လက်ရှိ အဂတိလိုက်စားမှု ၅ မှုနဲ့ တရားစွဲခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် အဂတိလိုက်စားမှု ၃ မှု
တိုးဖို့ စစ်ကောင်စီဘက် က ပြင်ဆင်နေတယ်လို့ VOA သတင်းမှာဖော်ပြထားပါတယ်။ အမှုဖွင့် တရားစွဲနိုင်ဖို့ အဂတိလိုက်စားမှု တိုက်ဖျက်
ရေးကော်မရှင်က စုံစမ်းနေတာမှာ ကနဦးစစ်ဆေး ချက်ယူဖို့ဆင့်ခေါ်စာပို့ထားတယ်လို့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ထဲက တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။အမှု စွဲဖို့ပေါ့။ ပထမ
အဂတိက စုံစမ်းတယ်ဗျ။ အမှု မစွဲခင်မှာလေ၊ အမှု တခုတည်း မဟုတ်ဘူး၊ ၃ မှုဗျ။ ဆင့်စာ အဲဒီဘက်ကခေါ်တာဗျ။၃ မှုခေါ်တာဗျ။ ကျနော်
တို့လည်းကောင်းကောင်းမသိဘူး။သူကလည်းပဲ ရှေ့နေတွေ…ကျနော်တို့ကို မလွှတ်ဘူး၊
သူ့ကိုမေးချင်လာမေးလို့ ရတာပဲ။သူဘယ်မှရှောင်လွှဲလို့ ရတာလည်းမဟုတ်ဘဲတဲ့- အဲလိုပြောပါတယ်။ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်
ဖြစ်စေ လွှတ်ရမယ် ပြောတာကို။လေယာဉ်ပျံငှားပြီးတော့ အချိန်ပြည့် မစီးလို့ ဆိုတာပါတယ်။လေယာဉ်ပျံငှားပြီးတော့ပေါ့။ တခုက အဲဒါပါ
တယ်။ တခုက ကျွန်းသစ်ဆိုလားမသိဘူးဗျ။ ကျွန်းသစ်တဲ့ ဗျ။ ကျနော် တို့ကြားလိုက်တာကိုပြောတာပါ။
စစ်ကောင်စီရဲ့ အဂတိလိုက်စားမှုကော်မရှင်က စုံစမ်းနေတဲ့ အကြောင်းအချက် အသေးစိတ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ မသိရ
သေးပါဘူး။
Zawgyi
လက္ရွိ အဂတိလိုက္စားမႈ ၅ မႈနဲ႔ တရားစြဲခံထားရတဲ့ နိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကို ေနာက္ထပ္ အဂတိလိုက္စားမႈ ၃ မႈ
တိုးဖို႔ စစ္ေကာင္စီဘက္ က ျပင္ဆင္ေနတယ္လို႔ VOA သတင္းမွာေဖာ္ျပထားပါတယ္။ အမႈဖြင့္ တရားစြဲနိုင္ဖို႔ အဂတိလိုက္စားမႈ
တိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းေနတာမွာ ကနဦးစစ္ေဆး ခ်က္ယူဖို႔ဆင့္ေခၚစာပို႔ထားတယ္လို႔
ေဒၚေအာင္ဆန္းစုၾကည္ရဲ့ ေရွ႕ေနအဖြဲ႕ထဲက တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္က ဗြီအိုေအကို ေျပာပါတ
ယ္။အမႈ စြဲဖို႔ေပါ့။ ပထမ အဂတိက စုံစမ္းတယ္ဗ်။ အမႈ မစြဲခင္မွာေလ၊ အမႈ တခုတည္း မဟုတ္ဘူး၊ ၃ မႈဗ်။ ဆင့္စာ အဲဒီဘက္ကေခၚတာဗ်။
၃ မႈေခၚတာဗ်။ က်ေနာ္ တို႔လည္းေကာင္းေကာင္းမသိဘူး။သူကလည္းပဲ ေရွ႕ေနေတြ…က်ေနာ္တို႔ကို မလႊတ္ဘူး၊
သူ႔ကိုေမးခ်င္လာေမးလို႔ ရတာပဲ။သူဘယ္မွေရွာင္လႊဲလို႔ ရတာလည္းမဟုတ္ဘဲတဲ့- အဲလိုေျပာပါတယ္။ ကိုယ္တိုင္ျဖစ္ေစ၊ ကိုယ္စားလွ
ယ္ျဖစ္ေစ လႊတ္ရမယ္ ေျပာတာကို။ေလယာဥ္ပ်ံငွားၿပီးေတာ့ အခ်ိန္ျပည့္ မစီးလို႔ ဆိုတာပါတယ္။ေလယာဥ္ပ်ံငွားၿပီးေတာ့ေ
ပါ့။ တခုက အဲဒါပါတယ္။ တခုက ကၽြန္းသစ္ဆိုလားမသိဘူးဗ်။ ကၽြန္းသစ္တဲ့ ဗ်။ က်ေနာ္ တို႔ၾကားလိုက္တာကိုေျပာတာပါ။
စစ္ေကာင္စီရဲ့ အဂတိလိုက္စားမႈေကာ္မရွင္က စုံစမ္းေနတဲ့ အေၾကာင္းအခ်က္ အေသးစိတ္ကို ေဒၚေအာင္ဆန္းစုၾကည္ရဲ့ ေရွ႕ေနေ
တြ မသိရေသးပါဘူး။