကာင္စီတပ္သားေတြအက်ဆုံးမ်ားသည့္ တိုင္းျဖစ္သည့္အတြက္ ၎ကိုရာထူးမွထုတ္ပယ္ၿပီး တပ္အတြင္းေနအိမ္အက်ယ္ခ်ဳပ္ ခ်ခံလိုက္ရပါတယ္။

အေျမႇာက္တပ္ဖြဲ႕ညႊန္ၾကားေရးမႉး ဗိုလ္ခ်ဳပ္ေဇာ္ဝင္းနဲ႔ သံခ်ပ္ကာယႏၲရားတပ္ဖြဲ႕ညႊန္ၾကားေရးမႉး ဗိုလ္ခ်ဳပ္ေဇာ္လြင္တို႔လည္းအေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ မုံရြာၿမိဳ႕ကိုေရာက္ရွိေနၿပီျဖစ္တယ္လို႔ ခိုင္လုံတဲ့တပ္သတင္းရင္းျမစ္က ဆိုပါတယ္။

ဒါ့အျပင္ အမွတ္(၁)စစ္ဆင္ေရး အထူးအဖြဲ႕မႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီးေတဇေက်ာ္ဟာ စက္တင္ဘာလပိုင္းကတည္းက မုံရြာကိုေရာက္ရွိေနတာျဖစ္တယ္လို႔ သိရသည္။

ဒုဗိုလ္ခ်ဳပ္ ရဲမႈးသန္းလွိုင္သည္ မုံရြာၿမိဳ႕ သပိတ္ၿဖိဳခြင္းမႈေတြကို ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔က ျပႆာဒ္ေက်ာင္းသပိတ္ၿဖိဳခြင္းမႈကို ဦးေဆာင္၍ ယခုအခါ ယာယီဒုဗိုလ္ခ်ဳပ္မႈးႀကီး ရာထူးခန္႔အပ္ထားသည္လို႔ သိရသည္။